​ကျောင်း​ဆ​ရာ​မ​အ​ဖြစ်​လုပ်​ကိုင်​သူ​​ ​အ​လှ​မယ်​ဟောင်း​​ ​အင်​တာ​နက်​မှ​​ ​ဓာတ်​ပုံ​များ​ကြောင့်​​ ​အ​ခက်​တွေ့

alt

အီ​တ​လီ​နိုင်ငံ​ရှိ​​ ​ကျောင်း​တစ်​ခု​တွင်​​ ​ဆ​ရာ​မ​အ​ဖြစ်​ ​ဝင်​ရောက်​လုပ်​ကိုင်​နေ​သော​​ ​အ​လှ​မယ်​ဟောင်း​မှာ​​ ​မိ​ဘ​များ​၏​ ​ေ​ဒါ​သ​နှင့်​​ ​ရင်​ဆိုင်​နေ​ရ​သည်​။​

​အ​သက်​ ​၂၈​ ​နှစ်​ရှိ​ ​အီ​လီ​နာ​ ​တာ​ကို​နယ်​လီ​သည်​ ​ဘွဲ့​ ​၃​ ​ခု​ ​ရ​ထား​သူ​ဖြစ်​သော်​လည်း​ ​ယ​ခင်​က​ ​သူ​မ​၏​ ​မော်​ဒယ်​အ​ဖြစ်​ ​အ​သက်​မွေး​စဥ်​က​ ​ရိုက်​ကူး​ထား​သော​ အ​လန်း​စား​ ​ဓာတ်​ပုံ​နှင့်​ ​ဗီ​ဒီ​ယို​များ​ ​အင်​တာ​နက်​တွင်​ ​ပျံ့​နှံ့​နေ​ခြင်း​ကြောင့်​ ​ကျောင်း​သား​များ​၏​ ​မိ​ဘ​များ​က​ ​နှစ်​မြို့​ခြင်း​ ​မ​ရှိ​ပေ​။​ ​မီ​လန်​ရှိ​ ​ကက်​သ​လစ်​ ​ကျောင်း​တစ်​ခု​တွင်​ ​ဆ​ရာ​မ​အ​ဖြစ်​ ​အီ​လီ​နာ​အား​ ​ခန့်​အပ်​လိုက်​ပြီး​နောက်​ ​ကျောင်း​သူ​တစ်ဦး​၏​ ​မိ​ဘ​များ​က​ ​ယင်း​တို့​၏​ ​သ​မီး​ ​အ​တု​ခိုး​မှား​မည်​ဟု​ဆို​ကာ​ ​ကျောင်း​ထုတ်​သွား​ခဲ့​သည်​။​ ​အက်​ဘ​ရူ​ဇိုမယ်​ ​ဖြစ်​ခဲ့​ဖူး​သူ​ ​အီ​လီ​နာ​က​ ​သူ​မ​သည်​ ငယ်​ဘ​ဝ​က​ ​မော်​ဒယ်​တစ်​ယောက်​ ​ဖြစ်​ခဲ့​ဖူး​သည်​ကို​ ​ဝန်​ခံ​ကြောင်း​၊​ ​လွန်​ခဲ့​သော​ ​သုံး​နှစ်​က​ ​ဆ​ရာ​မ​တစ်ဦး​အ​ဖြစ်​ ​တာ​ဝန်​ယူ​ခဲ့​သော်​လည်း​ မည်​သည့်​ ​အ​ရှုပ်​အ​ထွေး​မျှ​ ​မ​ရှိ​ခဲ့​သော်​လည်း​ ​ကျောင်း​သား​မိ​ဘ​ ​အ​ချို့​၏​ ​စိုး​ရိမ်​ပူ​ပင်​မှု​အ​ပေါ်​ ​စိတ်​မ​ကောင်း​ ​ဖြစ်​မိ​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​

​သူ​မ​သည်​ ​မီ​ဒီ​ယာ​များ​ ​အာ​ရုံ​စိုက်​ခံ​ရ​သူ​ ​တစ်ဦး​ဖြစ်​သ​ဖြင့်​ ​ကျောင်း​ဆ​ရာ​မ​ ​ဘ​ဝ​နှင့်​ ​အပ်​စပ်​မှု​ ​မ​ရှိ​ဟု​ ​ဝေ​ဖန်​သူ​များ​လည်း​ဖြစ်​သည်​။​ ​သူ​မ​တာ​ဝန်​ယူ​ထား​ရာ​ အ​ထက်​တန်း​ကျောင်း​မှ​ ​ကျောင်း​အုပ်​ဖြစ်​သူ​ ​အော့​ဗယ်​ဒို​ ​ဆွန်​ဂီ​နီ​က​ အီ​လီ​နာ​သည်​ ​ဆ​ရာ​မ​တစ်ဦး​အ​ဖြစ်​ ​အ​ပြည့်​အ​၀​ ​တာ​ဝန်​ယူ​နိုင်​ကြောင်း​၊​ ​သူ​မ​၏​ ​သင်​ကြား​မှု​အ​တွက်​ ​နှစ်​သက်​ကျေ​နပ်​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​

​သ​မီး​ဖြစ်​သူ​အား​ ​ကျောင်း​ထုတ်​ခဲ့​သော​ ​အ​မျိုး​သ​မီး​က​မူ​ ​သူ​မ​၏​ ​စိတ်​ထဲ​တွင်​ ​အီ​လီ​နာ​သည်​ ​လိမ်​လည်​နေ​သူ​ဟု​ ​ထင်​နေ​ကြောင်း​၊​ ​သူ​မ​အ​နေ​နှင့်​ ​ဘွဲ့​နှစ်​ခု​၊​ ​သုံး​ခု​မျှ​ ​ရ​ထား​ခြင်း​သည်​ ​တ​ရား​ဝင်​ ​မ​ဖြစ်​နိုင်​ကြောင်း​ ​စွပ်​စွဲ​ထား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here