သေဆုံးပြီးမှ ငွေရှာနိုင်သည့် နာမည်ကျော်ပုဂ္ဂိုလ်များအနက် မိုက်ကယ်ဂျက်ဆင် ဦးဆောင်

alt

Forbes မဂ္ဂဇင်းက ကောက်ခံသော စစ်တမ်း အရ ကွယ်လွန် သွားပြီဖြစ်သော နာမည်ကျော် လူပုဂ္ဂိုလ်များ အနက် သေဆုံးပြီးချိန်မှ ငွေရှာ နိုင်သည့် ပမာဏတွင် မိုက်ကယ် ဂျက်ဆင် ဖြစ်ကြောင်း သိရှိရသည်။

ယမန်နှစ်က ကွယ်လွန်ခဲ့သော နာမည်ကျော် Pop အဆိုတော်သည် ယင်း သေဆုံးပြီးချိန် ၁၂ လအတွင်း မိသားစု အတွက် ဒေါ်လာ ၂၇၅ သန်းကျော် ရှာဖွေ ပေးနိုင်ခဲ့သည်။ အမှတ်တရ ပစ္စည်းများနှင့် ဖျော်ဖြေပွဲများ ပြုလုပ် ရောင်းချမှုများ အပါအဝင် ငွေကြေး အရပ်ရပ်ကြောင့် ယခုလို ဝင်ငွေ တိုးလာ စေခြင်း ဖြစ်သည်။ ဂျက်ဆင်၏ This is It အယ်ဘမ်ကို လေဒီဂါဂါ၊ ဘီယွန်းဆေး၊ မက်ဒေါနားနှင့် ဂျေးဇက်တို့က ပူးပေါင်း သီဆိုမည်ဖြစ်ရာ ယင်းအတွက် ငွေကြေးများ ပိုမို တိုးပွားလာဖွယ် ရှိနေသည်။ ဂျက်ဆင်၏ နောက်တွင် အဲဗစ်ပရက် စလေက ဒုတိယနေရာမှ ရပ်တည်နေသည်။ ပရက်စလေသည် သေဆုံး ပြီးချိန်တွင် ဒေါ်လာ သန်း ၆၀ ကျော် ရရှိ စေခဲ့သူ ဖြစ်သည်။

Lord of the Rings ဇာတ်လမ်းများ ရေးသားခဲ့သူ ဂျေအာအာ တော့ကလန်၏ ကွယ်လွန်ပြီးချိန် ရရှိသော ဝင်ငွေမှာမူ ဒေါ်လာ သန်း ၅၀ ကျော်ရှိသည်။ ၎င်း သေဆုံးပြီးချိန်တွင် စာအုပ်ပေါင်း ငါးသိန်းကျော် ရောင်းချခဲ့ရသည်။ ချားရှုဇ်က စတုတ္ထနေရာတွင် ဒေါ်လာ ၃၃ သန်းဖြင့် ရပ်တည်နေပြီး Beatle အဖွဲ့မှ ဂျွန်လင်နွန်က သေဆုံးပြီးချိန်တွင် စုစုပေါင်း ဒေါ်လာ ၁၇ သန်း ရှာဖွေပေးနိုင်သည့်အတွက် နံပါတ် ၅ နေရာတွင် ရှိနေကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here