အမေရိကန် ကမ်းခြေများ ငါးမန်း အန္တရာယ်ကြောင့် ပိတ်ထား

alt

အမေရိကန်တောင်ပိုင်း ကမ်းခြေ တစ်ခုတွင် ငါးမန်း ကိုက်သည့် အတွက် လူ သေဆုံး ခဲ့ပြီးနောက် အနီး အနားရှိ ကမ်းခြေများ အပါအဝင် အပမ်းဖြေ ကမ်းခြေ ၃ ခုကို ပိတ်ထား လိုက်ရကြောင်း သိရသည်။

အောက်တိုဘာ ၂၂ ရက်နေ့က Surf ကမ်းခြေတွင် အပျော်တမ်း ရေလွှာ လျှောစီးနေသူ တစ်ဦးအား ငါးမန်းက သတ်ဖြတ်ခဲ့ခြင်း ဖြစ်ပြီး Surf အပြင် အနီးရှိ Wallနှင့် Minuteman ကမ်းခြေများကိုပါ လုံခြံုရေး အခြေအနေ အတွက် ပိတ်လိုက် ရပြီဖြစ်သည်။ အသက် ၁၉ နှစ်ရှိ လူးကက်ရန်ဆန်သည် ကမ်းပေါ်တွင် ကစားနေသည့် သူငယ်ချင်းများ မျက်စိ ရှေ့တွင်ပင် ငါးမန်းကိုက် ခံခဲ့ရခြင်း ဖြစ်သည်။

သွေးသံရဲရဲ ဖြစ်နေသော လူးကက်ကို ကြိုးစား ကယ်တင် ခဲ့သော်လည်း ကမ်းပေါ် အရောက်တွင် ၎င်းမှာ သေဆုံး နေရှာပြီ ဖြစ်သည်။ ကျွမ်းကျင်သူများက ငါးမန်း အမျိုးအစားကို ခန့်မှန်းခဲ့ရာ အရက်စက်ဆုံး ငါးမန်းမျိုးဖြစ်သည့် ငါးမန်းဖြူ တစ်ကောင် တိုက်ခိုက်ခြင်းဟု ယူဆထားသည်။ ထို့အပြင် လူးကက်အား ကိုက်ခဲ့သည့် သွားရာများ အရ ငါးမန်းမှာ အလွန် အကောင်ကြီးမည် ဖြစ်သောကြောင့် ကမ်းခြေများကို အရေးပေါ် အနေအထားဖြင့် ပိတ်ထား လိုက်ရခြင်း ဖြစ်သည်။

ကမ်းခြေ ၃ ခုလုံးကို အောက်တိုဘာ ၂၆ ရက်နေ့ထိ ပြန်ဖွင့်ခြင်း မရှိသေးချေ။ ကယ်လီဖိုးနီးယား ပတ်ဝန်းကျင် ပင်လယ်တွင် ငါးမန်းဖြူများ ကျက်စားတတ်သော်လည်း လူထူထပ်ရာ ကမ်းခြေထိ ချဥ်းကပ်လာမှုမှာ ဖြစ်ခဲကြောင်းလည်း သတင်းများက ဖော်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here