အာ​ရှ​ထိပ်​သီး​အ​စည်း​အ​ဝေး​တွင်​ ​အာ​ရှငွေ​ကြေးကဏ္ဍ​နှင့်​ ​မြန်​မာ့​အ​ရေး​တို့​အား​ ​အ​ဓိ​က​ဆွေး​နွေး​ဖွယ်​ရှိ

alt

ယ​ခု​သီ​တင်း​ပါတ်​ကုန်​တွင်​ ​ဗီ​ယက်​နမ်​နိုင်ငံ​အ​တွင်း​ ​ကျင်း​ပ​ပြု​လုပ်​မည့်​ ​အာ​ရှ​ထိပ်​သီး​ ​အ​စည်း​အ​ဝေး​တွင်​ ​အာ​ရှ​ဒေ​သ​၏​ ​တန်​ဖိုး​မြင့်​တက်​လာ​သည့်​ ​ငွေ​ကြေး​ကဏ္ဍ​နှင့်​ ​မြန်​မာ့​အ​ရေး​တို့​သည်​ ​အ​ဓိ​က​ ​ဆွေး​နွေး​မည့်​ ​အ​ကြောင်း​အ​ရာ​များ​ ​ဖြစ်​လာ​နိုင်​ကြောင်း​ ​သိ​ရ​သည်​။​

​အ​ရှေ့​တောင်​အာ​ရှ​ ​နိုင်ငံ​များ​သည်​ ​နိုင်ငံ​ခြား​ငွေ​ကြေး​ ​လဲ​လှယ်​မှု​နှင့်​ ​ပတ်​သက်​ပြီး​ ​ဆွေး​နွေး​မှု​ ​အ​သစ်​များ​ ​စ​တင်​ရန်​ ​တိုက်​တွန်း​ထား​သ​လို​ ​စစ်​အ​စိုး​ရ​ ​အုပ်​ချုပ်​သည့်​ ​မြန်​မာ​နိုင်ငံ​တွင်​ ​ကျင်း​ပ​မည့်​ ​နို​ဝင်​ဘာ​ ​၇​ ​ရက်​နေ့​တွင်​ ​ပြု​လုပ်​မည့်​ ​ရွေး​ကောက်​ပွဲ​နှင့်​ ​ပတ်​သက်​ပြီး​လည်း​ ​ထိပ်​သီး​အ​စည်း​အ​ဝေး​တွင်​ ​အ​ဓိ​က​ထား​ ​ဆွေး​နွေး​သွား​ရန်​ ​ရှိ​နေ​သည်​။​

​အ​မေ​ရိ​ကန်​ ​ဒေါ်​လာ​ေ​ဈး​ ​ကျ​ဆင်း​လာ​ပြီး​နောက်​ ​အာရှ​နိုင်ငံ​ ​အ​သီး​သီး​၏​ ​ငွေ​ကြေး​တန်​ဖိုး​များ​ကမြင့်​တက်​လာ​ခြင်း​နှင့်​ ​ပတ်​သက်​ပြီး​ ​ယ​ခု​အ​စည်း​အ​ဝေး​သည်​ ​အ​ဓိ​က​ကျ​သော​ ​ဆွေး​နွေး​မှု​တစ်​ခု​ ​ဖြစ်​လာ​နိုင်​ကြောင်း​ ​ကျွမ်း​ကျင်​သူ​များ​က​ ​သုံး​သပ်​ခဲ့​သည်​။​ မြန်​မာ​နိုင်ငံ​သည်​လည်း​ ​နှစ်​ပေါင်း​ ​၂၀​ ​ကြာ​ ​ကာ​လ​အ​တွင်း​ ​ပ​ထ​မ​ဆုံး​အ​ကြိမ်​ ​ရွေး​ကောက်​ပွဲ​ ​ပြန်​လည်​ပြု​လုပ်​မည်​ဟု​ ​ကြေ​ညာ​ထား​ရာ​ ​ဒီ​မို​က​ရေ​စီ​ ​စစ်​မှန်​စွာ​ ​ဖော်​ဆောင်​နိုင်​ခြင်း​ ​ရှိ​မ​ရှိ​ကို​ ​အာ​ရှ​ထိပ်​သီး​ ​တွေ့​ဆုံ​ပွဲ​တွင်​ ​ထည့်​သွင်း​ဆွေး​နွေး​သွား​မည်​ဖြစ်​သည်​။​

​မြန်​မာ​နိုင်ငံ​သည်​ ​နို​ဘယ်​ငြိမ်း​ချမ်း​ရေး​ဆု​ရှင်​ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​ ​အ​ပါ​အ​ဝင်​ ​နိုင်ငံ​ရေး​ ​အ​ကျဥ်း​သား​ ​၂၀၀၀​ ​ကျော်​ကို​ ​ဆက်​လက်ထိန်း​သိမ်း​ထား​ဆဲ​ဖြစ်​ရာ​ ​က​မ္ဘာ့​နိုင်ငံ​အ​များ​စု​က​ ​စစ်​အ​စိုး​ရ​ ဦး​စီး​ကျင်း​ပ​မည့်​ ​ရွေး​ကောက်​ပွဲ​နှင့်​ ​ပတ်​သက်​ပြီး​ ​ကြီး​ကြီး​မား​မား​ ​သံ​သ​ယ​ ​ရှိ​နေ​ဆဲ​ဖြစ်​သည်​။​ မြန်​မာ​အ​စိုး​ရ​၏​ ​မ​ဟာ​မိတ်​များ​အ​ဖြစ်​ ​ရပ်​တည်​နေ​သည့်​ ​အိ​န္ဒိ​ယ​နှင့်​ ​တ​ရုတ်​နိုင်ငံ​တို့​က​မူ​ ​ယ​ခု​အစည်း​အ​ဝေး​တွင်​ ​ယ​ခင်​ကဲ့​သို့​ပင်​ ​မြန်​မာ​နိုင်ငံ​ဖက်​မှ​ ​အ​ကာ​အ​ကွယ်​ပေး​ ​ရ​ပ်​တည်​နေ​ဖွယ်​ရှိ​ကြောင်း​ ​လေ့​လာ​သူ​များ​က​ ​သုံး​သပ်​ပြော​ကြား​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here