က​မ္ဘာ့​စံ​ချိန်​တင်​​ ​အ​သက်​အငယ်​ဆုံး​​ ​စေ့​စပ်​ကြောင်းလမ်း​သည့်​​ ​ဆီး​ရီး​ယား​စုံ​တွဲ

alt

ဆီး​ရီး​ယား​မှ​​ ​စေ့​စပ်​ကြောင်း​လမ်း​ခဲ့​သော​​ ​စုံ​တွဲ​အား​ ​က​မ္ဘာ့​စံ​ချိန်​တင်​​ ​အ​သက်​အငယ်​ဆုံး​ ​စေ့​စပ်​သူ​များ​အ​ဖြစ်​ပင်​​ ​သတ်​မှတ်​နိုင်​မည်​ဖြစ်​သည်​။​​

​သ​တို့​သား​သည်​ ​အ​သက်​ ​၅​ ​နှစ်​ရှိ​ပြီ​ဖြစ်​ပြီး​ ​သ​တို့​သ​မီး​မှာ​ ​၃​ ​နှစ်​သ​မီး​ဖြစ်​ရာ​ ​နှစ်ဦး​ပေါင်း​အ​သက်​မှာ​ ​လက်​ဆယ်​ချောင်း​စာ​ပင်​ ​မ​ပြည့်​သေး​ချေ​။​ ​သ​တို့​သား​ ခါ​လစ်​နှင့်​ ​သ​တို့​သ​မီး​ဖြစ်​သူ​ ဟယ်​လာ​တို့​ကို​ ​မိ​ဘ​များ​က​ ​သ​ဘော​တူ​ ​စေ့​စပ်​ပေး​ခဲ့​ပြီး​ ​စေ့​စပ်​လက်​စွပ်​များ​ကို​လည်း​ ​ဝယ်​ယူ​ဆင်​မြန်း​ပေး​ခဲ့​သည်​။​ ​နှစ်​ဖက်​မိ​ဘ​များ​က​ ​ခါ​လစ်​နှင့်​ ဟယ်​လာ​တို့​ ​အ​ရွယ်​ရောက်​လာ​လျင်​ ​လက်​ထပ်​ပေး​ရန်​ ​သ​ဘော​တူ​ညီ​ထား​ကြောင်း​ ​သိ​ရ​သည်​။​

​ကျောင်း​နေ​အ​ရွယ်​ပင်​ ​မ​ရောက်​သေး​သော​ ​က​လေး​များ​ကို​ ​စေ့​စပ်​ပေး​ခဲ့​ခြင်း​သည်​ ​ယင်း​တို့​နှစ်ဦး​၏​ ​စိတ်​ဆ​န္ဒ​ကြောင့်​သာ​ဖြစ်​ကြောင်း​ ​မိ​ဘ​များ​က​ ​ပြော​ဆို​ခဲ့​သော်​လည်း​ ​နောက်​ထပ်​ ​၁၀​ ​နှစ်​ထိ​ ​လက်​ထပ်​ပေးဦး​မည်​ ​မ​ဟုတ်​ဟု​ဆို​သည်​။​ ​အ​နာ​ဂတ်​တွင်​ ​က​လေး​များ​ ​စိတ်​ပြောင်း​သွား​နိုင်​သည်​ကို​ ​စဥ်း​စား​မိ​ကြောင်း​၊​ ​သို့​သော်​လည်း​ ​လက်​ရှိ​တွင်​ ​က​လေး​နှစ်ဦး​လုံး​ ​ပျော်​ရွှင်​နေ​ပြီး​ ​ယင်း​အ​တွက်​လည်း​ ​ကျေ​နပ်​ကြောင်း​၊​ ​ခါ​လစ်​အ​နေ​နှင့်​ ​အ​သက်​ ​၁၅​ ​နှစ်​ ​ပြည့်​သည်​အ​ထိ​ ​ဟယ်​လာ​အား​ ​လက်​ထပ်​ခွင့်​ ​ရဦး​မည်​မ​ဟုတ်​ကြောင်း​ ​ခါ​လစ်​၏​ ​ဖ​ခင်​ဖြစ်​သူ​ ​ဂျူး​မား​က​ Gulf​​ သ​တင်း​ဌာ​န​သို့​ ​ပြော​ကြား​သွား​သည်​။​ လက်​တာ​က​လာ​တွင်​ ​နေ​ထိုင်​သော​ ​ခါ​လစ်​တို့​ ​မိ​သား​စု​သည်​ ​စေ့​စပ်​ပွဲ​အ​တွက်​ ​ဟယ်​လာ​နေ​ထိုင်​ရာ​ ​ဒ​မတ်​စ​ကက်​ ​မြို့​တော်​သို့​ ​တက်​လာ​ခဲ့​ပြီး​နောက်​ ​ယ​ခု​သီ​တင်း​ပါတ်​အ​တွင်း​ ​ကျင်း​ပ​သည့်​ ​အ​ခမ်း​အ​နား​အ​ပြီး​တွင်​ ​နေရပ်​သို့​ ​ပြန်​သွား​ကြောင်း​ ​သိ​ရ​သည်​။​

​နိုင်ငံ​တ​ကာ​ ​လူ့​အ​ခွင့်​အ​ရေး​ ​အ​ဖွဲ့​အ​ချို့​က​ ​အ​သက်​ ​၁၅​ ​နှစ်​အ​ရွယ်​တွင်​ ​လက်​ထပ်​ရန်​ ​စီ​စဥ်​ခြင်း​သည်​ ​လူ့​အ​ခွင့်​အ​ရေး​ ​ဖောက်​ဖျက်​မှု​ ​တစ်​ခု​အ​ဖြစ်​ ​စွပ်​စွဲ​ထား​ကြ​သည်​။​ ​ကု​လ​သ​မ​ဂ္ဂ​၏​ ​တ​ရား​ဝင်​ ​သတ်​မှတ်​ချက်​အ​ရ​ အမျိုး​သား​ရော​၊​ ​အ​မျိုး​သ​မီး​ပါ​ ​အ​သက်​ ​၁၇​ ​နှစ်​မ​ပြည့်​မီ​ ​မ​င်္ဂလာ​မ​ဆောင်​သင့်​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here