၁၁​​ ​နှစ်​ ​အ​ရွယ်​က​တည်း​က​​ ​အ​ပျို​ဖော်​ ​စ​ဝင်​ခဲ့​ကြောင်း​​ ဂျက်​နက်​ဂျက်​ဆင်​​ပြော

alt

ဂျက်​နက်​ဂျက်​ဆင်​က​​ ​သူ​မ​သည်​ ​အ​သက်​ ​၁၁​​ ​နှစ်​ ​အ​ရွယ်​က​တည်း​က​​ ​အ​ပျို​ဖော်​ ​စ​ဝင်​ခဲ့​ကြောင်း​​ ​ထုတ်​ဖော်​ပြော​ကြား​လိုက်​သည်​။​​ ​မိုက်​ကယ်​ဂျက်​ဆင်​၏​​ ​ညီ​မ​ဖြစ်​သူ​ ​အ​ဆို​တော်​​ ​မင်း​သ​မီး​က​ ​သူ​မ​၏​​ ​ရင်​သား​သည်​ ​အ​သက်​ ​၁၁​ ​နှစ်​အ​ရွယ်​တွင်​ ​ကြီး​ထွား​လာ​သည်​ဟု​ဆို​သည်​။

​ သူ​မ​သည်​ ​ထို​စဥ်​က​ TV​ Channel​​ တစ်​ခု​မှ​ ​အ​စီ​အစဥ်​ ​တစ်​ခု​အ​တွင်း​ ​ပါ​ဝင်ခွင့်​ ​ရ​ခဲ့​ရာ​ ရင်​သား​အ​လွန်​ကြီး​နေ​သ​ဖြင့်​ ကြိုး​ဖြင့်​သိုင်း​ကာ​ ​ဖိ​နှိပ်​ထား​ခဲ့​ရ​ကြောင်း​ ​ရှင်း​ပြ​ခဲ့​သည်​။​ ​ထို​စဥ်​က​ ​သူ​မ​သည်​ ​၁၀​ ​နှစ်​ကျော်​၊​ ​၁၁​ ​နှစ်​ဝန်း​ကျင်​သာ​ ​ရှိ​သေး​ပြီး​ ​ရိုက်​ကူး​ရေး​အ​ဖွဲ့​က​ ​ရင်​သား​ကို​ ​ဖိ​ကပ်​ဖုံး​ကွယ်​ထား​ ရန်​ ​အ​ကြံ​ပေး​ခဲ့​ကြောင်း​ ​ပြော​ဆို​သွား​သည်​။​ ​အ​သက်​ ​၄၄​ ​နှစ်​အ​ရွယ်​ ဂျက်​နက်​က​ ABC​ ​သ​တင်း​ဌာ​န​နှင့်​ ​အင်​တာ​ဗျူး​တွင်​ ​သူ​မ​၏​ ​အ​ထု​ပ္ပ​တ္တိ​ကို​ ​ဖော်​ပြ​ထား​သည့်​ True​ You​ ​စာ​အုပ်​အ​တွင်း​ ​ယင်း​အ​ကြောင်း​အ​ရာ​များ​ကို​ ​ထည့်​သွင်း​ထား​ကြောင်း​ ​ပြော​ဆို​သွား​သည်​။​

​ဂျက်​နက်​၏​ ​ရင်​သား​နှင့်​ ​ ပတ်​သက်​ပြီး​ ​ယ​ခု​ကိ​စ္စ​ကို​ ​သ​တင်း​မီ​ဒီ​ယာ​များ​သို့​ ​ပြော​ကြား​ခြင်း​သည်​ ​ဒု​တိ​ယ​အ​ကြိမ်​ဖြစ်​သည်​။​ ​၂၀၀၄​ ​ခု​နှစ်​က​ ​သူ​မ​သည်​ ​ဂျက်​စ​တင်​ ​တင်း​ဘား​လိတ်​နှင့်​ ​ဖျော်​ဖြေ​စဥ်​ ​ဂျက်​စ​တင်​၏​လက်​ဖြင့်​ ​မ​တော်​တ​ဆ​ ​ထိ​မိ​မှု​ကြောင့်​ ​ညာ​ဖက်​ရင်​သား​တစ်​ခု​လုံး​ ​ကွင်း​ကွင်း​ကွက်​ကွက်​ ​ပေါ်​ခဲ့​ဖူး​သည်​။​ ​ထို​ကိ​စ္စ​ နှင့်​ ​ပတ်​သက်၍​ ​ဂျက်​နက်​က​ ​မည်​သူ​မျှ​ ​ယင်း​သို့​ဖြစ်​ရန်​ ​ရည်​ရွယ်​ချက်​ ​မ​ရှိ​ကြောင်း​၊​ ​ပ​ရိ​သတ်​ ​အ​မြင်​မ​သင့်​မ​လျော်​ ​ဖြစ်​ခဲ့​သည့်​အ​တွက်​ ​တောင်း​ပန်​ကြောင်း​ ​ထုတ်​ဖော်​ပြော​ဆို​ခဲ့​ဖူး​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here