နယူးယောက်မြို့တွင် ပိုးမွှားများ ဝင်ရောက်မှုကြောင့် စိတ် အနှောင့်အယှက်ဖြစ်ရ

alt

နယူးယောက်မြို့တွင် သေးငယ်သော ပိုးမွှားများ၏ ကျူးကျော်ဝင်ရောက်မှုကြောင့် စိတ် အနှောင့် အယှက် ဖြစ်စရာ ကြံုနေ ရကြောင်း သိရသည်။ လင်ကွန်းစင်တာ၊ အင်ပါယာ စတိတ် မျှော်စင် စသည့် အထိမ်းအမှတ် အဆောက် အအုံများ အပါအဝင်

နယူးယောက်ရှိ အဆောက်အအုံ များစွာတို့တွင် ကြမ်းပိုးများ ဝင်ရောက် ခိုအောင်းနေသည့် အပြင် ဟိုတယ်များတွင် ပါ ကြမ်းပိုးများ ကိုက်နေကြောင်း သိရသည်။ အမေရိကန်၏ အဓိက စီးပွားရေး အချက်အချာ မြို့တော်သို့ သွားရောက်ခဲ့သူ အတော် များများက ပြီးခဲ့သည့် လပိုင်း အတွင်း ကြမ်းပိုးများနှင့် စစ်ခင်းရမှု ပိုများ လာကြောင်း ပြောကြား ခဲ့သည်။ အကောင်းစား ဟိုတယ်ကြီး အချို့တွင်ပါ ဝင်ရောက် ခိုအောင်း နေသည့် ကြမ်းပိုးများအား စိတ်ပျက် မိကြောင်း ဘာတီမိုးတွင် နေထိုင်သော ကင်တီမာ ဂျာကီက ပြောကြား ခဲ့သည်။

သူမ အနေနှင့် လာမည့်လတွင် နယူးယောက်ရှိ မက်ဟမ်တန် ရပ်ကွက်သို့ ရ နှစ်နှင့် ၁၀ နှစ်အရွယ် သားငယ်နှစ်ဦးနှင့် သွားရောက်ရန် စီစဥ်ထားမှုကို ပြန်လည်သုံးသပ် စဥ်းစားနေရကြောင်း ပက်တီက ပြောကြားခဲ့သည်။ နိုဝင်ဘာလတွင် နယူးယောက်သို့ သွားရောက်မည့် ဆူဇန်နီ ဘော်ဒွင်ကလည်း မကြာသေးမီက နယူးယောက် ဟိုတယ်တစ်ခုသို့ ရောက်ခဲ့စဥ် ကြမ်းပိုးကိုက်သည့် ကိစ္စအတွက် ပြန်စဥ်းစားပြီး စိတ်မသက်သာကြောင်း ဖွင့်ဟခဲ့သည်။ ဟိုတယ်များ အနေနှင့် ကြမ်းပိုးများကို နှိမ်နင်းမှု ပြုလုပ်နေသော်လည်း ယင်းတို့မှာ အပြည့်အဝ သုတ်သင်နိုင်ရန် ခက်ခဲကြောင်း သိရသည်။

ခရီးသွား ဝန်ဆောင်မှုလုပ်ငန်း ဝက်ဆိုက်ဖြစ်သည့် TripAdvisor က နယူးယောက်သို့ သွားရောက်မည့် ခရီးသည်များအား ကြမ်းပိုးအန္တရာယ် သတိပြုရန် ဆော်ဩထားကြောင်း သိရသည်။ ၂၀၀၉ ခုနှစ်က ကောက်ခံသော စစ်တမ်းတစ်စောင်တွင် နယူးယောက်မြို့သား ၁၅ ဦးတိုင်း ၁ ဦးသည် ကြမ်းပိုးဒဏ်ကြောင့် စိတ်ပျက်နေကြောင်း ဖော်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here