အသေးစားဆောင်ကြာမြိုင်များကို တရားဝင်ခွင့်ပြုရန် ထိုင်ဝမ် အစိုးရစီစဥ်နေ

alt

ထိုင်ဝမ် အစိုးရသည် အသေးစား ဆောင်ကြာမြိုင် များကို တရားဝင် ခွင့်ပြုရန် စီစဥ် နေကြောင်း သိရသည်။ လိင် ဝန်ဆောင်မှုကို အသေးစား လုပ်ငန်း​​ အဖြစ် ဆောင်ရွက်ခြင်းအား ခွင့်ပြု​ ပေးနိုင်ရန် ဥပဒေ​ ကြောင်း​ အရ အပြောင်း​ အလဲ တစ်ခု​ အတွက်

မိမိတို့ စဥ်းစားနေကြောင်း ထိုင်ဝမ်​ ပြည်ထဲရေး ဝန်ကြီး​ ဌာန ဝက်ဆိုက်တွင် ဖော်ပြထားသည်။

ဝက်ဆိုက်တွင် ရေးသားထားမှု​ အရ ကလေး​ သူငယ်များနှင့် ကင်းကင်း​ ကွာကွာ လုပ်ဆောင်မည် ဆိုပါက အမျိုးသမီး သုံးဦးမှ ငါးဦးထိ ပါဝင်သည့် လုပ်ငန်းများကို လက်ခံ​ ပေးသွားရန် စဥ်းစား​ နေကြောင်း သိရှိရသည်။ ယခင်က ထိုင်ဝမ်၏ မြို့တော်ဖြစ်သော ထိုင်ပေတွင် ပြည့်တန်ဆာ လုပ်ငန်းကို တရားဝင် ခွင့်ပြုခဲ့သော်လည်း ၁၉၉၇ ခုနှစ်တွင် ခွင့်ပြုချက်ကို ပယ်ဖျက်ခဲ့သည်။

ပြည့်တန်ဆာလုပ်ငန်း ပြန်လည်လုပ်ကိုင်ခွင့်အတွက် ဥပဒေမူကြမ်းကို လွန်ခဲ့သည့် ၂ နှစ်က စတင်ဆွေးနွေးခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ပြည့်တန်ဆာ လုပ်ငန်းအတွက် ပြစ်ဒဏ်ချမှတ်မှုကို ပယ်ဖျက်ပေးခဲ့သည်။ ထိုင်ပေမြို့တွင် ညပိုင်းဖွင့်သော ဘားများနှင့် ကလပ်များသည် ပြည့်တန်ဆာများ အခြေချ လှုပ်ရှားရာ နေရာများအဖြစ် ဆက်လက်တည်ရှိပြီး ခန့်မှန်းချက်များအရ ထိုင်ဝမ်တွင် လိင်နှင့်ဆက်စပ်သော အလုပ်မျိုး လုပ်ကိုင်သူ ခြောက်သိန်းကျော်မျှ ရှိနိုင်ကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here