WTA တင်းနစ်ပြိုင်ပွဲ ဘယ်ဂျီယမ်တင်းနစ်မယ် ကင်ကလိုက် စတား ဗိုလ်စွဲ

alt

WTA​ တင်း​နစ်​ပြိုင်​ပွဲ​တွင်​​ ​ဘယ်​ဂျီ​ယမ်​ ​တင်း​နစ်​မယ်​​ ​ကင်​က​လိုက်​စ​တား​က​​ ​ဗိုလ်​စွဲ​သွား​ကြောင်း​​ ​သိ​ရ​သည်​။​ ​အ​သက်​​ ​၂၇​ ​နှစ်​ရှိ​ ​က​လိုက်​စ​တား​သည်​ ဦး​စား​ပေး​ ​ထိပ်​ဆုံး​အ​ဆင့်​ ​သ​တ်​မှတ်​ခံ​ရ​သူ​ ​ဒိန်း​မတ်​တင်း​နစ်​မယ်​ ​ကာ​ရို​လိုင်း​ ​ဝေါ့​ဇ​နစ်​စ​ကီး​အား

​ ​အောက်​တို​ဘာ​ ​၃၁​ ​ရက်​နေ့​ ​ဗိုလ်​လု​ပွဲ​တွင်​ ​၆-၃​၊​ ​၅-၇​၊​ ​၆-၃​ ​ဖြင့်​ ​အ​နိုင်​ရ​ကာ​ ​ဗိုလ်​စွဲ​နိုင်​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​၂၀၀၉​ ​ခု​နှစ်​အ​ တွင်း​က​ ​ကာ​လ​အ​တန်​ကြာ​ ​အ​နား​ယူ​နေ​ခဲ့​သည့်​ ​က​လိုက်​စ​တာ​အ​တွက်​ ​ဆ​ဌ​မ​မြောက်​ ​ဆု​ဖ​လား​ကို​ ​ဆွတ်​ခူး​နိုင်​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​ဝေါ့​ဇ​နစ်​စ​ကီး​နှင့်​ ​ယှဥ်​ပြိုင်​ရ​သော​ ​ပွဲ​စဥ်​သည်​ ​ကြမ်း​တမ်း​ခက်​ခဲ​ လှ​ကြောင်း​ ​က​လိုက်​စ​တာ​က​ ​ဝန်​ခံ​ခဲ့​သည်​။​

​အ​သက်​ ​၂၀​ ​အ​ရွယ်​ ​ဝေါ့​ဇ​နစ်​စ​ကီး​သည်​ ​ယ​ခု​ပွဲ​တွင်​ ​ဗိုလ်​စွဲ​ရန်​ ဦး​စား​ပေး​အ​ဆင့်​ ​၁​ ​အ​ဖြစ်​ ​သတ်​မှတ်​ခံ​ထား​ရ​သည်​မှာ​ ​ထိုက်​တန်​ကြောင်း​ ​က​လိုက်​စ​ တား​က​ဆို​သည်​။​ ​ဝေါ့​ဇ​နစ်​စ​ကီး​က​လည်း​ ​ဗိုလ်​စွဲ​ခဲ့​သော​ ​က​လိုက်​စ​တား​အား​ ​ချီး​ကျူး​ခဲ့​သ​လို​ ​သူ​မ​အ​နေ​နှင့်​ ​ယ​ခု​ပွဲ​တွင်​ ​ဗိုလ်​မ​စွဲ​သည့်​အ​တွက်​ ​စိတ်​မ​ပျက်​မိ​ကြောင်း​ ​ပြော​ကြား​သွား​သည်​။​

​၂၀၁၀​ ​ အ​တွင်း​ ​ချန်​ပီ​ယံ​ဆု​ ​၆​ ​ခု​ထိ​ ​ရ​ခဲ့​သ​လို​ ​မိ​မိ​ကိုယ်​ကိုယ်​ ​ယုံ​ကြည်​မှု​ ​တည်​ဆောက်​နိုင်​ခဲ့​ကြောင်း​ ​ဒိန်း​မတ်​၏​ ​တက်​သစ်​စ​ ​တင်း​နစ်​ကြယ်​ပွင့်​က​ဆို​သည်​။​ ​သူ​မ​အ​နေ​နှင့်​ ​လေ့​ကျင့်​မှု​များ​ ​ပြင်း​ပြင်း​ထန်​ ထန်​ ​ပြု​လုပ်​ခဲ့​ကြောင်း​၊​ ​တစ်​ရာ​သီ​လုံး​ ​စွမ်း​ဆောင်​နိုင်​ခဲ့​ခြင်း​များ​အား​ ​ကျေ​နပ်​မိ​ကြောင်း​ ​ဝေါ့​ဇ​နစ်​စ​ကီး​က​ ​ပြော​ဆို​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here