အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ပြောဆိုခံရပါက တိုင်ကြားနိုင်သည့် ဝက်ဘ်ဆိုက်လွှင့်တင်မည်

alt

အီဂျစ်နိုင်ငံတွင် အမျိုးသမီးများ လိင်ပိုင်း ဆိုင်ရာ နှောင့်ယှက် ပြောဆို စော်ကားမှု ခံရပါက တိုင်ကြားရန် အတွက် ဝက်ဆိုက် တစ်ခုအား လွှင့်တင် ပေးမည် ဖြစ်ကြောင်း သိရသည်။

အီဂျစ်နိုင်ငံ၊ ကိုင်ရို မြို့တော်ရှိ လမ်းမများ၊ လမ်းကြို လမ်းကြားများတွင် မွတ်ဆလင် အမျိုးသမီးများကို လက်ဆော့မှု၊ ပါးစပ်ဖြင့် စော်ကား ပြောဆိုမှုများ ဖြစ်ပေါ် နေခြင်းကြောင့် မည်သည့် နေရာတွင် ထိုသို့ ကြံုခဲ့ရသည်ကို တိုင်တန်း နိုင်ရန် Harrasmap ဝက်ဆိုက်ကို တည်ထောင်ရန် စီစဥ် နေခြင်း ဖြစ်သည်။ ဒီဂျစ်တယ် မြေပုံ စနစ် ပါဝင်သည့် ထိုဝက်ဆိုက်သည် မလျော်မကန် စော်ကား နှောင့်ယှက်မှုများ ရှိနေသည့် နေရာများကို အမျိုးသမီးများကြား အပြန်အလှန် သတင်းပေးကာ ရှောင်ရှားနိုင်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

အီဂျစ်တွင် အမျိုးသမီးများ အတွက် အနှောင့်အယှက်ပေးမှု ခံရခြင်းသည် ယခင်ကတည်းက ရှိနေပြီး အီဂျစ် အာဏာပိုင်များက ကြပ်ကြပ်မတ်မတ် ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ခြင်း မရှိပေ။ ၂၀၀၈ ခုနှစ်က စစ်တမ်းအရ အီဂျစ် အမျိုးသမီးများ၏ ၈၃ ရာခိုင်နှုန်းနှင့် ကိုင်ရိုတွင် လာရောက်နေထိုင်သော နိုင်ငံရပ်ခြားမှ အမျိုးသမီး ၉၈ ရာခိုင်နှုန်းတို့က သူမတို့သည် လိင်ပိုင်း ဆိုင်ရာ စော်ကားပြောဆိုမှုများ ခံခဲ့ရဖူးကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်.။ အီဂျစ် သမ္မတကတော် ဆူဇန်နီ မူဘာရက်က ငယ်ရွယ်သော မိန်းကလေးများကို အိန္ဒြေပျက်လောက်အောင် စော်ကား ပြောဆိုမှုများကို ရာဇဝတ်မှုအဖြစ် သတ်မှတ် အရေးယူသင့်ကြောင်း ပြောဆို ခဲ့ဖူးသည်။

Harassmap ဝက်ဆိုက်တွင် အမျိုးသမီးများအနေနှင့် မွတ်ဆလင်ရိုးရာ ခေါင်းဆောင်းများကို ဝတ်ဆင်ရန်နှင့် လမ်းကြားများကို ရှောင်ရှားရန်လည်း လမ်းညွှန်တိုက်တွန်းသွားမည်ဟု သိရသည်။ ဝက်ဆိုက်ထူထောင်မည့် ကိစ္စနှင့် ပတ်သက်ပြီး အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူများက ကြိုဆိုကြသော်လည်း ထိုလုပ်ဆောင်ချက်သည် လုံလောက်မှု မရှိကြောင်း ပြောဆိုထားကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here