က​မ္ဘာ့​အ​ရှည်​ဆုံး​ကြောင်​အ​ဖြစ်​ အ​မေ​ရိ​ကန်​မှ​​ ​ကြောင်​ထီး​ကြီး​​ စံ​ချိန်​တင်

alt

က​မ္ဘာ​ပေါ်​တွင်​​ ​အ​ရှည်​ဆုံး​ ​ကြောင်​အ​ဖြစ်​ ၅​ ​နှစ်​အ​ရွယ်​ ​ကြောင်​ထီး​ကြီး​ ​စ​တူ​လီ​က​ ​စံ​ချိန်​တင်​လိုက်​သည်​။​ အ​ရှည်​ ​၄၈​ ​လက်​မ​ခွဲ​ ​ရှိ​သော​ ​ကြောင်​ကြီး​သည်​ ​ယ​ခင်​က​ ​အ​ရှည်​ ​၄​ ​ပေ​တိ​တိ​ (​၄၈​ ​လက်​မ)​ ​ရှိ​သည့်​ ​စံ​ချိန်​ဟောင်း​ကို​ ​ကျော်​ဖြတ်​လိုက်​ခြင်း​ဖြစ်​သည်​။

​အ​မေ​ရိ​ကန်​နိုင်ငံ​မှ​ ​ကြောင်​ကြီး​၏​ ​ပိုင်​ရှင်​များ​ဖြစ်​သည့်​ ​ရို​ဘင်​ဟန်​ဒ​ရစ်​ဆင်​နှင့်​ ​အဲ​ရစ်​ဘ​ရန်း​ဒါ​နက်​တို့​က​ ​လူ​ပေါင်း​များ​စွာ​တို့​သည်​ ​စ​တီ​ဝီ​အား​ ​မြင်သည့်​အ​ခါ​တိုင်း​ ​အံ့ဩ​ပျော်​ရွှင်​လေ့​ရှိ​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​ ​ ​ဟန်​ဒ​ရစ်​ဆင်​က​ စ​တီ​ဝီ​၏​ ​မျိုး​ရင်း​ဖြစ်​သော​ ​မိန်း​ကွန်း​ကြောင်​များ​သည်​ ​ကြောင်​ချစ်​သူ​များ​အ​တွက်​ ​ယဥ်​ကျေး​သိမ်​မွေ့​သော​ ​အ​ကောင်​ကြီး​များ​ဟု​ လူ​သိ​များ​ကြောင်း​ ​ရှင်း​ပြ​ခဲ့​သည်​။​

​ယ​ခင်​က​ ​က​မ္ဘာ့​အ​ရှည်​ဆုံး​ ​စံ​ချိန်​တင်​ ​ကြောင်​ကြီး​မှာ​လည်း​ ​စ​တီ​ဝီ​ကဲ့​သို့​ပင်​ ​မိန်း​ကွန်း​ ​အ​မျိုး​အ​စား​ဖြစ်​ပြီး​ ​ယ​ခု​အ​ခါ​ ​စ​တီ​ဝီ​သည်​ ​ဂင်း​နစ်​ ​က​မ္ဘာ့​မှတ်​တမ်း​ ​စာ​အုပ်​တွင်​ ​အ​သိ​အ​မှတ်​ပြု​ ​ဖော်​ပြ​သည့်​ ​က​မ္ဘာ့​အ​ရှည်​ဆုံး​ ​ကြောင်​အ​ဖြစ်​ ​ဆက်​ခံ​နေ​ရာ​ယူ​နိုင်​ခဲ့​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here