အ​ဖော်​အ​ချွတ်ဝက်​ဆိုက်​တစ်​ခု​က​​ ​လင်း​ဆေး​လို​ဟန်အား​​ ​ကိုယ်​ဟန်​ပြ​ပေး​ရန်​​ ​ကမ်း​လှမ်း

alt

လင်း​ဆေး​လို​ဟန်​အား​ ​အ​ဖော်​အ​ချွတ်​ ​ဝက်​ဆိုက်​တစ်​ခု​က​ ​ကိုယ်​ဟန်​ပြ​ပေး​ရန်​ ​ကမ်း​လှမ်း​ခဲ့​ကြောင်း​ သိ​ရ​သည်​။​ ​အ​သက်​ ​၂၄​ ​နှစ်​အ​ရွယ်​ ​အ​ဆို​တော်​ ​မင်း​သ​မီး​သည်​ ​လော့စ်​အိန်​ဂျယ်​လိစ်​မြို့​ရှိ​ ​ဘက်​တီ​ဖို့​ ​ပြန်​လည်​ထူ​ထောင်​ရေး​ ​စခန်း​သို့​

​ငွေ​ကြေး​များ​ပေး​ရန်​ ​ကျန်​ရှိ​နေ​ကြောင်း​ ​သ​တင်း​များ​ ​ထွက်​ပေါ်​နေ​ရာ​ ​အ​ဖော်​အ​ချွတ်​ ​ဝက်​ဆိုက်​တစ်​ခု​က​ ​သူ​မ​အား​ ​ပေါင်​သုံး​သောင်း​မျှ​ဖြင့်​ ​ကမ်း​လှမ်း​ရန်​ ​စီ​စဥ်​နေ​ကြောင်း​ ​သ​တင်း​များ​ ​ထွက်​ပေါ်​နေ​သည်​။​ ​

ထို​ကိ​စ္စ​နှင့်​ ​ပတ်​သက်​ပြီး​ ​မူး​ယစ်​ဆေး​ဝါး​မှု​ဖြင့်​ ​ပြန်​လည်​ထူ​ထောင်​ရေး​စ​ခန်း​ ​ရောက်​နေ​သည့်​ ​လို​ဟန်​က​ ​တ​စုံ​တ​ရာ​ ​မှတ်​ချက်​ပေး​ခြင်း​ ​မ​​ရှိသေး​ချေ​။​ ​လို​ဟန်​အား​ ​ကမ်း​လှမ်း​ခဲ့​သည့်​ ​၀က်​ဆိုက်​က​လည်း​ ​ယင်း​တို့​၏​ ​ဝက်​ဆိုက်​အ​မည်​ကို​ ​တ​ရား​ဝင်​ ​ကြေ​ညာ​ခြင်း​ ​မ​ရှိ​သေး​ကြောင်း​ ​သိ​ရ​သည်​။​ ​လို​ဟန်သည်​ ​အ​ရက်​မူး​ပြီး​ ​ကား​မောင်း​မှု​များ​ဖြင့်​ ​ထောင်​ကျ​ခဲ့​သော်​လည်း​ ​ထို​မှ​တ​ဆင့်​ ​ပြန်​လည်​ထူ​ထောင်​ရေး​ ​စ​ခန်း​သို့​ ​ရောက်​ရှိ​ပြီး​ ​အာ​မ​ခံ​ဖြင့်​ ​လွတ်​မြောက်​ခဲ့​သေး​သည်​။​

​သို့​သော်​လည်း​ ​ဆေး​စစ်​မှု​တွင်​ ​မူး​ယစ်​ဆေး​ဝါး​ ​သုံး​စွဲ​ထား​ကြောင်း​ ​တွေ့​ရှိ​ရ​သည့်​အ​တွက်​ ​သူ​မ​မှာ​ ​ပြန်​လည်​ထူ​ထောင်​ရေး​စ​ခန်း​သို့​ ​ပြန်​ရောက်​ကာ​ ​ပြစ်​ဒဏ်​ကျ​ခံ​နေ​ရ​ခြင်း​ဖြစ်​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here