နို​ဘယ်​ဆု​ရွေး​ချယ်​ရေး​အ​ဖွဲ့​က​​ ​ဆု​ချီး​မြှင့်​ခံ​ရ​သည့်​​ ​အ​သက်​ ​၂၃​​ ​နှစ်​အ​ရွယ်​​ ​ဗြိ​တိန်​ကျောင်း​သူ

alt

ဗြိ​တိန်​နိုင်ငံ​မှ​ ​အ​သက်​ ​၂၃​ ​နှစ်​အ​ရွယ်​ ​ကျောင်း​သူ​လေး​ ​တစ်ဦး​သည်​ ​နို​ဘယ်​ဆု​ ​ရွေး​ချယ်​ရေး​အ​ဖွဲ့​က​ ​တ​ခမ်း​တ​နား​ ​ဆု​ချီး​မြှင့်​ခံ​ရ​သည့်​ ​သိ​ပ္ပံ​ပ​ညာ​ရှင်​လေး​ ​ဖြစ်​လာ​ခဲ့​သည်​။​

​​နေ​ရောင်​ခြည်​ ​စွမ်း​အင်​သုံး​ ​ရေ​ခဲ​​သေတ္တာ​ကို​ ​တီ​ထွင်​ခဲ့​သည့်​ ​အီ​မီ​လီ​ ​ကူ​မင်​သည်​ ​ယ​ခု​လို​ ​ဆု​ချီး​မြှင့်​ ​ခံ​ရ​သည့်​ ​တစ်ဦး​တည်း​သော​ ဥ​ရော​ပ​ဒေ​သ​မှ​ ​နိုင်ငံ​သား​နှင့်​ ​တစ်ဦး​တည်း​သော​ ​မိန်း​က​လေး​လည်း​ ​ဖြစ်​လာ​သည်​။​ ​သူ​မ​သည်​ ​က​မ္ဘာ​ပေါ်​တွင်​ ​တီ​ထွင်​မှု​စွမ်း​ရည်​ ​အ​ထူး​ချွန်​ဆုံး​ ​လူငယ်​ ​၁၀​ ဦး​အ​နက်​လည်း​ ​အ​မည်​ထည့်​သွင်း​ ​သတ်​မှတ်​ခံ​ခဲ့​ရ​သည်​။​ ​သူ​မ၏​ ​နေ​ရောင်​ခြည်​ ​စွမ်း​အင်​သုံး​ ​ရေ​ခဲ​သေ​တ္တာ​ကို​ ​အာ​ဖ​ရိ​က​တိုက်​ကဲ့​သို့​ ​ဖွံ့​ဖြိုး​မှု​ ​နောက်​ကျ​နေ​သည့်​ ​ဒေ​သ​များ​အ​တွက်​ ​ရည်​ရွယ်​တီ​ထွင်​ထား​ခြင်း​ဖြစ်​သည်​။​

​လိဒ်​တ​က္က​သိုလ်​မှ​ ​ကျောင်း​သူ​တစ်ဦး​ဖြစ်​သည့်​ ​အီ​မီ​လီ​အား​ ​နော်​ဝေး​နိုင်ငံ​၊​ ​အော်​စ​လို​မြို့​ ​အ​ခြေ​စိုက်​ ​နို​ဘယ်​ငြိမ်း​ချမ်း​ရေး​ဆု​ ​ရွေး​ချယ်​ရေး​အ​ဖွဲ့​က​ ​အ​သိ​အ​မှတ်​ပြု​ကာ​ ​ဂုဏ်​ပြု​ဆု​ချီး​မြှင့်​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​ယ​ခု​အ​ခါ​ ​ဘွဲ့​ရ​ခဲ့​ပြီ​ဖြစ်​သော​ ​အီ​မီ​လီ​တစ်​ယောက်​ ​ကျောင်း​သူ​ဘ​ဝ​က​ ​တီ​ထွင်​ထား​သော​ ​အ​ဆို​ပါ​ ​ရေ​ခဲ​သေ​တ္တာ​သည်​ ယ​ခု​အ​ခါ​ ​န​မီး​ဘီး​ယား​၊​ ​တောင်​အာ​ဖ​ရိ​က​၊​ ​ဖမ်​ဘီ​ယာ​၊​ ​ဘော့​ဆွာ​နာ​နှင့်​ ​ဇင်​ဘာ​ဘွေ​တို့​တွင်​ ​စမ်း​သပ်​သုံး​စွဲ​နေ​နိုင်​ပြီ​ဖြစ်​သည်​။​ ​ရေ​ငွေ့​ပြန်​မှု​ ​နိ​ယာ​မ​ကို​ ​အ​ခြေ​ခံ​ကာ​ ​တီ​ထွင်​ထား​သော​ ​နေ​စွမ်း​အင်​သုံး​ ​ရေ​ခဲ​သ​တ္တော​သည်​ ​နို့​၊​ ​အ​သားငါး​နှင့်​ ​ဟင်း​သီး​ဟင်း​ရွက်​များ​ကို​ ​ရက်​အ​တန်​ကြာ​ ​ထိန်း​သိမ်း​ထား​နိုင်​သည်​။​ ​လျှပ်​စစ်​စွမ်း​အင်​ ​ဖြည့်​တင်း​စ​ရာ​ ​မ​လို​ပဲ​ ​အ​ပူ​ချိန်​ကို​ ​၆​ ​ဒီ​ဂ​ရီ​ ​ဆဲ​ဆီး​ရပ်​ ​ဝန်း​ကျင်​တွင်​ ​ထိန်း​သိမ်း​ထား​နိုင်​သည်​။​ ​သူ​မ​သည်​ ​ရေ​ရှား​ပါး​သော​ ​ဒေ​သ​များ​တွင်​ ​ရေ​သယ်​ယူ​မှု​ ​ပို​လွယ်​ကူ​စေ​ရန်​ ​စ​နစ်​တစ်​ခု​ကို​လည်း​ ​စမ်း​သပ်​တီ​ထွင်​ပေး​ခဲ့​သေး​သည်​။​

​အီ​မီ​လီ​က​ ​ကျောင်း​တွင်​ ​ဝါ​သ​နာ​အ​ရ​ ​စမ်း​သပ်​တီ​ထွင်​ခဲ့​မှု​သည်​ ​ဘ​ဝ​တစ်​ခု​လုံး​ ​အ​ပြောင်း​အ​လဲ​ ​ဖြစ်​စေ​ခဲ့​သည့်​အ​တွက်​ ​အံ့ဩ​မိ​ကြောင်း​ ဝန်​ခံ​ပြော​ကြား​သွား​သည်​။​ ​သူ​မ​သည်​ ​၂၀၁၀​ ​ခု​နှစ်​အ​တွက်​ ​က​မ္ဘာ​ကြီး​အား​ ​အ​ကျိုး​ဖြစ်​ထွန်း​စေ​သူ​ ​လူငယ်​ ​၁၀​ ဦး​စာ​ရင်း​တွင်​ အ​ပါ​အ​ဝင်​အ​ဖြစ်​ ​နို​ဘယ်​ဆု​ ​ရွေး​ချယ်​ရေး​အ​ဖွဲ့​က​ ​ကြေ​ညာ​ပေး​ခဲ့​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here