တိုက်​ဂါး​ဝုဒ်​​ ​အိမ်​ထောင်​ပြို​ကွဲ​ရ​သည်​မှာ​​ ​ဇ​နီး​ဟောင်း​​ ​အီ​လင်​နော်​ဒီ​ဂ​ရန်​ကြောင့်​ဟု​ဆို

alt

တိုက်​ဂါး​ဝုဒ်​၏​​ ​အိမ်​ထောင်​ရေး​ ​ပြို​ကွဲ​ရ​မှု​တွင်​​ ​အ​ဓိ​က​ ​တာ​ဝန်​ရှိ​သူ​သည်​​ ​ဝုဒ်​၏​ ​ဇ​နီး​ေ​ဟာင်း​ ​အီ​လင်​နော်​ဒီ​ဂ​ရန်​သာ​ဖြစ်​ကြောင်း​ ​ဝုဒ်​နှင့်​ဇာတ်​ရှုပ်​ခဲ့​သူ​ ​အ​မျိုး​သ​မီး​ ​တစ်ဦး​က​ ​စွပ်​စွဲ​လိုက်​သည်​။​

​လော်​ရင်​ဒါ​နာ​ ​ဂျို​လီ​က​ ​အီ​လင်း​သည်​ ​ဝုဒ်​အား​ ​အ​ပိုင်​ချိုင်​ချင်၍​ ​လက်​ထက်​ခဲ့​ ခြင်း​သာ​ဖြစ်​ပြီး​ ​က​မ္ဘာ​ကျော်​ ​ဘီ​လျံ​နာ​ ​ဂေါက်​သီး​ချန်​ပီ​ယံ​အ​တွက်​ ​ပျော်​ရွှင်​မှု​ ​မ​ပေး​ခဲ့​ကြောင်း​ ​သူ​မ​ကိုယ်​တိုင်​ ​ရေး​သား​သော​ ​စာ​အုပ်​အ​တွင်း​ ​ဖော်​ပြ​ထား​သည်​။​ ​ဂျို​လီ​သည်​ ​ဝုဒ်​နှင့်​ ​တစ်​ည​တာ​ ​အ​ချိန်​ကုန်​ရန်​အ​တွက်​ ​ဒေါ်​လာ​ ​၁၆၀၀၀​ ​ဖြင့်​ သ​ဘော​တူ​ညိီမှု​ ​ရ​ရှိ​ခဲ့​ကြောင်း​ ​ထုတ်​ဖော်​ဝန်​ခံ​ထား​သူ​ ဖြစ်​သည်​။

​နို​ဝင်​ဘာ​လ​တွင်​ ​ထုတ်​ဝေ​မည့်​ ​စာ​အုပ်​တွင်​ ​ဂျို​လီ​သည်​ ​သူ​မ​နှင့်​ ​ဝုဒ်​တို့​၏​ ​အ​တွင်း​ရေး​များ​ကို​ ​ဖော်​ပြ​ထား​ကြောင်း​ ​အ​သက်​ ​၂၇​ ​နှစ်အ​ရွယ်​ ​ဂျို​လီ​က​ဆို​သည်​။​ ​ဝုဒ်​သည်​ ​အ​မျိုး​သ​မီး​ ​အ​နည်း​ဆုံး​ ​၁၄​ ဦး​ခန့်​နှင့်​ ​ဇာတ်​ရှုပ်​ခဲ့​ကြောင်း​ ​ထုတ်​ဖော်​ဝန်​ခံ​ပြီး​နောက်​ ​အိမ်​ထောင်​ရေး​ ​ပြို​ကွဲ​ခဲ့​ သည်​။​ ​Playboy​ ​ကိုယ်​ဟန်​ပြ​မယ်​ဟောင်း​ ​ဂျို​လီ​သည်​ ​အ​သက်​ ​၃၀​ ​အ​ရွယ်​ ​ဂေါက်​သီး​သ​မား​နှင့်​ ​အ​ချစ်​ရေး​ဆိုင်​ရာ​တို့​ကို​ The​ Real​ Diary:​ Lessons​ from​ the​ Good​ Time​ Girl​ to​ Champion​​ တွင်​ ​ဖော်​ပြ​ထား​မည်​ဖြစ်​ကြောင်း​ ​အ​ခိုင်​အ​မာ​ ​ပြော​ဆို​နေ​သ​လို​ ​ဝုဒ်​နှင့်​ ​ဇာတ်​ရှုပ်​ခဲ့​ ကြောင်း​ ​ဝန်​ခံ​ထား​သူ​ ​အ​ခြား​အ​မျိုး​သ​မီး​ ​တစ်ဦး​က​လည်း​ ​သူ​မ​နှင့်​ ​ဝုဒ်​တို့​၏​ ​လိင်​မှုဗီ​ဒီ​ယို​များ​ကို​ Onilne​ ​မှ​တ​ဆင့်​ ​ရောင်း​ချ​နေ​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here