​ေ​ဈး​ပေါ​သည့်​​ ​စာ​ကြည့်​မျက်​မှန်​များ​က​​ ​မျက်​စိ​ကို​​ ​ဆိုး​ရွား​စွာ​ထိ​ခိုက်​စေ​နိုင်

alt

ေ​ဈး​ပေါ​ပေါ​ ​စာ​ကြည့်​မျက်​မှန်​များ​ကို​ ​အ​လွယ်​ဝယ်​ယူ​ ​တပ်​ဆင်​ခြင်း​သည်​ ​မျက်​စိ​ကို​ ​ဆိုး​ဆိုး​ရွား​ရွား​ ​ထိ​ခိုက်​စေ​နိုင်​ကြောင်း​ ​သု​တေ​သီ​များ​က​ ​သ​တိ​ပေး​ ​ပြော​ကြား​ခဲ့​သည်​။​

​က​မ္ဘာ့​လူဦး​ရေ​ ​သန်း​နှင့်​ချီ​ပြီး​ ​လမ်း​ဘေး​တွင်​ ​ရောင်း​ချ​နေ​သည့်​ ​စာ​ကြ​ည့်​မျက်​မှန်​များ​ကို​ ​ဝယ်​ယူ​ တပ်​ဆင်​လေ့​ရှိ​ရာ​ ​ရေ​ရှည်​တွင်​ ​အ​မြင်​အာ​ရုံ​ ​ထိ​ခိုက်​မှု​ကို​ ​ကြီး​ကြီး​မား​မား​ ​ဖြစ်​လာ​စေ​ဖွယ်​ ​ရှိ​နေ​ကြောင်း​ ​သိ​ရ​သည်​။​ ​မျက်​လုံး​အ​မြင်​ ​ပါ​ဝါ​ကို​ ​စ​နစ်​တ​ကျ​ ​တိုင်း​တာ​ခြင်း​ ​မ​ရှိ​သော​ ​မျက်​မှန်​များ​သည်​ သင့်​လျော်​သော​ ​အ​ခြေ​အ​နေ​ထက်​ ​အ​ပေါင်း​အ​နုတ်​ ​ဒီ​ဂ​ရီ​ ​အ​တော်​များ​များ​ ​ကွာ​ခြား​နေ​စေ​နိုင်​ပြီး​ အ​ကျိုး​ဆက်​အ​နေ​နှင့်​ ​ထိ​ခိုက်​မှု​များ​ ​ဖြစ်​လာ​စေ​မည်​ဟု​ ​ဗြိ​တိန်​နိုင်ငံ​မှ​ ​သု​တေ​သီ​များ​က​ ​သုံး​သပ်​ပြော​ကြား​ခဲ့​သည်​။

​ ​ဗြိ​တိန်​တွင်​ ​လူ​ ​၁​ ​သန်း​ကျော်​မျှ​သည်​ ​လမ်း​ဘေး​မှ​ ​မျက်​မှန်​များ​ကို​ ​အ​လွယ်​တပ်​ဆင်​နေ​သည်​။​ ယင်း​မျက်​မှန်​များ​ကြောင့်​ ​ပျမ်း​မျှ​ဒီ​ဂ​ရီ​ ​လွဲ​ချော်​မှ​ ​၃.​၅​ ​မျှ​ ​ရှိ​နိုင်​ကြောင်း​ ​သိ​ရ​သည်​။​ ​ မျက်​စိ​အ​ထူး​ကု​ ​ပ​ညာ​ရှင်​များ​က​ ​မျက်​မှန်​ဝယ်​ယူ​ရာ​တွင်​ ​ပိုက်​ဆံ​ကို​ ​စေး​နှဲ​ခြွေ​တာ​မှု​ ​မ​ပြု​သင့်​ကြောင်း​ ​တိုက်​တွန်း​ခဲ့​သည်​။​ ​ပါဝါ​လွဲ​နေ​သော​ ​မျက်​မှန်​များ​သည်​ ​အ​မြင်​အာ​ရုံ​ကို​ ​ထိ​ခိုက်​စေ​ရုံ​မျှ​မ​က​ ​အာ​ရုံ​ကြော​များ​ကို​လည်း​ ​ဒု​က္ခ​ရောက်​စေ​နိုင်​ပြီး​ ဦး​နှောက်​အ​တွင်း​ ​အ​ကြိတ်​တည်​ခြင်း​ကဲ့​သို့​ ​အ​ခြေ​ အ​နေ​များ​ ​ဖြစ်​လာ​စေ​တတ်​ကြောင်း​ ​ပ​ညာ​ရှင်​များ​က​ ​သ​တိ​ပေး​ ​ပြော​ကြား​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here