က​မ္ဘာ​ပေါ်​တွင်​​ ​မြန်နှုန်း​အ​မြင့်​ဆုံး​​ ​စူပါ​ကွန်​ပျူ​တာ​​ ​တ​ရုတ်​နိုင်ငံ​​ ​ပိုင်​ဆိုင်​နိုင်​ပြီ​ဖြစ်

alt

တ​ရုတ်​နိုင်ငံ​သည်​​ ​က​မ္ဘာ​ပေါ်​တွင်​ ​မြန်​နှုန်း​အ​မြင့်​ဆုံး​ စူ​ပါ​ကွန်​ပျူ​တာ​ကို​​ ​ပိုင်​ဆိုင်​လာ​ပြီ​ဟု​​ ​သိ​ရ​သည်​။​ ​တ​ရုတ်​နိုင်ငံ​၏​ Thanhe-1A​ ​သည်​ ​တစ်​စ​က္ကန့်​လျင်​​ ​ထ​ရီ​လီ​ယံ​ပေါင်း​ ​၂.​၅​​ ​ထောင်​ကျော်​မျှ​ ​တွက်​ချက်​မှု​ကို​ ​ပြု​လုပ်​နိုင်​သည်​။​

​ယင်း​ကဲ့​သို့​ ​အ​လွန်​မြင့်​မား​သော​ ​မြန်​နှုန်း​ကို​ ​ရ​ရှိ​ရန်​ Graphic​ Processor​ ​ပေါင်း​ ​၇၀၀၀​ ​ကျော်​နှင့်​ Intel​ Chip​​ ပေါင်း​ ​၁၄၀ဝ​၀​ ​တို့​ကို​ ​ထည့်​သွင်း​တပ်​ဆင်​ထား​ခဲ့​သည်​။​ ​က​မ္ဘာ​ပေါ်​တွင်​ ​မြန်​နှုန်း​အ​မြင့်​ဆုံး​ ​စူ​ပါ​ကွန်​ပျူ​တာ​ ​၅၀၀​ ​စာ​ရင်း​ကို​ ​စစ်​တမ်း​ပြု​စု​ခဲ့​ရာ​ Tianhe-1A​​ က​ ​နံ​ပါတ်​ ​၁​နေ​ရာ​တွင်​ ​ရှိ​နေ​ပြီး​ ​အ​မေ​ရိ​ကန်​မှ​ XT5​ Jaguar​ ​က​ ​ ဒု​တိယ​နေ​ရာ​သို့​ ​ဆင်း​သွား​သည်​။​ ​ယင်း​ကွန်​ပျူ​တာ​သည်​ ​တစ်​စ​က္ကန့်​လျင်​ ​တွက်​ချက်​မှု​ ​ထ​ရီ​လီ​ယံ​ပေါင်း​ ​၁.​၇၅​ ​ထောင်​မျှ​ ​စွမ်း​ဆောင်​နိုင်​သည်​။​ ​တင်​နက်​ဆီ​ ​တ​က္က​သိုလ်​မှ​ ​ပ​ရော်​ဖက်​ဆာ​ ​ဂျက်​ဒွန်​ဂါ​ရာ​က​ ​က​မ္ဘာ့​စွမ်း​ရည်​အ​မြင့်​ဆုံး​ ​စူ​ပါ​ကွန်​ပျူ​တာ​ ​၅၀၀​ ​စာ​ရင်း​ကို​ ​ပြု​စု​ခဲ့​သူ​ဖြစ်​ပြီး​ ​အ​ချက်​အ​လက်​ အား​လုံး​ ​မှန်​ကန်​မှု​ရှိ​ကြောင်း​ ၎င်း​က​ BBC​​ သို့​ ​ပြော​ကြား​ခဲ့​သည်​။​

​ပ​ရော်​ဖက်​ဆာ​ ​ဒွန်​ဂါ​ရာ​ ​တ​ရုတ်​နိုင်ငံ​၏​ ​ကွန်​ပျူ​တာ​နည်း​ပ​ညာ​ ​ဖွံ့​ဖြိုး​တိုး​တက်​မှု​နှင့်​ ​ပတ်​သက်​ပြီး​လည်း​ ​ချီးကျူး​ခဲ့​သည်​။​ Tainhe-1A​ ​သည်​ Nvidia​​ မှ​ Graphic​ Processor​​ များ​နှင့်​ Intel​ Chip​​ များ​ကို​ ​ပေါင်း​စပ်​ပြီး​ ​စွမ်း​ ဆောင်​ရည်​ကို​ ​မြှင့်​တင်​ထား​ခြင်း​ဖြစ်​သည်​။​ ကွန်​ပျူ​တာ​၏​ ​အ​လေး​ချိန်​မှာ​ ​၁၅၅​ ​တန်​ကျော်​လေး​ပြီး​ ​တီ​ယန်​ဂျင်း​ရှိ​ ​တ​ရုတ်​အ​မျိုး​သား​ ​စူ​ပါ​ကွန်​ပျူ​တာ​စင်​တာ​တွင်​ ​ထား​ရှိ​ကြောင်း​ ​သ​တင်း​ရ​ရှိ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here