ရီဟာနာနှင့်တွဲပြီး အယ်ဘမ်သစ်ထုတ်မည်ဟု ချယ်ရီကိုး ပြောကြား

alt

ရီဟာနာနှင့်တွဲပြီး အယ်ဘမ်သစ် ထုတ်ဝေမည်ဟု ချယ်ရီကိုးက အတည်ပြု ကြေညာ လိုက်သည်။ ဗြိတိန် Pop​ စတား အဆိုတော်သည် အမေရိကန် R&B​ ဂီတ ကြယ်ပွင့်မလေး ရီဟာနာနှင့် အလုပ် အတူ တွဲလုပ်ခွင့် ရခြင်း အပေါ် အလွန် ဂုဏ်ယူကြောင်း ပြောကြား ခဲ့သည်။

Girls’ Aloud အဖွဲ့ဝင်ဟောင်းဖြစ်သည့် အသက် ၂၇ နှစ်အရွယ် ချယ်ရီက သူမသည် ရီဟာနာ၏ အရည်အသွေး အပေါ် သံသယ မဖြစ်ကြောင်း၊ သူမတို့နှစ်ဦး လက်တွဲမှုသည် အကောင်းဆုံး ရလဒ်တစ်ခု ထွက်ပေါ် လာမည်ဟု ယုံကြည်ကြောင်း ပြောဆို သွားသည်။ ချယ်ရီက ယခု နှစ်ကုန်ပိုင်းတွင် သူမတို့ နှစ်ဦးတွဲကာ သီဆိုမည့် အယ်ဘမ် ကိစ္စကို စတင် စီစဥ်ရန် ရည်ရွယ်ထားကြောင်း ပြောကြား ခဲ့သည်။

မကြာသေးမီက ရီဟာနာကလည်း ချယ်ရီသည် အလွန် ကျက်သရေရှိပြီး သူမသည် ချယ်ရီ၏ အမာခံ ပရိသတ် တစ်ဦး ဖြစ်ကြောင်း ပြောဆို ထားသေးသည်။ ယခင် ကတည်းက နာမည်ကျော် အမျိုးသမီး အဆိုတော် နှစ်ဦးတွဲပြီး အယ်ဘမ် ထုတ်ဝေရန် အစီအစဥ် ရှိနိုင်ကြောင်း သတင်းများ ပျံ့နှံ့ နေသော်လည်း ချယ်ရီက ယခုမှ အတည်ပြု ကြေညာခဲ့ခြင်း ဖြစ်သည်။

ချယ်ရီသည် လက်တလောတွင် သူမ၏ ဒုတိယမြောက် တစ်ကိုယ်တော် အယ်ဘမ်ဖြစ်သည့် Messy Little Raindrops ကို နိုဝင်ဘာ ၁ ရက်နေ့တွင် ဖြန့်ချီရန် ကိစ္စ အတွက် အလုပ်များ နေပြီး နောက်တစ်ပါတ် အကြာတွင် ရီဟာနာက သူမ၏ Lord အယ်ဘမ်ကို ဖြန့်ဝေရန် စီစဥ်ထားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here