နည်းပညာဆိုင်ရာ မူပိုင်ခွင့်ချိုးဖောက်မှုဖြင့် Apple က Motorola ကို တရားစွဲ

alt

Multitouch​ ​နည်း​ပ​ညာ​ဆိုင်​ရာ​​ ​မူ​ပိုင်​ခွင့်​ ​ချိုး​ဖောက်​သည်​ဟူ​သော​​ ​စွပ်​စွဲ​မှု​ဖြင့်​ Apple​​ က​​ Motorola​ ​ကု​မ္ပ​ဏီ​အား​​ ​တ​ရား​စွဲ​လိုက်​ကြောင်း​​ ​သိ​ရ​သည်​။​ Apple​​ က​ ​မို​ဘိုင်း​ဖုန်း​​ ကု​ မ္ပ​ဏီ​ဖြစ်​သော​ Motorola​​ သည်​​ ၎င်း​တို့​၏​ Multitouch​ ​နည်း​ပ​ညာ​ ​အ​ပါ​အ​ဝင်​ ​

အ​ခြား​သော​ Touchscreen​ ​နည်း​ပ​ညာ​များ​ကို​ Android​ OS​​ သုံး​ ​ဖုန်း​များ​အ​တွင်း​ ​ထည့်​သွင်း​နေ​ကြောင်း​ ​အ​ရေး​ ဆို​ထား​သည်​။

​အ​မေ​ရိ​ကန်​နိုင်ငံ​ ​ဝင်​ကို​ဆင်း​ရှိ​ ​တ​ရား​ရုံး​တွင်​ ​လျှောက်​ထား​သော​ ​စွဲ​ချက်​အ​ရ​ Apple​​ သည်​ Motorola​ ​၏​ Droid​၊​ Droid​ X​၊​ Droid​ 2​​ စ​သော​ ​ဖုန်း​များ​အ​တွင်း​ ​ယင်း​တို့​၏​ ​နည်း​ပ​ ညာ​ကို​ ​မူ​ပိုင်​ခွင့်​ချိုး​ဖောက်​ကာ​ ​သုံး​စွဲ​ထား​သည်​ဟု​ ဦး​တိုက်​လျှောက်​ထား​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။​ Droid​​ ဖုန်း​သည်​ Google​​ ထုတ်​ Android​ OS​ ​ကို​ ​ေ​ဈး​ကွက်​ဝေ​စု​ ​ကြီး​မား​စွာ​ ​ရ​ရှိ​စေ​ခဲ့​ပြီး​ Verizon​ ​၏​ ​တာ​ဝန်​ယူ​ ​ရောင်း​ချ​မှု​များ​​ အ​ရ​ ​အောင်​မြင်​မှု​ ​ရ​ရှိ​ခဲ့​သည်​။​ Apple​​ က​ ၎င်း​၏​ ​နာ​မည်​ကျော်​ iPhone​ ​တွင်​ ​အ​သုံး​ပြု​ထား​သည့်​ Multitouch​ ​နည်း​ပ​ညာ​ကို​ Motorola​ ​က​ ​မ​လျော်​မ​ကန်​ ​သုံး​စွဲ​ထား​ သည်​ဟု​ဆို​သည်​။​ Apple​​ သည်​ HTC​ ​ကို​လည်း​ ​မတ်​လ​အ​တွင်း​က​ ​တ​ရား​စွဲ​ခဲ့​သေး​ပြီး​ HTC​ ​သည်​ Hardware​ ​နှင့်​ ​မူ​ပိုင်​ခွင့်​ဆိုင်​ရာ​ ​ကိ​စ္စ​များ​တွင်​ ​စည်း​ဖောက်​ခဲ့​ကြောင်း​ ​စွပ်​စွဲ​ခဲ့​သည်​။​

HTC​​ က​ လည်း​ Apple​​ ကို​ ​မူ​ပိုင်​ခွင့်​ကိ​စ္စ​ ​၅​ ​ခု​တို့​တွင်​ ​ချိုး​ဖောက်​ခဲ့​ကြောင်း​ ​တုန့်​ပြန်​တ​ရား​စွဲ​ကာ​ iPhone​ ​နှင့်​ iPad​ ​တို့​ကို​ ​အ​မေ​​ရိကန်​တွင်​ ​ရောင်း​ချ​ခွင့်​ပိတ်​ရန်​ပင်​ ​တောင်း​ဆို​ခဲ့​သည်​။​ ယ​ခု​လည်း​ Motorola​​ က​ Apple​​ ၏​ ​စွပ်​စွဲ​မှု​များ​နှင့်​ ​ပတ်သက်​ပြီး​ ​ငြင်း​ဆို​ကြောင်း​နှင့်​ ဥ​ပ​ဒေ​အ​ရ​ ​တုန့်​ပြန်​သွား​မည်​ဖြစ်​ကြောင်း​ ​ကြေ​ညာ​ထား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here