အင်ဒိုနီးရှားတွင် ဆူနာမီရေလှိိုင်းကြောင့် သေဆုံးသူ တိုးလာမည်ကို တာဝန်ရှိသူများစိုးရိမ်

alt

အင်ဒိုနီးရှားတွင် ရိုက်ခတ်သွားသည့် ဆူနာမီ ရေလှိုင်းများကြောင့် သေဆုံးသူ အရေအတွက်မှာ မူလခန့်မှန်းသည်ထက် တိုးများလာမည်ကို တာဝန်ရှိသူများက စိုးရိမ်နေကြောင်း သိရသည်။

ပန်ဒန်းမှ မိုင် ၁၅၀ မျှ အကွာရှိ ကီပူလူအန် မန်တာဝေတွင် အောက်တိုဘာ ၂၅ ရက်နေ့က ရစ်ချ်တာစကေး ရ.၆ ရှိသော ငလျင်ကြီးတစ်ခု လှုပ်ရှားသွားရာ နောက်ဆက်တွဲ ဖြစ်ပေါ်လာသည့် ရေလှိုင်းများကြောင့် လူပေါင်း ၁၁၃ ဦးထက်မနည်း သေဆုံးခဲ့သည်။ ထို့အပြင် လူပေါင်း ၁၅၀ မျှ ပျောက်ဆုံး နေဆဲဟု သတင်းများကဆိုသည်။ အင်ဒို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာနက နောက်ထပ် သေဆုံးမှု သတင်းများကို စုံစမ်း ထောက်လှမ်းနေဆဲဟု ပြောကြားခဲ့ပြီး ရှာဖွေရေး လုပ်ငန်းများ နှောင့်နှေးနေခြင်းကြောင့် အသေအပျောက် တိုးပွား လာနိုင်ကြောင်း ဝန်ခံ ပြောဆို ထားသည်။

အင်ဒိုတွင် ပြီးခဲ့သည့် လပိုင်းအတွင်း အင်အားပြင်းထန်သော ငလျင်များ မကြာခဏ လှုပ်ရှားခဲ့သည်။ သမိုင်းတွင် ငလျင်ကြောင့် ဖြစ်ပေါ်လာသည့် အဆိုးရွားဆုံး ဆူနာမီရေလှိုင်း ဖြစ်ရပ်မှာ ၂၀၀၄ ခုနှစ် ဒီဇင်ဘာလက ဖြစ်ပေါ်ခဲ့ပြီး အင်ဒိုအပါအဝင် အိန္ဒိယ သမုဒ္ဒယာနှင့် ဆက်စပ်နေသော နိုင်ငံ ၁၂ ခုမှ လူပေါင်း နှစ်သိန်း နှစ်သောင်းကျော် အသက်ဆုံးရှံုးခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here