​က​မ္ဘာ့​အ​ကြီး​ကျယ်​ဆုံး​ Spammer​​ ကို​ ​ဖမ်း​ဆီး​နိုင်​ပြီ​

alt

ရု​ရှား​နိုင်ငံ​၊​​ ​မော်​စ​ကို​မြို့​တော်​​ ​ရဲ​တပ်​ဖွဲ့​က​ ​က​မ္ဘာ့​အ​ကြီး​ကျယ်​ဆုံး​ Spammer​​ ကို​ ​ဖမ်း​ဆီး​လိုက်​နိုင်​ပြီ​ဟု​​ ​ထုတ်​ပြန်​ကြေ​ညာ​လိုက်​သည်​။​​ ​စီး​ပွား​ရေး​ ​လုပ်ငန်း​ရှင်​ ​တစ်ဦး​ဖြစ်​သော​ ​အီ​ဂေါ်​ဂူ​ဆက်​အား​ ​ဖမ်း​ဆီး​မှု​သည်​ ​ရု​ရှား​နိုင်ငံ​တွင်​ Spammer​ တစ်ဦး​ကို​ ​ပ​ထ​မ​ဆုံး​ ​တ​ရား​ဝင်​ ​ဖမ်း​ဆီး​မှု​လည်း​ဖြစ်​သ​ည​်။​

​အီ​ဂေါ်​၏​ ​ကု​မ္ပ​ဏီ​ Despmedia​​ သည်​ ​ဆေး​ဝါး​ပ​စ္စည်း​ ​ကြော်​ငြာ​တု​များ​ကို​ ​အ​မေ​ရိ​ကန်​သို့​ ​အ​ဓိ​က​ ဦး​တည်​ကာ​ Spam​ Mail​​ များ​အ​ဖြစ်​ ပို့​လွှတ်​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။​ ​အ​မေ​ရိ​ကန်​နှင့်​ ​နိုင်ငံ​များ​စွာ​သို့​ Spam​ Mail​ များ​ ​ပို့​လွှတ်​ရာ​တွင်​ glavmed.com ​ဟူ​သော​ Partner​ ​ဝက်​ဆိုက်​ထံ​မှ​ ​အ​ကူ​အ​ညီ​ကို​ပါ​ ​ရ​ယူ​ခဲ့​ကြောင်း​ ​ရု​ရှား​သ​တင်း​စာ​ Kommersant​​ က​ ​ဖော်​ပြ​ခဲ့​သည်​။​ Spam​ ​များ​ ​ပို့​ပေး​ရာ​မှ​ ​ကု​မ္ပ​ဏီ​သည်​ ​ဒေါ်​လာ​ ​သန်း​ ​၁၂၀​ ​ဖိုး​မျှ​ထိ​ ​၂၀၀၇​ ​ခု​နှစ်​အ​တွင်း​က​ ​ရ​ရှိ​ခဲ့​ပြီး​ ​အီ​ဂေါ်​ ​တစ်ဦး​တည်း​ ​ဒေါ်​လာ​ ​၂​ ​သန်း​မျှ​ ​မြတ်​စွန်း​ခဲ့​ကြောင်း​ ​သ​တင်း​စာ​က​ ​ရေး​သား​ထား​သည်​။​ ​ထို​စဥ်​က​ ​အီ​ဂေါ်​သည်​ ​ရု​ရှား​နိုင်ငံ​ ​ပြင်​ပ​သို့​ ​ရောက်​ရှိ​နေ​သည်​ဟု​ ​ယုံ​ကြည်​ရ​ကြောင်း​ ​ရဲ​တပ်​ဖွဲ့​က​ ​ပြော​ကြား​ခဲ့​သည်​။

​ ​ရု​ရှား​ ​အီ​လက်​ထ​ရော​နစ်​ ​ဆက်​သွယ်​ရေး​ဌာ​န​က​ ​ရု​ရှား​နိုင်ငံ​သည်​ Spam​ Mail​​ များ​ကြောင့်​ ​၂၀၀၉​ ​ခု​နှစ်​ ​တစ်​ခု​ထဲ​တွင်​ပင်​ ​ဒေါ်​လာ​ ​၄၆၂​ ​သန်း​ကျော်​ ​ဆုံး​ရှံုး​ခဲ့​ကြောင်း​ ​ဖော်​ပြ​ခဲ့​သည်​။​ ​ထို​ကာ​လ​ ​အ​တွင်း​တွင်​ပင်​ Spammer​​ များ​သည်​ ​ဒေါ်​လာ​ ​၁၂၃​ သန်း​ကျော်​ ​ရ​ရှိ​ခဲ့​ကြောင်း​လည်း​ ​သိ​ရ​သည်​။​ Spam​ Mail​ များ​သည်​ ​ရု​ရှား​အင်​တာ​န​က်​ ​ကြော်​ငြာ​စီး​ပွား​ရေး​ ​လော​က​တွင်​ ​ပို့​ပေး​နေ​သည့်​ Mail​​ အ​ရေ​အ​တွက်​၏​ ​၂၀​ ​ရာ​ခိုင်​နှုန်း​မျှ​တွင်​ ​ပါ​ဝင်​နေ​ပြီး​ Mail​ Account​​ တစ်​ခု​သို့​ ​ဝင်​ရောက်​သ​မျှ​ Mail​ ​အား​လုံး​၏​ ​၇၀​ ​ရာ​ခိုင်​နှုန်း​မျှ​သည်​ Spam​ Mail​ များ​ ​ဖြစ်​နိုင်​သည်​ဟု​လည်း​ ​ခန့်​မှန်း​ဖော်​ပြ​ထား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here