မြန်​မာ​နိုင်ငံ​တွင်​ ​လူ့​အ​ခွင့်​အ​ရေး​ဆိုင်​ရာ​ ​စုံ​စမ်း​စစ်​ဆေး​မှှု​ပြ​လုပ်​မည့်​အ​စီ​အ​စဥ်​ ​အ​မေ​ရိ​ကန်​ထောက်​ခံ

alt

မြန်​မာ​နိုင်ငံ​အ​တွင်း​ ​လူ့​အ​ခွင့်​အ​ရေး​ ​ကိ​စ္စ​များ​နှင့်​ ​ပတ်​သက်​ပြီး​ ​ကု​လ​သ​မ​ဂ္ဂ​ ​အ​ဖွဲ့​ကြီး​က​ ​စုံ​စမ်း​စစ်​ဆေး​မှု​ ​ပြု​လုပ်​မည့်​ ​အ​စီ​အ​စဥ်​အား​ ​အ​မေ​ရိ​ကန်​က​ ​ထောက်​ခံ​ကြောင်း​ ​အ​မေ​ရိ​ကန် ​နိုင်ငံ​ခြား​ရေး​ဝန်​ကြီး​ ​ဟီ​လာ​ရီ​ ​က​လင်​တန်​က​ ​ပြော​ကြား​လိုက်​သည်​။​

​လာ​မည့်​ ​သီ​တင်း​ပါတ်​တွင်​ ​မြန်​မာ​နိုင်ငံ​အ​တွင်း​ ​ဒီ​မို​က​ရေ​စီ​ ​ကူး​ပြောင်း​ရေး​ဟု​ ​ရည်​ရွယ်​ထား​သည့်​ ​ရွေး​ကောက်​ပွဲ​ကြီး​ ​ကျင်း​ပ​မည်​ ​ဖြစ်​သော်​လည်း​ ​မြန်​မာ​နိုင်ငံ​တွင်​ ​လူ့​အ​ခွင့်​အ​ရေး​ဆိုင်​ရာ​ ​ချိုး​ဖော​က်​မှု​များ​ ​ရှိ​နေ​ကြောင်း​ ​သ​တင်း​များ​ ​ထွက်​ပေါ်​နေ​မှု​အ​တွက်​ ​ကု​လ​သ​မ​ဂ္ဂ​က​ ​စုံ​စမ်း​မှု​မျး​ ​ပြု​လပ်​ရန်​ ​စီ​စဥ်​ထား​ခြင်း​ဖြစ်​သည်​။​ ​အာ​ရှ​တိုက်​သို့​ ​၂​ ​ပါတ်​ကြာ​ ​လှည့်​လည်​သွား​ရောက်​မည့်​ ​ခ​ရီး​စဥ်​မ​တိုင်​မီ​ ​အောက်​တို​ဘာ​ ​၂၈​ ​ရက်​နေ့​က​ ​ဟာ​ဝိုင်​ယီ​တွင်​ ​ဟီ​လာ​ရီ​က​ ​စစ်​အ​စိုး​ရ​ ​အုပ်​ချုပ်​နေ​သည့်​ ​နိုင်ငံ​အ​တွင်း​ ​ဖြစ်​ပေါ်​နေ​သည့်​ ​အ​ခြေ​အ​နေ​များ​အ​တွက်​ စုံ​စမ်း​ရန်​ ​အ​စီ​အ​စသ်​ကို​ ​အ​မေ​ရိ​ကန်​က​ ​အ​လေး​အ​နက်​ ​ထောက်​ခံ​မည်​ဖြစ်​ကြောင်း​နှင့်​ ​မိ​မိ​တို့​၏​ ​မ​ဟာ​မိတ်​၊​ ​မိတ်​ဆွေ​နိုင်ငံ​များ​က​လည်း​ အ​လား​တူ​ ​သ​ဘော​ထား​မျိုး​ ​ရှိ​မည်​ဖြစ်​ကြောင်း​ ​ပြော​ကြား​သွား​သည်​။

​လူ့​အ​ခွင့်​အ​ရေး​ ​အ​ဖွဲ့​အ​ချို့​က​ ​မြန်​မာ​နိုင်ငံ​သည်​ ​က​မ္ဘာ​ပေါ်​တွင်​ ​လူ့​အ​ခွင့်​အ​ရေး​ ချိုး​ဖောက်​မှု​ ​အ​များ​ဆုံး​ ​နိုင်ငံ​တစ်​ခု​အ​ဖြစ်​ ​စွပ်​စွဲ​ပြော​ဆို​ထား​သည်​။​ ​အ​မေ​ရိ​ကန်​သ​မ္မ​တ​ ​ဘာ​ရတ်​အို​ဘား​မား​၏​ ​ရုံး​အ​ဖွဲ့​သည်​ ဩ​ဂုတ်​လ​က​တည်း​က​ ​ကု​လ​သ​မ​ဂ္ဂ​အ​နေ​နှင့်​ ​မြန်​မာ့​အ​ရေး​အ​တွက်​ ​စုံ​စမ်း​မှု​ ​ပြု​လုပ်​ပါ​က​ ​ထောက်​ခံ​မည်​ဖြစ်​ကြောင်း​ ​ကြေ​ညာ​ထား​ခဲ့​သည်​။​ ဟီ​လာ​ရီ​က​ ​ကု​လ​သ​မ​ဂ္ဂ​အ​နေ​နှင့်​ ​နို​ဝင်​ဘာ​ ​၇​ ​ရက်​နေ့​ ​ရွေး​ကောက်​ပွဲ​သည်​ ​ကြီး​ကြီး​မား​မား​ ​ပျော့​ကွက်​များ​ ​ရှိ​နေ​သည်​ဟု​ ​ယုံ​ကြည်​ထား​သော်​လည်း​ ​စောင့်​ကြည့်​သွား​ဖွယ်​ရှိ​ကြောင်း​ ​မှတ်​ချက်​ပြု​ခဲ့​သည်​။​

​ရွေး​ကောက်​ပွဲ​အ​ရ​ ​ပေါ်​ထွက်​လာ​သော​ ​ခေါင်း​ဆောင်​သစ်​သည်​ ​ပေါ်​လ​စီ​ဟောင်း​များ​ကို​ ​တွန်း​လှန်​ဖယ်​ရှား​ခြင်း​ ​ရှိ​မ​ရှိ​ကို​ ​အ​မေ​ရိ​ကန်​အ​နေ​နှင့်​ ​စိတ်​ဝင်​စား​ကြောင်း​ ​ဟီ​လာ​ရီ​က​ဆို​သည်​။​ ​မြန်​မာ​နိုင်ငံ​သည်​ ​ယ​ခု​ရွေး​ကောက်​ပွဲ​ကို​ ​၁၉၉၀​ ​ပြည့်​နှစ်​နောက်​ပိုင်း​ ​နှစ်​ပေါင်း​ ​၂၀​ ​အ​တွင်း​ ​ပ​ထ​မ​ဆုံး​အ​ကြိမ်​ ​ပြန်​လည်​ပြု​လုပ်​ခြင်း​လည်း​ဖြစ်​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here