ဂျပန်ရေငုပ်သင်္ဘောတပ်ဖွဲ့အင်အား တိုးမြှင့်ရန်စီစဥ်နေ

alt

ဂျပန်၏ ရေငုပ်သင်္ဘောတပ်ဖွဲ့ အင်အားကို တိုးမြှင့်ရန် စီစဥ်နေကြောင်း သိရသည်။ ပစိဖိတ် ဒေသ လုံခြံုရေး တောင်းဆိုမှု အတွက် ရေငုပ် သင်္ဘော တပ်ဖွဲ့များ တိုးချဲ့မည် ဖြစ်ကြောင်း ဂျပန် အာဏာပိုင်များက ကြေညာ ခဲ့ခြင်းသည်

တရုတ်၏ အာရှတိုက် အရှေ့ဖက်ခြမ်းတွင် ရေတပ် အင်အား တိုးချဲ့နေမှုနှင့်လည်း ဆက်နွယ် နေဖွယ်ရှိသည်။ ဂျပန် ကာကွယ်ရေး ဝန်ကြီး ဌာနက လက်ရှိ ဖွဲ့စည်း ထားသည်ထက် ကြီးမားသော ရေငုပ် သင်္ဘော တပ်ဖွဲ့ကို တည်ဆောက် သွားမည်ဟု အတည်ပြုခဲ့ပြီး ယင်း စီမံကိန်းကို ဒီဇင်ဘာ အစောပိုင်းလောက်တွင် စတင် နိုင်ရန် ခန့်မှန်း ထားကြောင်း သိရသည်။

အာဏာပိုင်များက အသေးစိတ် အချက်အလက်များကို မီဒီယာများထံသို့ ထုတ်ပြန်ရန် ငြင်းဆိုထားပြီး အစီအစဥ်ကို အပြီးမသတ်ရသေးကြောင်း ပြောကြားခဲ့သည်။ ဂျပန်သည် မဟာမိတ် အမေရိကန် ရေတပ်မတော်မှ ရေငုပ်သင်္ဘောများ နိုင်ငံပတ်လည်တွင် ဝန်းရံနေသော်လည်း တရုတ်၏ အရှေ့ဖက်ခြမ်း ရေတပ်အင်အား ချဲ့ထွင်မှူအပေါ် ရတက်မအေးခြင်းကြောင့် ယခုစီမံကိန်းကို အကောင်အထည်ဖော်ရန် စီစဥ်လာခြင်း ဖြစ်ဖွယ်ရှိသည်။ ပြီးခဲ့သည့် လပိုင်းက တရုတ်ငါးဖမ်းသင်္ဘော တစ်စင်းကို ဂျပန်ရေပြင်သို့ ကျူးကျော်မှုဖြင့် ဂျပန်က ဖမ်းဆီးခဲ့ပြီးနောက် နှစ်နိုင်ငံ ရေတပ်များကြား တင်းမာမှုသည် ပိုမိုမြင့်တက်လာခဲ့သည်။

ဂျပန်သည် ငါးဖမ်းလှေမှ သင်္ဘောသားများရော၊ ကပ္ပတိန်ကိုပါ ပြန်လွှတ်ပေးပြီး ဖြစ်သော်လည်း နှစ်နိုင်ငံကြား သံတမန်ရေးရာ ဆက်ဆံမှုတွင် အဖုအထစ် ဖြစ်လာစေခဲ့သည်။ ဂျပန်နှင့် အမေရိကန်တို့သည် ဘေဂျင်းရှိ တရုတ်အစိုးရ၏ ရေတပ်ချဲ့ထွင်မှု လုပ်ဆောင်ချက်များနှင့် ပတ်သက်ပြီး မကြာခဏ ဝေဖန်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here