​မ​က္က​စီ​ကို​နိုင်ငံ​တွင်​ သေ​နတ်​သ​မား​များ​က​ ​ရမ်း​ကား​ပစ်​ခတ်​

alt

မ​က္က​စီ​ကို​နိုင်ငံ​ရှိ​​ ​မော်​တော်​ကား​ ​ရေ​ဆေး​အ​လုပ်​ရုံ​​ ​တစ်​ခု​တွင်​ ​သေ​နတ်​သ​မား​များ​က​ ​ရမ်း​ကား​ပစ်​ခတ်​ခဲ့​ရာ​ ​လူ​ ​၁၅​ ဦး​ ​သေ​ဆုံး​သွား​ကြောင်း​ ​သိ​ရ​သည်​။​ ​နာ​ယာ​ရစ်​ပြည်​နယ်​ ​ည​မို့​တော်​ဖြစ်​သည့်​ ​တီ​ပစ်​တွင်​ ​ဖြစ်​ပွား​ခဲ့​သည့်​ ​

ပစ်​ခတ်​မှု​အ​တွင်း​ ​သေ​ဆုံး​ခဲ့​သူ​ ​အား​လုံး​သည်​ ​သက်​ဆိုင်​ရာ​ ​အ​လုပ်​ရုံ​မှ​ အ​လုပ်​သ​မား​များ​ ​ဖြစ်​ကြပြီး​ ​အ​များ​စု​သည်​ ​မူး​ယစ်​ဆေး​ဝါး​စွဲ​နေ​သ​ဖြင့်​ ​ကျန်း​မာ​ရေး​ဌာ​န​ ​တစ်​ခု​ထဲ​တွင်​ ​ကု​သ​မှု​ ​ခံ​ယူ​နေ​ရ​သူ​များ​ဟု​ ​ရဲ​များ​က​ ​ပြော​ကြား​ခဲ့​သည်​။

 ​အောက်​တို​ဘာ​ ​၂၇​ ​ရက်​နေ့​ ​အ​ကြမ်းဖက်​ ​ပစ်​ခတ်​မှု​သည်​ ​မ​က္က​စီ​ကို​တွင်​ ​တစ်​ပါတ်​အ​တွင်း​ ​တ​တိ​ယ​မြောက်​ ​လူ​အ​များ​ ​သေ​ကြေ​အောင်​ ​အ​ကြမ်း​ဖက်​ ​ပစ်​ခတ်​သတ်​ဖြတ်​မှု​ ​ဖြစ်​လာ​ခဲ့​သည်​။​ ​မွန်း​တည့်​မ​တိုင်​မီ​ ​ဖြစ်​ပွား​ခဲ့​သော​ ​အ​ကြမ်း​ဖက်​ ​တိုက်​ခိုက်​မှု​သည်​ ​ယ​ခု​နှစ်​အ​တွင်း​ ​ပို​မို​ဆိုး​ရွား​လာ​သည့်​ ​မူး​ယစ်​ဆေး​ဝါး​ ​မှောင်​ခို​ဂိုဏ်း​များ​ကြား​ ​အ​ပြန်​အ​လှန်​ ​ပစ်​ခတ်​မှု​များ​အ​နက်​မှ​ ​တစ်​ခု​ပင်​ ​ဖြစ်​နိုင်​ကြောင်း​ ​ရဲ​များ​က​ ​ယုံ​ကြည်​နေ​သည်​။​ ​ပစ်​ခတ်​မှု​ကို​ ​အ​ဝေး​မှ​ ​မြင်​တွေ့​လိုက်​သူ​များ​က​ ​အ​ကြမ်း​ဖက်​သ​မား​များ​သည်​ ​ရိုင်​ဖယ်​များ​ ​ကိုယ်​စီ​ကိုင်​ဆောင်​ကာ​ SUV​ ကား​နှစ်​စင်း​ဖြင့်​ ​ရောက်​လာ​ကြောင်း​၊​ ထို့​နောက်​ ​မန်​နေ​ဂျာ​ရော​ ​အ​လုပ်​သ​မား​များ​ကို​ပါ​ ​ပစ်​သတ်​ပြီး​ ​ထွက်​ပြေး​လွတ်​မြောက်​သွား​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။

​မ​က္က​စီ​ကို​ ​သ​မ္မ​တ​ ​ဖိ​လစ်​ပီ​ ​ကယ်​ဒါ​ရွန်​သည်​ ​အ​ဆို​ပါ​ ​သ​တင်း​ကို​ ​ကြား​သိ​ရ​ပြီး​နောက်​ ​မို​ရာ​လို့​တွင်​ ​ကျင်း​ပ​နေ​သည့်​ ​ပြည်​သူ့​လုံ​ခြံု​ရေး​ ​အ​စည်း​အ​ဝေး​ကို​ ​တစ်​မိ​နစ်​ကြာ​ ​ဆိုင်းငံ့​ကာ​ ​ဝမ်း​နည်း​ခြင်း​ ​အ​ထိန်း​အ​မှတ်​ဖြင့်​ ​ငြိမ်​သက်​နေ​ရန်​ ​ပန်​ကြား​ခဲ့​သေး​သည်​။​ ​နာ​ယာ​ရစ်​ ​ပြည်​နယ်​သည်​ ​မူးယစ်​ဆေး​ဝါး​ ​မှောင်​ခို​ဂိုဏ်း​များ​ ​ခြေ​ရှုပ်​နေ​သည့်​ ​နေ​ရာ​တစ်​ခု​ဖြစ်​ပြီး​ ​ယ​ခု​နှစ်​အ​တွင်း​ ​ပစ်​ခတ်​မှု​များ​ကြောင့်​ ​လူ​ ​၁၅၅​ ဦး​ထက်​မည်း​ ​သေ​ဆုံး​ခဲ့​ပြီး​ ​ယ​မန်​နှစ်​က​မူ​ ​၂၂​ ဦး​သေ​ဆုံး​ခဲ့​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here