လမ်း​ကြို​လမ်း​ကြား​​ ​ကျက်​စား​နေ​သည့်​ ​ပြည့်​တန်​ဆာ​​ ​အ​မျိုး​သ​မီး​များ​အား​​ ​ရောင်​ပြန်​အ​င်္ကျီ​များ​​ ​ဝတ်​ဆင်​ရမည်

alt

စ​ပိန်နိုင်ငံ​ရှိ​​ ​မြို့​လေး​တစ်​မြို့​တွင်​​ ​လမ်း​ကြို​လမ်း​ကြား​​ ​ကျက်​စား​နေ​သည့်​ ​ပြည့်​တန်​ဆာ​​ ​အ​မျိုး​သ​မီး​များ​အား​​ ​ရောင်​ပြန်​အ​င်္ကျီ​များ​​ ​ဝတ်​ဆင်​ရန်​ ​အ​မိန့်​ထုတ်​ခဲ့​ကြောင်း​​ ​သိ​ရ​သည်​။

​ ​ည​ကြီး​မင်း​ကြီး​​ ​လမ်း​ပေါ်​ရောက်​နေ​သည့်​ ​ပြည့်​တန်​ဆာ​များ​ကြောင့်​ ​ယာဥ်​တိုက်​မှု​များ​ ​ဖြစ်​ပေါ်​နေ​ခြင်း​အား​ ​လျှော့​ချ​ရန်​ ​ရည်​ရွယ်​ချက်​ဖြင့်​ ​ယ​ခု​အ​မိန့်​ကို​ ​ထုတ်​ပြန်​ခဲ့​ခြင်း​ဟု​ဆို​သည်​။​ ​အဲ့စ်​အ​လူ​မက်​မြို့​အ​နီး​ ​အ​ဝေး​ပြေး​ လမ်း​မ​များ​တွင်​ ​ပြည့်​တန်​ဆာ​များ​သည်​ ​ဖောက်​သည်​ရှာ​မှု​များ​ ​ပြု​လုပ်​ရာ​မှ​ ​မ​လို​လား​အပ်​သော​ ​ယာဥ်​တိုက်​မှု​များ​ ​ဖြစ်​လာ​နိုင်​သ​ဖြင့်​ ​ရဲ​တပ်​ဖွဲ့​က​ ​ယ​ခု​အ​မိန့်​အား​ ​ထုတ်​ပြန်​လိုက်​ခြင်း​ဖြစ်​သည်​။​ ​ရောင်​ပြန်​အ​င်္ကျီ​ ​ဝတ်​ထား​ခြင်း​ ​မ​ရှိ​သော​ ​ပြည့်​တန်​ဆာ​များ​ကို​ ​ယူ​ရို​ ​၄၀​ ​ဒဏ်​ရိုက်​မည်​ဖြစ်​သည်​။​

​ဒေ​သ​ခံ​ ​ရဲ​တပ်​ဖွဲ့​ ​ပြော​ရေး​ဆို​ခွင့်​ရ​ ​အ​ရာ​ရှိ​ ​မို​ဆော့​ဒီ​ ​အက်​ကွာ​ဒ​ရာ​က​ ​ပြီး​ခဲ့​သည့်​ ​နှစ်​လ​အ​တွင်း​ ​ပြည့်​တန်​ဆာ​များ​ကို​ ​ဒဏ်​ရိုက်​ခဲ့​သည့်​ ​အ​ဓိ​က​ ​ပြစ်​မှု​နှစ်​ခု​ရှိ​ကြောင်း​၊​ ​တစ်​ခု​မှာ​ ​သတ်​မှတ်​ထား​သည့်​အ​တိုင်း​ ​ရောင်​ပြန်​အ​င်္ကျီ​ မ​ဝတ်​ခြင်း​ဖြစ်​ပြီး​ ​နောက်​တစ်​ခု​မှာ​ ​ပြည်​သူ့​လုံ​ခြံု​ရေး​အား​ ထိ​ပါး​လောက်​အောင်​ ​လမ်း​မ​များ​ပေါ်​တွင်​ ​ရဲ​တင်း​စွာ​ ​ဖောက်​သည်​ရှာ​နေ​ခြင်း​ဖြစ်​ကြောင်း​ ​ရှင်း​လင်း​ပြော​ကြား​သွား​သည်​။​ ​စ​ပိန်​နိုင်ငံ​သည်​ ​ပြည့်​တန်​ဆာ​လုပ်ငန်း​ ​ထွန်း​ကား​သည့်​ ​နိုင်ငံ​တစ်​ခု​ဖြစ်​ပြီး​ ​မ​ကြာ​သေး​မီ​က​ ​ကောက်​ယူ​သော​ ​စစ်​တမ်း​တစ်​ခု​အ​ရ​ ​စ​ပိန်​နိုင်ငံ​သား​ ​၄​ ဦး​တွင်​ ​၁​ ဦး​သည်​ ​အ​မျိုး​သ​မီး​များ​အား​ ​အ​ခ​ပေး​ ​ပျော်​ပါး​ဖူး​ကြောင်း​ ​ဝန်​ခံ​ခဲ့​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here