ရောင်းအားအကောင်းဆုံး OS အဖြစ် Windows 7 စံချိန်သစ်တင်

alt

ကမ္ဘာပေါ်တွင် အချိန်တို အတွင်း ရောင်းအား အကောင်းဆုံး ကွန်ပျူတာ ထိန်းချုပ် စနစ် (OS)​ အဖြစ် Windows 7 က စံချိန်သစ် တင်လိုက် နိုင်ကြောင်း သိရသည်။

၂၀၀၉ ခုနှစ် အောက်တိုဘာ ၂၂ ရက်နေ့က စတင် ရောင်းချ ခဲ့သော OS​ ကို လိုင်စင်ဖြင့် တရားဝင် ဝယ်သုံးသူ သန်း ၂၄၀ ကျော်ထိ ရှိနေကြောင်း Microsoft ကဆိုသည်။ ထို့အပြင် Pirate အဖြစ် သုံးစွဲ နေသူပေါင်း မခန့်မှန်း နိုင်လောက်အောင် များပြား နိုင်ကြောင်း ကမ္ဘာကျော် Software ကော်ပိုရေးရှင်းကြီးက ပြောကြားခဲ့သည်။ ယခု အခါ ကမ္ဘာပေါ်ရှိ တစ်ကိုယ်ရည်သုံး ကွန်ပျူတာ အားလုံး၏ ၁၇.၁ ရာခိုင်နှုန်းသည် Windows 7 ကို OS အဖြစ် ရွေးချယ် တပ်ဆင်ထားကြောင်း သိရသည်။ Windows 7 မတိုင်မီက Microsoft ၏ OS ဖြစ်သော Vista ကို ရောင်းချ ခဲ့စဥ်က တစ်နှစ်အတွင်း ကွန်ပျူတာသစ် အားလုံး ရောင်းချရမှု၏ ရ၀ ရာခိုင်နှုန်း ဝန်းကျင်တွင် ထည့်သွင်းခဲ့သော်လည်း Windows 7 ကမူ ကွန်ပျူတာသစ် ရောင်းချရသမျှ၏ ၉၃ ရာခိုင်နှုန်းကို လွှမ်းမိုးထားနိုင်ခဲ့သည်။

Windows 7​ ၏ သွင်ပြင်လှပမှုနှင့် လုံခြုံရေးဆိုင်ရာ အားသာချက်များက ယခုလို အအောင်မြင်ဆုံး OS အဖြစ် ရောက်လာစေကြောင်း Microsoft ကဆိုသည်။ Microsoft သည် Windows XP​ ဖြင့် အလွန်ကောင်းမွန်သော ရလဒ်များ ပိုင်ဆိုင်ခဲ့သော်လည်း Windows Vista​ ထွက်လာချိန်တွင် အကြီးအကျယ် ဝေဖန်မှုများ ခံခဲ့ရသည်။ လက်ရှိအနေအထားအရ Windows 7​ သည် အလွန်အောင်မြင်နေသော်လည်း ကမ္ဘာပေါ်တွင် အသုံးအများဆုံး Windows စနစ်အနေနှင့်မူ XP က ဆက်လက်ရပ်တည်နေဆဲဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here