Sony Walkman များ ဆက်လက်ထုတ်လုပ်တော့မည်မဟုတ်

alt

နှစ်ပေါင်း ၃၀ ကျော်ကြာအောင် သက်တမ်း​ ရှိခဲ့သည့် Sony​ ၏ ခရီးဆောင် Walkman သီချင်း​ နားထောင်သော စက်လေးများ​ အား အနား​ ပေးလိုက်ပြီ​ ဖြစ်သည်။

Mp3 Player​ များနှင့် iPod​ တို့ ခေတ်စား​ လာပြီးနောက် သက်တမ်း ၃၁ နှစ်ရှိ Walkman​ ကို အနား​ ပေးလိုက်ပြီဟု Sony​ က အောက်တိုဘာ ၂၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ထို့အပြင် ကက်ဆက်များ ထုတ်လုပ်​ ရောင်းချမှု​ ကိုလည်း ရပ်ဆိုင်း​ လိုက်ပြီဟု သိရသည်။ Walkman​ သည် ကက်ဆက်ခွေများ ခေတ်​ ကုန်ချိန်တွင် CD​ ဖြင့်​ ဖွင့်​ နိုင်သည့် Version​ သို့ ပြောင်းလဲ​ ထုတ်လုပ်​ ခဲ့ပြီးနောက် ဆက်လက်​ ရပ်တည်​ နေခဲ့​ သေးသည်။

ဥရောပနှင့် အမေရိကတွင်ပါ တွင်ကျယ်စွာ သုံးစွဲခဲ့သော်လည်း ယခုအခါ ဒီဂျစ်တယ် နည်းပညာ ထွန်းကားလာမှုကြောင့် Walkman​ အတွက် ထာဝရ နေရာ​ ပျောက်ဆုံးသွားပြီဖြစ်သည်။ Walkman​ ၏ ကက်ဆက်ခွေဖြင့် ဖွင့်ရသော ပထမဆုံး ထုတ်လုပ်မှုသည် အလွယ်တကူ သယ်ယူနိုင်သည့် ခရီးဆောင် မီဒီယာ ပစ္စည်းများ လောကတွင် ရှေ့ဆောင်လမ်းပြအဖြစ် သတ်မှတ်နိုင်ပြီး အလုံးပေါင်း သန်း ၂၂၀ ကျော် ရောင်းချနိုင်ခဲ့သည်။

Sony​ သည် Walkman​ အစား mp3​ နှင့် mp4 Player​ များကိုသာ ထုတ်လုပ်​ သွားတော့မည်ဟုလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here