ပြင်​သစ်​တွင်​ ပင်စင်ဥ​ပ​ဒေ​အား​​ ​ဆန့်​ကျင်​သည့်​​ ​ဆ​န္ဒ​ပြ​မှု​များ​ အင်​အား​လျော့​ကျလာ

alt

ပြင်​သစ်​အ​စိုး​ရ​၏​​ ​ပင်​စင်​လ​စာ​ ​အ​ပြည့်​အ​ဝ ​ခံ​စား​ခွင့်​ပြု​မည့်​​ ​အ​သက်​အ​ရွယ်​ကို​ ​တိုး​မြှင့်​သည့်​ ဥ​ပ​ဒေ​အား​ ​ဆန့်​ကျင်​ဆ​န္ဒ​ပြ​မှု​များ​ ​တ​ဖြည်း​ဖြည်း​ ​အင်​အား​လျော့​ကျ​လာ​ခဲ့​သည်​။​

​ပြင်​သစ်​သ​မ္မ​တ​ ​နီ​ကို​လက်​ ​ဆာ​ကို​ဇီ​ ​တင်​သွင်း​ထား​သော​ ​ပင်​စင်​အ​ပြည့်​ ​ခံ​စား​ခွင့်​ ​အ​သက်​အ​ ရွယ်​ကို​ ​၆၅​ ​နှစ်​မှ​ ​၆၇​ ​နှစ်​သို့​ ​တိုး​မြှင့်​သတ်​မှတ်​ရန်​ ​ကိ​စ္စ​ကို​ ​ဆန့်ကျင်​မှု​များ​ ​ရှိ​နေ​သေး​သည့်​တိုင်​ ​ဆ​န္ဒ​ပြ​သူ​ ​အ​ရေ​အ​တွက်​မှာ​ ​လျော့​နည်း​ကျ​ဆင်း​သွား​ကြောင်း​ ​ပြင်​သစ်​ရဲ​တပ်​ဖွဲ့​နှင့်​ ​ပြင်​သစ်​လုပ်​သား​များ​ ​ယူ​နီ​ယံ​တို့​က​ ​ပြော​ကြား​ခဲ့​သည်​။​ န​ဝ​မ​အ​ကြိမ်​မြောက်​ ​ဆ​န္ဒ​ပြ​မှု​အ​ဖြစ်​ ​အောက်​တို​ဘာ​ ​၂၈​ ​ ရက်​နေ့​က​ ​ပြင်သစ်​တွင်​ ​စု​ရုံး​ခဲ့​သူ​ ​အ​ရေ​က​အ​တွက်​သည်​ ​၅၆၀၀၀ဝ​ ​မျှ​သာ​ ​ရှိ​တော့​ရာ​ ​အောက်​တို​ဘာ​ ​၁၉​ ​ရက်​နေ့​က​ ​လူ​ပေါင်း​ ​၁.​၁​ ​သန်း​နှင့်​ ​နှိုင်း​ယှဥ်​ပါ​က​ ​ထက်​ဝက်​မျှ​ ​လျော့​ကျ​သွား​ခြင်း​ဖြစ်​သည်​။​

​အ​လုပ်​သ​မား​ရေး​ရာ​ ​ဝန်​ကြီး​ဖြစ်​သူ​ ​အဲ​ရစ်​ဝိုး​ရက်​က​ ဥ​ပ​ဒေ​ကို​ ​ဆန့်​ကျင်​လို​မှု​သည်​ ​တ​စ​ ထက်​တစ​ ​လျော့​ကျ​လာ​ကြောင်း​ AFP​​ သို့​ ​ပြော​ကြား​ခဲ့​သည်​။​ ၎င်း​က​ ​ပင်​စင်​အ​သက်​အ​ရွယ်​အ​တွက်​ ဥ​ပ​ဒေ​ ​ပြောင်း​လဲ​သတ်​မှတ်​မှု​ကြောင့်​ ​ပြည်​တွင်း​တွင်​ ​ပ​ဋိ​ပ​က္ခ​အ​ချို့​ ​ရှိ​ခဲ့​ခြင်း​မှာ​ ​မ​ကြာ​မီ​ ​လျော့​နည်း​ပ​ပျောက်​သွား​မည်​ဟု​ ​မျှော်​လင့်​ကြောင်း​ ​ပြော​ဆို​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here