တ​ရုတ်​နိုင်ငံ​အ​တွက်​​ Apple​ ​ကု​မ္ပ​ဏီ​​၏​ Online​ ​စ​တိုး​​ဖွင့်​လှစ်​

alt

Apple​ ​ကု​မ္ပ​ဏီ​သည်​​ ​တ​ရုတ်​နိုင်ငံ​အ​တွက်​​ Online​ ​စ​တိုး​ကို​ ​ဖွင့်​လှစ်​လိုက်​ပြီ​ဖြစ်​သည်​။​ ​ယ​ခု​သီ​တင်း​ပါတ်​အ​တွင်း​ ​စ​တင်​လည်​ပတ်​နေ​သော​ Online​ ​စ​တိုး​သည်​ ​တ​ရုတ်​နိုင်ငံ​အ​တွက်​ ​အ​ဓိ​က​ ​လိုက်​လျော​ညီ​ထွေ​ဖြစ်​မည့်​ Feature​ ​များ​ ​ထည့်​သွင်း​စီ​စဥ်​ပေး​ထား​သည်​။​

​က​မ္ဘာ​ပေါ်​တွင်​ ​ဖွံ့​ဖြိုး​တိုး​တက်​မှု​နှုန်း​ ​အ​မြန်​ဆုံး​ဖြစ်​သည့်​ ​တ​ရုတ်​နိုင်ငံ​တွင်​ Apple​​ ၏​ ​ေ​ဈး​ကွ​က်​သည်​ ​ကြီး​မား​ကျယ်​ပြန့်​မှု​ ​မ​ရှိ​သေး​သော်​လည်း​ ​ယ​ခု​အ​ခါ​ Online​​ စ​တိုး​ ​ဖွင့်​လှစ်​ခြင်း​ဖြင့်​ ​ခြေ​လှမ်း​သစ်​ ​ချဲ့​ထွင်​လာ​ခြင်း​ဖြစ်​သည်​။​ Apple​ ​၏​ ​တ​ရုတ်​ပြည်​ဆိုင်​ရာ​ Online​ ​စ​တိုး​တွင်​ Mac​ ​ထုတ်​ကုန်​ ​ပ​စ္စည်း​များ​အ​တွက်​ ​အ​ခ​မဲ့​ ​ပို့​ဆောင်​ပေး​ခြင်း​၊​ လွတ်​လပ်​စွာ​ ​ရွေး​ချယ်​နိုင်​ခြင်း​စ​သည်​တို့​ ​ဖန်​တီး​ပေး​ထား​ပြီး​ ​ရှန်​ဟိုင်း​နှင့်​ ​ဘေ​ဂျင်း​ကဲ့​သို့​ ​မြို့​ကြီး​များ​၏​ ​ပြင်​ပ​မှ​ ​ဖောက်​သည်​များ​ကို​ပါ​ ​လွယ်​ကူ​စွာ​ ​သုံး​စွဲ​နိုင်​ရန်​ ​စီ​စဥ်​ပေး​ထား​သည်​။

Apple​​ သည်​ ​တ​ရုတ်​နိုင်ငံ​တွင်​ ​အ​ရောင်း​ဆိုင်​ကြီး​ ​၄​ ​ခု​ကို​ ​ဖွင့်​လှစ်​ပြီး​ ​ဖြစ်​သော်​လည်း​ Apple​ ​၏​ ​တ​ရား​ဝင်​ Application​ ​များ​ကို​ ​တ​ရုတ်​နိုင်ငံ​တွင်​ ​လွယ်​ကူ​စွာ​ ​သုံး​စွဲ​နိုင်​ရန်​ ​ယ​ခု​လို​ Online​ ​စ​တိုး​ကို​ပါ​ ​ဖွင့်​လှစ်​ခဲ့​ခြင်း​ဖြစ်​သည်​။​ Apple​​ သည်​ iPad​​ ကို​ ​တ​ရုတ်​နိုင်ငံ​တွင်​ ​စက်​တင်ဘာ​ ​၁၇​ ​ရက်​နေ့​က​ ​တ​ရား​ဝင်​ ​ရောင်း​ချ​ခဲ့​သ​လို​ iPhone​ 4​ ​ကို​လည်း​ ​စက်​တင်​ဘာ​ ၂၅​ ​ရက်​နေ့​က​ ​ရောင်း​ချ​ခဲ့​သည်​။​ ​သို့​သော်​လည်း​ iPhone​ 4​​ ကို​ ​အ​တု​ပြန်​လည်​ ​ပြု​လုပ်​ရန်​ ​ဝယ်​ယူ​မှု​များ​ ​ရှိ​နေ​ကြောင်း​ ​သ​တင်း​များ​ ​ထွက်​ပေါ်​ခဲ့​သည့်​နောက်​ Apple​​ သည်​ ​ဘေ​ဂျင်း​ရှိ​ Apple​​ အ​ရောင်း​ဆိုင်​ကို​ ​ရက်​ပိုင်း​မျှ​ ​ပိတ်​ထား​ခဲ့​ရ​သေး​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here