ဘင်​လာ​ဒင်​​ခြိမ်း​ခြောက်​မှု​ထွက်​ပေါ်​လာ​သော်​လည်း​​ ​အ​ကြမ်း​ဖက်​မှု​တိုက်​ဖျက်​ရေး​​ ​ပြင်​သစ်​ ဆောင်​ရွက်​မည်

alt

အိုစမာ ဘင်​လာ​ဒင်​၏​​ ​ခြိမ်း​ခြောက်​အ​သံ​သွင်း​တိပ်​ခွေ​​ ​ထွက်​ပေါ်​လာ​သော်​လည်း​​ ​ပြင်​သစ်​နိုင်ငံ​အ​နေ​နှင့်​​ ​အ​ကြမ်း​ဖက်​မှု​ ​တိုက်​ဖျက်​ရေး​ ​လုပ်​ဆောင်​ချက်​များ​ကို​ ​အင်​တိုက်​အား​တိုက်​ ​ဆက်​လက်​ဆောင်​ရွက်​သွား​မည်​ဖြစ်​ကြောင်း​ ​ပြင်​သစ်​ ​နိုင်ငံ​ခြား​ရေး​ ​ဝန်​ကြီး​ဌာ​န​က​ ​ကြေ​ညာ​လိုက်​သည်​။​

​ပြင်​သစ်​အာ​ဏာ​ပိုင်​များ​သည်​ ​လစ်​ဗျား​တွင်​ ​အ​ဖမ်း​ခံ​ရ​သည့်​ ​နိုင်ငံ​သား​ ​ဓား​စာ​ခံ​များ​ လွတ်​မြောက်​ရေး​အ​တွက်​ ​အ​စွမ်း​ကုန်​ ​ကြိုး​ပမ်း​ဆောင်​ရွက်​နေ​ကြောင်း​၊​ ​တစ်​ဖက်​တွင်​လည်း​ ​အ​ကြမ်း​ဖက်​မှု​ ​တိုက်​ဖျက်​ရေး​ ​ကိ​စ္စ​များ​ကို​ ​ဇောက်​ချ​လုပ်​ကိုင်​နေ​ပြီး​ ​ဘင်​လာ​ဒင်​၏​ ​ခြိမ်း​ခြောက်​မှု​အ​တွက်​ တွန့်​ဆုတ်​နေ​မည်​ ​မ​ဟုတ်​ကြောင်း​ ​နိုင်ငံ​ခြား​ရေး​ ​ဝန်​ကြီး​ဌာ​န​ ​ပြော​ရေး​ဆို​ခွင့်​ရ​ ​အ​ရာ​ရှိ​ ​ဘား​နက်​လာ​ဗာ​ရို​က​ ​သ​တင်း​ထောက်​များ​အား​ ​ပြော​ကြား​ခဲ့​သည်​။

​ ​ပြင်​သစ်​နိုင်ငံ​ခြား​ရေး​ ဝန်​ကြီး​ဌာ​န​သည်​ Al​ Jazeera​ ​သ​တင်း​ဌာ​န​သို့​ ​ပေး​ပို့​ခဲ့​သည့်​ ​ပြင်​သစ်​နိုင်ငံ​အား ​ခြိမ်း​ခြောက်​ပြော​ဆို​ထား​သော​ ​တိပ်​ခွေ​အ​တွင်း​မှ ​အ​သံ​ပိုင်​ရှင်​သည်​ ​ဘင်​လာ​ဒင်​ ​အ​စစ်​အ​မှန်​ဖြစ်​ကြောင်း​ ​အ​တည်​ပြု​ခဲ့​သည်​။​ ​ဘင်​လာ​ဒင်​သည်​ ​ပြင်​သစ်​နိုင်ငံ​အ​တွင်း​ ​မွတ်​ဆ​လင်​ ​အ​မျိုး​သ​မီး​များ​ ​ခေါင်း​မြီး​ခြံု​အ​ဝတ်​ ​ဝတ်​ဆင်​ခြင်း​အား​ ​ပိတ်​ပင်​ခဲ့​မှု​နှင့်​ ​အာ​ဖ​ဂန်​န​စ္စ​တန်​ ​စစ်​ပွဲ​တွင်​ ​ပြင်​သစ်​က​ ​ဝင်​ရောက်​တိုက်​ခိုက်​နေ​မှု​များ​အ​တွက်​ ​လက်​စား​ချေ​မည်​ဟု​ ​ခြိမ်း​ခြောက်​ထား​သည်​။​ ​ပြင်​သစ်​နိုင်ငံ​သည်​ NATO​အ​ဖွဲ့​နှင့်​အ​တူ​ ​အာ​ဖ​ဂန်​တွင်​ ​တာ​လီ​ဘန်​တို့​အား​ ​၂၀၀၁​ ​ခု​နှစ်​က​တည်း​ ​တိုက်​ပွဲ​ဆင်​နေ​ခဲ့​ခြင်း​ဖြစ်​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here