​လှောင်​အိမ်​မှ​ ​လွတ်​မြောက်​လာ​သော​ ​ကျား​သစ်​​က လူ​တဦး​အား​ကိုက်​သတ်​

alt

ဘ​ီ​လီ​ဇီတွင်​​ ​တိ​ရ​စ္ဆာန်​ ​ကယ်​ဆင်​ရေး​​ ​အ​ဖွဲ့​တစ်​ခု​၏​ ​လှောင်​အိမ်​မှ​ ​လွတ်​မြောက်​လာ​သော​ ​ကျား​သစ်​တစ်​ကောင်​ ​ကိုက်​သတ်​မှု​ကြောင့်​ ​လူ​သေ​ဆုံး​မှု​ ​ဖြစ်​ပွား​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။​

​ဟာ​ရီ​ကိန်း​ရစ်​ချတ်​ ​တိုက်​ခတ်​မှု​အ​တွင်း​ ​အ​ဆို​ပါ​ ​လှောင်​အိမ်​ ​ပွင့်​သွား​ခြင်း​ ​ဖြစ်​နိုင်​ပြီး​ဂျာ​ကွာ​အ​မျိုး​အ​စား​ ​ကျားသစ်​၏​ ​တိုက်​ခိုက်​မှု​ကြောင့်​ ​သေ​ဆုံး​နေ​သည့်​ ​အ​မေ​ရိ​ကန်​ ​နိုင်ငံ​သား​ ​တစ်ဦး​၏​ ​အ​လောင်း​ကို​ ရှာ​ဖွေ​တွေ့​ရှိ​ခဲ့​ကြောင်း​ ​တာ​ဝန်​ရှိ​သူ​များ​က​ဆို​သည်​။​ Category​ 1​ ​အ​ဆင့်​ရှိ​ ​မုန်​တိုင်း​ကြောင့်​ ​သစ်​ပင်​တစ်​ပင်​သည်​ Max​ ​ဟု​ခေါ်​သော​ ​ကျား​သစ်​ထီး​အား​ ​ထည့်​ထား​သည့်​ ​လှောင်​အိမ်​တည့်​တည့်​ ​ပြုတ်​ကျ​ပြီး​ ​၄​ ​နှစ်​သား​အ​ရွယ်​ ​ကျား​သစ်​မှာ​ ​လွတ်​မြောက်​ခဲ့​ခြင်း​ဖြစ်​သည်​။

​ဘီ​လီ​ဇီ​ ​နိုင်ငံ​ရဲ​တပ်​ဖွဲ့​က​ ​သေ​ဆုံး​သူ​သည်​ ​ဘ​ရု​ကူ​လာ​တန်​ဆို​သော​ ​အ​မေ​ရိ​ကန်​နိုင်ငံ​သား​ဟု​ ​အ​တည်​ပြု​ခဲ့​ပြီး​ ၎င်း​သည်​ ​ဘီ​လီ​ဇီ​ ​နိုင်ငံ​သား​အ​ဖြစ်​လည်း​ ​ခံ​ယူ​ထား​ကြောင်း​ ​သိ​ရ​သည်​။ ဘီ​လီ​ဇီ​ရှိ​ ​အ​မေ​ရိ​ကန်​ ​သံ​ရုံး​က​လည်း​ ​အ​မေ​ရိ​ကန်​ ​နိုင်ငံ​သား​တစ်ဦး​ ​ဂျာ​ဂွါ​ကျား​သစ်​ ​တိုက်​ခိုက်​မှု​ကြောင့်​ ​သေ​ဆုံး​ကြောင်း​ ​ကြေ​ညာ​ခဲ့​သည်​။​ ​ကျား​သစ်​သည်​ ​ကူ​လာ​တန်​အား​ ​အ​သေ​ကိုက်​သတ်​ပြီး​နောက်​ အ​နီး​ရှိ​ ​ချံု​ပုတ်​ထဲ​ထိ​ ​ဆွဲ​ယူ​သွား​ခဲ့​သည်​။​ ​အ​လောင်း​၏​ ​လည်​ပင်း​နှင့်​ ​လက်​မောင်း​တို့​တွင်​ ​သွား​ရာ​များ​ ​တွေ့​ရ​ကြောင်း​ ​ရဲ​များ​က​ဆို​သည်​။​

​ပေါင်​ ​၁၃၀​ ​အ​လေး​ချိန်​ရှိ​သော​ ​ကျား​သစ်​ကို​ ​လွန်​ခဲ့​သော​ ​၂​ ​နှစ်​က​ ​က​မ္ဘာ​လှည့်​ ​ခ​ရီး​သည်​များ​ ​သွား​ရောက်​အ​ပမ်း​ဖြေ​ရာ​ Resort​​ တစ်​ခု​အ​နီး​ ​တွေ့​ရှိ​ခဲ့​ပြီး​နောက်​ ​ဖမ်း​ဆီး​ထား​ခြင်း​ဖြစ်​သည်​။​ ​ယင်း​သည်​ ​ကူ​လာ​တ​န်​အား​ ​ကိုက်​သတ်​ခဲ့​သည့်​ ​နေ​ရာ​အ​နီး​ ​တော​အုပ်​အ​တွင်း​ ​ဆက်​ရှိ​နေ​သည်​ကို​ ​တွေ့​မြင်​ခဲ့​သည့်​နောက်​ ​တာ​ဝန်​ရှိ​သူ​များ​က​ ​အ​သား​စိမ်း​များ​ ​ထည့်​ထား​သည့်​ ​သံ​မ​ဏိ​လှောင်​အိမ်​ကို​ ​အ​သုံး​ပြု​ကာ​ ​ယင်း​ကို​ ​ပြန်​လည်​ဖမ်း​ဆီး​ရန်​ ​ကြိုး​ပမ်း​နေ​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here