ပင်လယ်ပြင်ရေးကူးပြိုင်ပွဲတွင် အမေရိကန်လက်ရွေးစင် ရေကူးသမားသေဆုံး

alt

ပင်လယ်ပြင်အတွင်း ကူးခတ်ရသည့် ပြိုင်ပွဲတွင် အမေရိကန် လက်ရွေးစင်အသင်းမှ ရေကူးသမား ဖရန်ခရစ်ပန် သေဆုံးသွားမှုအတွက် ဝမ်းနည်းကြေကွဲမိကြောင်း ရေကူးအဖွဲ့ချုပ် FINA​ က ဖော်ပြခဲ့သည်။

အသက် ၂၆ နှစ်ရှိ ဖရန်သည် UAE​ နိုင်ငံတွင် ပြုလုပ်သည့် ပြိုင်ပွဲအတွင်း မတော်တဆ သေဆုံးခဲ့ခြင်းဖြစ်သည်။ ၎င်း၏ အလောင်းကို အမေရိကန်သို့ ပြန်လည်သယ်ယူခဲ့ပြီဖြစ်ပြီး သေဆုံးမှုနှင့် ပတ်သက်၍ စုံစမ်းမှုများ ပြုလုပ်နေပြီဖြစ်သည်။ FINA Open ကမ္ဘာ့ဖလား ရေကူးပြိုင်ပွဲကို အောက်တိုဘာ ၂၄ ရက်နေ့က ကျင်းပခဲ့ရာ ၁၀ ကီလိုမီတာ အကွာအဝေးကို ရေကူးရစဥ် ယခုလို ကြေကွဲဖွယ် အဖြစ်မျိုး ပေါ်ပေါက်လာခြင်းဟု သိရသည်။ ဒူဘိုင်းအရှေ့ဖက် ဖူဂျာရားတွင် ကျင်းပသည့် ပြိုင်ပွဲတွင် ဖြစ်ခဲ့ရသည့် ကိစ္စနှင့် ပတ်သက်ပြီး ချန်ပီယံဖြစ်လာသူ ဂျာမန်ရေကူးသမား သောမတ်လုဇ်က FINA​ ရော၊ ပြိုင်ပွဲစီစဥ်သူများကိုပါ ဝေဖန်ပြောကြားသွားသည်။

ဖရန်သည် သတ်မှတ်ချိန်အတွင်း ပန်းတိုင်ရောက်မလာသဖြင့် လိုက်လံရှာဖွေရာမှ ပင်လယ်ထဲ မြောနေသည့် အလောင်းကို နှစ်နာရီအကြာတွင် တွေ့ရှိခဲ့သည်။ သောမတ်က ထိုအချိန်သည် အလွန်အပူချိန် မြင့်မားနေပြီး ရေမှာလည်း ရေကူးသမားများအတွက် ဒုက္ခပေးနိုင်လောက်အောင် ပူလောင်နေကြောင်း ပြောကြားသွားသည်။ FINA​ မှ တာဝန်ရှိသူများက ရင်ခွဲစစ်ဆေးမှု ပြုလုပ်ပြီးဖြစ်ကြောင်း အတည်ပြုခဲ့ပြီး အဓိကအားဖြင့် ရာသီဥတုက ဖရန်အား ဒုက္ခပေးသွားခြင်း ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

FINA​ အနေနှင့် ပြိုင်ပွဲကျင်းပချိန်တွင် ရေ၏ အပူချိန်ကို စံသတ်မှတ်ရန် ပျက်ကွက်ခဲ့မှုအတွက် ဝေဖန်ပြစ်တင်မှုများ ရင်ဆိုင်နေရကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here