​ဗြိ​တိန်​စား​သောက်​ဆိုင်​တွင်​​ ​အ​ချစ်​ကြမ်း​နေ​သည့်​​ ​စုံ​တွဲ​အား​​ လူ​အ​များ​​ ​စု​ရုံး​ကြည့်​ရှု

alt

ဗြိ​တိန်​နိုင်ငံ​ရှိ​​ စား​သောက်​ဆိုင်​ ​တစ်​ခု​တွင်​ ​အ​ချစ်​ကြမ်း​နေ​သော​ ​စုံ​တွဲ​ကြောင့်​ ​လူ​အ​များ​ ​ပွဲ​ကျ​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။​ ​ပီ​ဇာ​ဆိုင်​တစ်​ခု​အ​တွင်း​ ​ည​ကြီး​မင်း​ကြီး​ ​လိင်​ဆက်​ဆံ​နေ​သော​ ​စုံ​တွဲ​မှာ​ ​ယင်း​တို့​ကို​ ​အ​ပြင်​မှ​ ​လုံး​ဝ​မ​မြင်​နိုင်​ဟု​ ​ထင်​မှတ်​ခဲ့​ကြ​သည်​။​

​သို့​သော်​လည်း​ ​တစ်​ဖက်​ပိတ်​ ​မှန်​အ​တွင်း​ ​ဖြစ်​ချင်​တိုင်း​ ​ဖြစ်​နေ​သော​ ​စုံ​တွဲ​ကို​ ​လမ်း​သွား​လမ်း​လာ​ ​မြောက်​မြား​စွာ​က​ ​တွေ့​မြင်​ခဲ့​ပြီး​နောက်​ ​ဓာတ်​ပုံ​များ​ပါ​ ​ရိုက်​ယူ​နေ​ကြ​သည်​။​ ​အ​များ​စု​က​မူ​ ​သ​ဘော​ကျ​စွာ​ ​ရယ်​မော​နေ​ခဲ့​ကြ​သည်​။​ ​မန်​ချက်​စ​တာ​ ​မြို့​တွင်​ ​ဖြစ်​ပျက်​ခဲ့​သည်​ကို​ ​ကိုယ်​တိုင်​ကြံု​ခဲ့​သူ​ ​တစ်ဦး​က​ ​ထို​စုံ​တွဲ​ ​နမ်း​ရှုပ်​နေ​သည်​ကို​ ​မြင်​ခဲ့​သေး​ကြောင်း​၊​ ​နောက်​ပိုင်း​တွင်​ ​အ​ခြေ​အ​နေ​ ​ပို​ကြမ်း​လာ​ကြောင်း​ The​ Sun​ ​သ​တင်း​စာ​သို့​ ​ပြော​ကြား​ခဲ့​သည်​။​ ​နောက်​ပိုင်း​တွင်​ ​အ​ပြင်​ဖက်​မှ​ ​ရုတ်​ရုတ်​သည်း​သည်း​ ​အ​ခြေ​အ​နေ​ကို​ ​သ​ဘော​ပေါက်​သွား​သည့်​ ​စုံ​တွဲ​မှာ​ ​နောက်​ဖက်​မှ​ ​ထွက်​ပြေး​သွား​သည်​ဟု​ ​သိ​ရ​သည်​။

​ ​ထို​ကိ​စ္စ​နှင့်​ ​ပတ်​သက်​ပြီး​ ​ပီ​ဇာ​ဆိုင်​ ​ပိုင်​ရှင်​များ​က​ ​အံ့ဩ​နေ​ပြီး​ ​ယင်း​အ​တွက်​ ​စစ်​ဆေး​မှု​များ​ ​ပြု​လုပ်​နေ​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​ ​ယ​ခု​သီ​တင်း​ပါတ်​အ​တွင်း​ ​ဆိုင်​ထဲ​ထိုင်​ကာ​ ​ချစ်​တင်း​နှီး​နှော​ခဲ့​သော​ ​စုံ​တွဲ​မှာ​ ​လာ​ရောက်​စား​သုံး​သူ​မှန်း​၊​ ​ဆိုင်​အ​လုပ်​သ​မား​မှန်း​ ​အ​တိ​အ​ကျ​ ​မ​ပြော​နိုင်​သေး​ကြောင်း​လည်း​ ​ဆိုင်​ပိုင်​ရှင်​က​ ​ဝန်​ခံ​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here