မက္ကစီကိုတွင် မွေးနေ့ပွဲတစ်ခုအား ဝင်ရောက်ပစ်ခတ်သဖြင့် လူ ၁၃ ဦးသေဆုံး

alt

မ​က္က​စီ​ကို​နိုင်ငံ​တွင်​​ ​ကျင်း​ပ​ပြု​လုပ်​နေ​သည့်​ ​မွေး​နေ့​အ​ခမ်း​အ​နား​ ​တစ်​ခု​သို့​ ​သေ​နတ်​သ​မား​တစ်ဦး​ ​ဝင်​ရောက်​ပစ်​ခတ်​ခဲ့​ရာ​ ​၁၃​ ဦး​ ​သေ​ဆုံး​သွား​ကြောင်း​ ​သိ​ရ​သည်​။​ ​ယင်း​မှာ​ ​မူး​ယစ်​ဆေး​ဝါး​ ​မှောင်​ခို​ရောင်း​ဝယ်​သူ​များ​၏​ ​အ​ကြမ်း​ဖက်​ ​ရမ်း​ကား​မှု​များ​ ​ကြံု​နေ​ရ​သည့်​ ​မ​က္က​စီ​ကို​တွင်​ ​နောက်​ဆုံး​ဖြစ်​ပျက်​ခဲ့​သည့်​ ​ဝ​ရုန်း​သုန်း​ကား​ ​ကိ​စ္စ​လည်း​ဖြစ်​သည်​။

​ ​နယ်​စပ်​မြို့​ ​က​လူ​ဒက်​ ​ဂျူ​ရက်​တွင်​ ​ဖြစ်​ပွား​ခဲ့​သော​ ​ပစ်​ခတ်​မှု​အ​တွင်း​ ​သေ​ဆုံး​သူ​များ​သည်​ ​အ​သက်​ ​၁၃​ ​နှစ်​မှ​ ​၃၂​ ​နှစ်​ကြား​ ​အ​ရွယ်​များ​ဟု​ ​သိ​ရ​သည်​။​ ​၁၅​ ​နှစ်​အ​ရွယ်​ ​ချာ​တိတ်​လေး​ ​တစ်ဦး​၏​ ​မွေး​နေ့​တွင်​ ​ပြီး​ခဲ့​သည့်​ ​သီ​တင်း​ပါတ်​ကုန်​က​ ​ဝင်​ရောက်​ပတ်​ခတ်​မှု​နှင့်​ ​ပတ်​သက်​ပြီး​ ​ရဲ​များ​က​ ​စုံ​စမ်း​နေ​ဆဲ​ဖြစ်​သည်​။​ ​သေ​ဆုံး​သူ​ ​အ​များ​စု​သည်​ ​အ​ထက်​တန်း​ ​ကျောင်း​သား​အ​ရွယ်​များ​ ​ဖြစ်​ကြ​ကြောင်း​ ​အ​သက်​ရှင်​ ​လွတ်​မြောက်​လာ​သူ​ ​တစ်ဦး​က​ဆို​သည်​။​ ​အောက်​တို​ဘာ​ ​၂၂ ​ရက်​နေ့​ ​ပစ်​ခတ်​မှု​နှင့်​ ​ပတ်​သက်​ပြီး​ ​စုံ​စမ်း​ဖော်​ထုတ်​ပေး​ရန်​ ​ဒေ​သ​ဆိုင်​ရာ​ ​အုပ်​ချုပ်​ရေး​ရုံး​တွင်​ ​ကျန်​ရစ်​သူ​ ​ဆွေ​မျိုး​မိ​သား​စု​များ​က​ ​ဒေါ​သ​တ​ကြီး​ ​တောင်း​ဆို​ခဲ့​ကြ​သည်​။​ ​အ​ကြမ်း​ဖက်​မှု​များ​ကြောင့်​ ​က​မ္ဘာ​ပေါ်​တွင်​ ​အ​သေ​အ​ပျောက်​ ​အ​မြင့်​မား​ဆုံး​ ​မြို့​တစ်​မြို့​ဖြစ်​သည့်​ ​က​လူ​ဒက်​ ​ဂျူ​ရက်​တွင်​ ​နေ​ထိုင်​သူ​များ​သည်​ ​ဆီ​နာ​လို​အာ​နှင့်​ ​ဂျူ​ရက်​ ​မူး​ယစ်​မှောင်​ခို​ ​ဂိုဏ်း​နှစ်​ခု​၏​ ​အား​ပြိုင်​မှု​အ​ကြား​တွင်​ ​မြေ​စာ​ပင်​အ​ဖြစ်​ ​ရပ်​တည်​နေ​ရ​သည်​။​ ယ​ခု​ကဲ့​သို့​ ​မွေး​နေ့​ပါ​တီ​တွင်​ စီး​နင်း​တိုက်​ခိုက်​မှု​သည်​ ​မူး​ယစ်​ဂိုဏ်း​များ​ကြား​ ​မည်​သို့​လက်​စား​ချေ​ ​သတ်​ဖြတ်​မှု​မျိုး​နှင့်​ ​ယှက်​နွယ်​နေ​သည်​ကို​ ​ရဲ​များ​က​ ​အ​ဖြေ​ရှာ​နေ​ဆဲ​ဖြစ်​သည်​။​

​သေ​နတ်​သ​မား​ကြောင့်​ ​လူ​အ​တော်​များ​များ​ ​ဒဏ်​ရာ​ရ​ခဲ့​ပြီး​ ​၉​ ​နှစ်​အ​ရွယ်​ ​က​လေးငယ်​ ​တစ်ဦး​လည်း​ ​ပါ​ဝင်​သည်​။​ ​ရဲ​များ​က​ ​အ​ခင်း​ဖြစ်​ရာ​ ​နေ​ရာ​တွင်​ ​ကျည်​ဆံ​ခွံ​ ​၇၀​ ​ကျော်​ထိ​ ​တွေ့​ရှိ​ခဲ့​ကြောင်း​ ​ပြော​ကြား​သွား​သည်​။​ ​သေ​နတ်​သ​မား​သည်​ ​ပ​စ္စ​တို​ကို​ကိုင်​ကာ​ ​ဝင်​ရောက်​လာ​ပြီး​ ​အ​မေး​အ​မြန်း​မ​ရှိ​ ​ပစ်​ခတ်​ခဲ့​ခြင်း​ဟု​ ​သိ​ရ​သည်​။​ ​က​လူ​ဒက်​ ​ဂျူ​ရက်​သည်​ ​အ​ကြမ်း​ဖက်​မှု​ ​အ​များ​အ​ပြား​ ​ကြံု​တွေ့​နေ​ရ​ပြီး​ ​ယင်း​ကဲ့​သို့​ ​ဖြစ်​ရပ်​များ​အ​တွင်း​ ​ယ​ခု​နှစ်​ ​တစ်​နှစ်​ထဲ​တွင်​ပင်​ ​လူ​ပေါင်း​ ​၂၀၀၀​ ​ကျော်​ ​သေ​ဆုံး​ခဲ့​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here