ဘင်​လာ​ဒင်​​ခြိမ်း​ခြောက်​မှု​ထွက်​ပေါ်​လာ​

alt

အယ်​ကေး​ဒါး​​ ​အ​ကြမ်း​ဖက်​အ​ဖွဲ့​ ​ခေါင်း​ဆောင်​ကြီး​​ ​အို​စ​မာ​ ​ဘင်​လာ​ဒင်​က​ ပြင်​သစ်​နိုင်ငံ​အား​​ ​ခြိမ်း​ခြောက်​မှု​များ​​ ​ပြု​လုပ်​လိုက်​ကြောင်း​​ ​သိ​ရ​သည်​။​ ​အ​သံ​သွင်း​​ ​တိပ်​ခွေ​တစ်​ခု​အ​တွင်း​​ ​ဘင်​လာ​ဒင်​က​ ​အာ​ဖ​ဂန်​န​စ္စ​တန်​ ​စစ်​ပွဲ​တွင်​ ​ပါ​ဝင်​တိုက်​ခိုက်​နေ​မှု​နှင့်​ ​နိုင်ငံ​အ​တွင်း​

​မွတ်​စ​လင်​ ​ဘာ​သာ​ရေး​ဆိုင်​ရာ​ ​အ​မျိုး​သ​မီး​များ​ ​ဝတ်ဆင်​သည့်​ ​မျက်​နှာ​အ​ကွယ်​အ​ကာ​များ​ကို​ ​ပိတ်​ပင်​မှု​များ​အ​တွက်​ ​ပေး​ဆပ်​ရ​မည်​ဟု​ ​ခြိမ်း​ခြောက်​ထား​သည်​။​ Al-Jazeera​ ​သ​တင်း​ဌာ​န​က​ ​အောက်​တို​ဘာ​ ​၂၇​ ​ရက်​နေ့​က​ ​ယင်း​အ​သံ​သွင်း​တိပ်​ခွေ​ကို​ ​လက်​ခံ​ရ​ရှိ​ပြီး​နောက်​ ​သ​တင်း​ဝက်​ဆိုက်​တွင်​ ​ပြ​ န်​လည်​လွှင့်​တင်​ပေး​ခဲ့​သည်​။​ ​အ​သံ​သွင်း​ခွေ​ထဲ​တွင်​ ​ဘင်​လာ​ဒင်​က​ ​အ​မေ​ရိ​ကန်​များ​သည်​ ​မွတ်​ဆ​လင်​ ​က​လေးငယ်​များ​နှင့်​ ​အ​မျိုး​သ​မီး​များ​ကို​ ​သတ်​ဖြတ်​နိုင်​အောင်​ ​ပြင်​သစ်​က​ ​ထောက်​ပံ့​ပေး​နေ​ကြောင်း​ ​စွပ်​စွဲ​ထား​သည်​။​ ၎င်း​က​ ​အာ​ဖ​ရိ​က​တိုက်​ရှိ​ ​နိုက်​ဂျား​နိုင်ငံ​တွင်​ ​ပြင်​သစ်​နိုင်ငံ​သား​ ​၅​ ဦး​တို့​ ​ ပြီး​ခဲ့​သည့်​လ​က​ ​ပြန်​ပေး​ဆွဲ​ခံ​ရ​မှု​သည်​ ​ပြင်​သစ်​က​ ​မွတ်​ဆ​လင်​တို့​ကို​ ​ဖိ​နှိပ်​လာ​ခြင်း​အ​တွက်​ ​က​နဦး​ ​တုန့်​ပြန်​ခြင်း​ဟု​ ​ပြော​ကြား​လိုက်​သည်​။​

​ပြင်​သစ်​သို့​ ဦး​တည်​ထား​သော​ ​အ​သံ​သွင်း​ခွေ​တွင်​ ​ဘင်​လာ​ဒင်​က​ ​မိ​မိ​တို့​သည်​ ​အ​လွန်​ရိုး​ရှင်း​သော​ ​ညီ​မျှ​ခြင်း​ဖြင့်​ ​အ​ခြေ​အ​နေ​တိုင်း​ကို​ ​ကိုင်​တွယ်​နေ​ ကြောင်း​၊​ ​ပြင်​သစ်​တို့​ ​မွတ်​ဆ​လင်​များ​ကို​ ​သတ်​သည့်​အ​တွက်​ ​မိ​မိ​တို့​က​ ​ပြင်​သစ်​များ​ကို​ ​သတ်​မည်​ဖြစ်​ကြောင်း​၊​ ​ပြင်​သစ်​များ​က​ ​မွတ်​ဆ​လင်​များ​ကို​ ​ဖမ်း​ဆီး​လျင်​ ​အ​လား​တူ​ ​တုန့်​ပြန်​မည်​ဖြစ်​ကြောင်း​ ​ခြိမ်း​ခြောက်​ထား​သည်​။​ ​ယင်း​ကိ​စ္စ​နှင့်​ ​ပတ်သက်​ပြီး​ ​ပြင်​သစ်​နိုင်ငံ​ခြား​ရေး​ ​ဝန်​ကြီး​ဌာန​က​ မှတ်​ ချက်​မ​ပေး​သေး​ချေ​။​ CNN​သ​တင်း​ဌာ​န​က​မူ​ ​အ​သံ​သွင်း​ခွေ​တွင်​ ​ပါ​ရှိ​သည့်​ ​အ​သံ​သည်​ ​ဘင်​လာ​ဒင်​၏​ ​အ​သံ​အ​စစ်​ဟု​ ​ပြော​နိုင်​ရန်​ ​ခက်​ခဲ​ကြောင်း​ ​ကြေ​ညာ​ထား​သည်​။

​ ​ပြင်​သစ်​နိုင်ငံ​သည်​ ​အာ​ဖ​ဂန်​နိုင်ငံ​အ​တွင်း​နှင့်​ ​ပတ်​ဝန်း​ကျင်​ ​ဒေ​သ​များ​တွင်​ ​စစ်​သည်​ ​၄၀၀၀​ ​ကျော်​ ​ဖြန့်​ကျက်​တပ်​စွဲ​ထား​သည်​။​ ပြင်​သစ်​နိုင်ငံ​တွင်​ ​လူ​ထူ​ထပ်​ရာ​ ​နေ​ရာ​များ​အ​တွင်း​ ​မွတ်​ဆ​လင်​ရိုး​ရာ​ ​မျက်​နှာ​ခြံု​လွှာ​များ​ ​ဝတ်​ဆင်​ခွင့်​ကို​ ​လုံ​ခြံု​ရေး​ ​အ​ကြောင်း​ပြ​ချက်​ဖြင့်​ ​ပိတ်​ပင်​သည့်​ ဥ​ပ​ဒေ​အား​ ​ယ​ခု​လ​အ​တွင်း​ ​တစ်​နိုင်ငံ​လုံး​ ​အ​တိုင်း​အ​တာ​ဖြင့်​ ​အ​တည်​ပြု​ ​ပြ​ဌာန်း​လိုက်​ပြီး​နောက်​ ​နိုင်ငံ​တွင်း​ ​မွတ်​ဆ​လင်​များ​က​ ​အ​ပြင်း​အ​ထန်​ ​ ဝေ​ဖန်​ခဲ့​ကြ​သည်​။​ ​ပြင်​သစ်​သည်​ ဥ​ရော​ပ​တွင်​ ​မွတ်​ဆ​လင်​ ​ဘာ​သာ​ဝင်​ ​အ​များ​ဆုံး​ ​နေ​ထိုင်​သည့်​ ​နိုင်ငံ​တစ်​ခု​ဟု​လည်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here