အမျိုးသမီးများ၏ ဦနှောက်တွင် ရှိနေသော Libido အလိုက် လိင်မှုကိစ္စထက်သန်မှုကွာခြား

alt

အမျိုးသမီးများ၏ ဦးနှောက်တွင် ရှိနေသော Libido​ ခေါ် ကာမဆန္ဒ အရည်အသွေးကို ကွာခြားပြီး လိင်မှုကိစ္စတွင် အမျိုးသမီးများ၏ စိတ်အား ထက်သန်မှု မတူညီ နိုင်ကြောင်း အမေရိကန် သုတေသီများက ပြောကြား လိုက်သည်။

အိမ်ထောင်ရေး သာယာမှုတွင် မကြာခဏ အငြင်းပွား စရာများ ဖြစ်ပေါ် စေသည့် အမျိုးသမီးများ၏ စိတ် ထက်သန်မှု လျော့နည်းခြင်း နှင့် ပတ်သက်ပြီး ဒက်ထရွိုက်ရှိ ဝိန်း အစိုးရ တက္ကသိုလ်တွင် လေ့လာမှုများ ပြုလုပ်ခဲ့သည်။ သာမန်အားဖြင့် လိင်နှင့် ဆိုင်သော ပတ်ဝန်းကျင် စေ့ဆော်မှုကို ခံရပါက အမျိုးသမီးများ၏ ခန္ဓာကိုယ် အတွင်း သွေးလှည့်ပတ်မှု မြန်ဆန်လာပြီး စိတ်ပိုင်း ဆိုင်ရာ ထက်သန် လာလေ့ ရှိသော်လည်း ဦးနှောက်တွင် Libido ပမာဏ နည်းပါးသည့် အမျိုးသမီးများကမူ ထိုသို့သော သက်ရောက်မှုမျိုး မရှိ နိုင်ဟုဆိုသည်။

ထိုအခြေအနေသည် ပင်ပန်းနေသည်၊ စိတ်မပါဟူသော အကြောင်းပြချက်များဖြင့် ခင်ပွန်းသည်၊ လက်တွဲဖော်၏ ဆန္ဒကို ငြင်းဆန်စေလေ့ရှိကြောင်း သုတေသီ တစ်ဦးဖြစ်သည် ဒေါက်တာ မစ်ကယ်ဒေမွန်က ရှင်းလင်းပြောကြားခဲ့သည်။ ယင်းက Libido ပမာဏ အနည်းအများသည် ရူပဖြစ်စဥ် တစ်ခုသာဖြစ်ပြီး အမျိုးသမီးသုံး ဗီယာဂရာကဲ့သို့ ဆေးဝါးများ သုံးစွဲခြင်းဖြင့် ကြီးကြီးမားမား သက်ရောက်မှု မရှိနိုင်ကြောင်း ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here