အင်​ဒို​နီး​ရှား​တွင်​​ ​ဆူ​နာ​မီ​ရေ​လှိုင်း​ကြောင့်​ ​သေ​ဆုံး​သူ​အ​ရေ​အ​တွက်​ ​မြင့်​တက်​လာ

alt

အင်​ဒို​နီး​ရှား​တွင်​​ ​ယ​ခု​သီ​တင်း​ပါတ်​ ​အ​စော​ပိုင်း​က​​ ​ဆူ​နာ​မီ​ရေ​လှိုင်း​များ​​ ​ရိုက်​ခတ်​ခဲ့​မှု​ကြောင့်​​ ​သေ​ဆုံး​သူ​ အရေအတွက်မှာ​​ ​ကြို​တင်​ခန့်​မှန်း​ထား​သည့်​အ​တိုင်း​​ ​ဆက်​လက်​တိုးပွား​လာ​ခဲ့​သည်​။​

​အောက်​တို​ဘာ​ ​၂၅​ ​ရက်​နေ့​က​ ​အင်​အား​ ​၇.​၇​ ​ရှိ​သော​ င​လျင်​ကြီး​တစ်​ခု​ ​လှုပ်​ ခတ်​ရာ​မှ​ ​ပန်​ဒန်း​ရှိ​ မန်​တာ​ဝီ​ ​ကျွန်း​စု​ဒေ​သ​သို့​ ​ဆူ​နာ​မီ​ ​ရေ​လှိုင်း​များ​ ​ရိုက်​ခတ်ခဲ့​ရာ​ ​ယ​ခု​အ​ခါ​ ​သေ​ဆုံး​သူ​ ​အ​ရေ​အ​တွက်​မှာ​ ​၃၇၀​ ​ကျော်​သွား​ပြီ​ဟု​ ​သိ​ရ​သည်​။​ ​ကယ်​ဆယ်​ရေး​များ​သည်​ ​ပျောက်​ဆုံး​နေ​သူ​ ​၃၀၀​ ​ကျော်​ကို​ ​ဆက်​လက်​ရှာ​ဖွေ​နေ​ဆဲ​ဖြစ်​သည်​။​ ​ဆူ​နာ​မီ​ရေ​လှိုင်း​ကြောင့်​ ​လူ​အ​များ​ ​သေ​ ဆုံး​ခဲ့​မှု​နှင့်​ ​ပတ်​သက်​ပြီး​ ​သ​တိ​ပေး​စ​နစ်​ ​ချွတ်​ယွင်း​ပျက်​ကွက်​မှု​ကို​ ​ဆိုး​ဆိုး​ရွား​ရွား​ ​ပြစ်​တင်​ဝေ​ဖန်​မှု​များ​လည်း​ ​ရှိ​နေ​သည်​။​

​က​မ္ဘာ​ပေါ်တွင်​ ​သ​ဘာ​ဝ​ဘေး​အ​န္တ​ရာယ်​ ​မ​ကြာ​ခ​ဏ​ ​တွေ့​ကြံု​ခံ​စား​ရ​သည့်​ ​နိုင်ငံ​တစ်​ခု​အ​ဖြစ်​ ​ထင်​ရှား​သော​ ​အင်​ဒို​နီး​ရှား​နိုင်ငံ​သည်​ ​၂၀၀၄​ ​ခု​နှစ်​ ​ဆူ​နာ​မီ​ ​ရေ​လှိုင်း​ကြီး​ ​ရိုက်​ ခတ်​စဥ်​က​လည်း​ ​အ​ဆိုး​ရွား​ဆုံး​ ​တွေ့​ကြံု​ခံ​စား​ခဲ့​ရ​သည်​။​ ​ထို​စဥ်​က​ ​အင်​ဒို​နီး​ရှား​တွင်​ ​အ​ထိ​အ​ခိုက်​ ​အ​များ​ဆုံး​ ​ဖြစ်​ခဲ့​ပြီး​ ​အာ​ရှ​နိုင်ငံ​များ​တွင်​ ​လူ​ပေါင်း​ ​၂၂၆၀၀၀​ ​ကျော်​မျှ​ ​သေ​ကြေ​ခဲ့​သည်​။​ ​ပန်​ဒန်း​ဒေ​သ​တွင်​ ​ရေ​လှိုင်း​များ ​ကြီး​ကြီး​မား​မား​ ရိုက်​ခတ်​မှု​ကို​ ​ကြို​တင်​သ​တိ​ပေး​နိုင်​မည့်​စ​နစ်​ ​ပျက်​စီး​နေ​မှု​ မှာ​ ​ဂျာ​ဗား​ကျွန်း​ရှိ​ ​သ​တိ​ပေး​စ​နစ်​ကို​သာ​ ​အ​ဓိ​က​ ​အာ​ရုံ​စိုက်​နေ​ခြင်း​ကြောင့်​ဟု​ ​ပြစ်​တင်​ခဲ့​သည်​။

အာ​ရှ​တောင်​ပိုင်း​ ​နိုင်ငံ​များ​အ​နက်​ ​မြန်​မာ​၊​ ​အင်​ဒို​နီး​ရှား​နှင့်​ ​အိ​န္ဒိ​ယ​ကဲ့​သို့​ ​ကမ်း​ရိုး​တန်း​ ​ရှည်​လျား​သော​ ​နိုင်ငံ​များ​တွင်​ ​လူ​အ​များ​စု​သည်​ ​မို​ဘိုင်း​ဖုန်း​ ​ကိုင်​ဆောင်​နိုင်​ခြင်း​ ​မ​ရှိ​သ​ဖြင့်​ ​အ​ရေး​ပေါ်​ ​အ​ ခြေ​အ​နေ​ကို​ Wireless​ ​နည်း​ပ​ညာ​ဖြင့်​ ​သ​တိ​ပေး​ချက်​ ​ထုတ်​ပြန်​မှု​မျိုး​အ​တွက်​ ​အ​ခက်​အ​ခဲ​များ​ ​ရှိ​နေ​ဆဲ​ဖြစ်​သည်​။​ အင်​ဒို​နီး​ရှား​ ​အ​စိုး​ရ​သည်​ င​လျင်​နှင့်​ ​မီး​တောင်​ပေါက်​ကွဲ​မှု​များ​ ​မ​ကြာ​ခ​ဏ​ ​ကြံု​ရ​လေ့​ရှိ​သည့်​ ​နိုင်ငံ​၏​ ​အ​ရေး​ပေါ်​ ​အ​ခြေ​အ​နေ​နှင့်​ ​ပတ်​သက်​ပြီး​ ​ပြန်​လည်​လေ့​လာ​ ​သုံး​သပ်​မှု​များ​ ​ ပြု​လုပ်​ရန်​ ​လို​အပ်​နေ​ကြောင်း​ ​ဝန်​ခံ​ပြော​ဆို​ထား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here