Mission​​ Impossible​ ​ဇာတ်​ကား​သစ်​အား​​ ​က​မ္ဘာ့​အ​မြင့်​ဆုံး​​ ​အ​ဆောက်​အ​အုံ​တွင်​​ ​သွား​ရောက်​ရိုက်​ကူး​မည်

alt

Mission​ Impossible​ ​ဇာတ်​ကား​တွင်​​ ​မင်း​သား​တွမ်​ခ​ရုစ်​သည်​​ ​က​မ္ဘာ့​အ​မြင့်​ဆုံး​​ ​အ​ဆောက်​အ​အုံ​သို့​ ​သွား​ရောက်​ကာ​ ​ရိုက်​ကူး​မည်​ဖြစ်​သည်​။​ ​ရုပ်​ရှင်​ထုတ်​လုပ်​ရေး​ ​တာ​ဝန်​ယူ​ထား​သူ​ ​ပရို​ဂျူ​ဆာ​ ​ဘ​ရိုင်​ယန်​ဘက်​က​

Mission​ Impossible​ ​ဇာတ်​ကား​သည်​ UAE​ ​နိုင်ငံ​၊​ ​ဒူ​ဘိုင်း​မြို့​ရှိ​ ​ဘက်​ဂျ်​ကာ​လီ​ဖာ​ ​မျှော်​စင်​ကြီး​တွင်​ ​ရိုက်​ကူး​မည်​ဟု​ ​အ​တည်​ပြု​ထား​သည်​။​ ​ယင်း​မျှော်​စင်​ကြီး​ကို​ ​ယ​မန်​နှစ်​က​ ​ဖွင့်​လှစ်​ခဲ့​ပြီး​ ​မိုင်​ဝက်​မျှ​ ​မြင့်​မား​သည်​။​ ​အ​သက်​ ​၄၈​ ​နှစ်​အ​ရွယ်​ ​မင်း​သား​သည်​ ၎င်း​၏​ ​စ​တု​တ္ထ​မြောက်​ Mission​ Impossible​ ​ဇာတ်​ကား​တွင်​ ​ပါ​ဝင်​ရန်​ ​သ​ဘော​တူ​ညီ​ခဲ့​ပြီး​နောက်​ ​ဇာတ်​အိမ်​ကို​ ​ရေး​ဆွဲ​စီ​စဥ်​ရာ​ ​၈၂၈​ ​မီ​တာ​ ​အ​မြင့်​ရှိ​သော​ ​အ​ဆောက်​အ​အုံ​ကြီး​အား​ ​ထည့်​သွင်း​ရန်​ ​စိတ်​ကူး​ရ​လာ​ကြောင်း​ ​ဘ​ရိုင်​ယန်​က​ ​ရှင်း​ပြ​ခဲ့​သည်​။

​ယင်း​ဇာတ်​ကား​၏​ ​တ​ရား​ဝင်​ ​အ​မည်​ကို​မူ​ Mission​ Impossible:​ Ghost​ Protocol​ ​ဟု​ ​သတ်​မှတ်​ထား​ကြောင်း​ ​သိ​ရ​သည်​။​ ​ဇာတ်​ကား​ကို​ ​ဘရက်​ဘတ်​က​ ​ဒါ​ရိုက်​တာ​အ​ဖြစ်​ ​တာ​ဝန်​ယူ​ရိုက်​ကူး​မည်​ဖြစ်​သည်​။​ ​ယင်း​ဇာတ်​ကား​ကို​ ​ယ​ခု​နှစ်​ကုန်​ပိုင်း​ (​သို့​မ​ဟုတ်)​ ​လာ​မည့်​နှစ်​ ​အ​စော​ပိုင်း​တွင်​ ​စ​တင်​ရိုက်​ကူး​ရန်​ ​စီ​စဥ်​ထား​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here