အဖြူရေင် iPhone 4 ထုတ်လုပ်ရောင်းချမည့်နေ့ ထပ်မံ ရွှေ့ဆိုင်း

alt

Apple​ ကုမ္ပဏီသည် ကြိုတင်ကြေညာထားသည့် အဖြူရောင် iPhone 4​ များ ထုတ်လုပ် ရောင်းချ မည့်နေ့ကို တတိယ အကြိမ်မြောက် အဖြစ် ရွှေ့ဆိုင်း လိုက်ကြောင်း သိရသည်။

ကုမ္ပဏီက အဆိုပါ ဖုန်းများ ဈေးကွက်တွင် စတင် ဖြန့်ချီမည့်နေ့ကို လာမည့်နှစ် နွေရာသီအထိ ရွှေ့ဆိုင်း လိုက်ကြောင်း အတည်ပြု ကြေညာ ခဲ့သည်။ စောင့်မျှော်နေသည့် ဖောက်သည်များ အတွက် စိတ်ပျက်စရာ ဖြစ်စေသည့် အတွက် တောင်းပန်ကြောင်းလည်း Apple​ ကဆိုသည်။ iPhone 4​ ကို အဖြူရောင်ဖြင့် ပြောင်းလဲ ထုတ်လုပ် ထားသည်ကို Apple​ ၏ CEO​ ဖြစ်သူ စတိဂျော့က ပြသ ခဲ့ပြီး ဖြစ်သော်လည်း ထိုစဥ် ကတည်းက ဈေးကွက်တွင် ဖြန့်ချီ ရောင်းချရန် အချိန် ယူရမည်ဟု အရိပ်အမြွက် ပြောကြားခဲ့သည်။

Appleသည် iPhone 4​ ကို ဇွန်လကုန်က စတင် ရောင်းချခဲ့ပြီးနောက် အင်တင်နာ ချွတ်ယွင်းမှု အချို့ ဖြစ်ပေါ်ခဲ့သည့် အတွက် iPhone 4 အဖြူရောင်တွင် ယင်းကို ပြင်ဆင်ထားပြီး ဖြစ်မည်ဟု Apple အားပေးသူ အများစုက မျှော်လင့်ထားသည်။ Apple​ သည် ယခင်ကလည်း ဖုန်း အသစ် ထုတ်လုပ် မည့်နေ့ကို ကြိုတင် ကြေညာ ထားသည်ထက်စောပြီး တရားဝင် ရောင်းချခဲ့သည့် သာဓကများ ရှိနေသောကြောင့် လာမည့်နှစ် အစောပိုင်းတွင် iPhone 4 အဖြူရောင် ဈေးကွက်ထဲ ရောက်ရှိ လာမည်ဟု ယုံကြည် နေသူများ လည်းရှိကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here