Windows 8 ကို ၂၀၁၂ ခုနှစ်တွင် ထုတ်လုပ်ရောင်းချမည်ဟု Microsoft ပြောကြား

alt

အဌမမြောက် Windows OS​ ကို ၂၀၁၂ တွင် ထုတ်လုပ် ရောင်းချမည် ဖြစ်ကြောင်း Microsoft ကော်ပိုရေးရှင်းက ပြောကြားလိုက်သည်။

Windows 7​ ၏ သက်တမ်းကို ၃ နှစ်ကျော်မျှ ထားရှိရန် Microsoft​ က စီစဥ်ထားပြီး နောက်ပိုင်းတွင်မှ ပိုမို အဆင့်မြင့်သည့် OS ကို ထုတ်လုပ်မည်ဟု အရိပ်အမြွက် ပြောဆို ထားသည်။ Microsoft သည် Windows Vista ကြောင့် OS လောကတွင် အောင်မြင်မှု အရှိန်အဝါ ကျဆင်း ခဲ့သော်လည်း ပိုမို ကောင်းမွန် ပြည့်စုံသည့် Windows 7 နှင့်အတူ နာမည်ကောင်းများ ပြန်လည် ရရှိလာခဲ့ရာ နောက်ထပ် OS အသစ်ကို အလောတကြီး ထုတ်လုပ်ဖွယ် မရှိ နိုင်သေးဟု လေ့လာသူများက သုံးသပ်ခဲ့သည်။

Microsoft ၏ အဌမမြောက် OS ကို Windows 8 ဟု ယေဘုယျ ခေါ်ဝေါ်နေသည့်တိုင် ထို OS ၏ အမည် အတိအကျကို မသတ်မှတ် ရသေးချေ။ Microsoft သည် Windows Vista နောက်ပိုင်းတွင် OS များ ထုတ်လုပ်မှု အချိန် အပိုင်းအခြားနှင့် ပတ်သက်ပြီး ပြန်လည်လေ့လာ သုံးသပ်မှုများ ပြုလုပ်လျက်ရှိသည်။ Microsoft ၏ နောက်ဆုံးထုတ် OSဖြစ်သည့် Windows 7 ကို ၂၀၀၉ ခုနှစ် အောက်တိုဘာ ၂၂ ရက်နေ့တွင် တရားဝင် စတင် ရောင်းချခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here