ပြင်​သစ်​နိုင်ငံ​တွင်​​ ​ပင်​စင်​ကိ​စ္စ​​ ​ဆ​န္ဒ​ပြ​မှု​များ​​ ​ဆက်​လက်​ဖြစ်​ပွား

alt

ပြင်​သစ်​သ​မ္မ​တ​​ ​နီ​ကို​လက်​ ​ဆာ​ကို​ဇီ​သည်​​ ​နိုင်ငံ​အ​တွင်း​ ​ဆန့်​ကျင်​မှု​​ ​အ​များ​အ​ပြား​ ​ဖြစ်​ပေါ်​နေ​သည့်​​ ​ပင်​စင်​ကိ​စ္စ​အ​တွက်​​ ​ဆက်​လက်​ဆောင်​ရွက်​ရန်​​ ​ကြိုး​ပမ်း​နေ​ချိန်​တွင်​​

​၎င်း​တင်​သွင်း​သော​ ဥ​ပ​ဒေ​ကို​​ ​ဆန့်​ကျင်​ကန့်​ကွက်​နေ​သည့်​ ​အ​ဖွဲ့​အစည်း​က​လည်း​ ​ကြီး​ကြီး​မား​မား​ ​ဆ​န္ဒ​ပြ​ပွဲ​တစ်​ခု​ ​ဆက်​လက်​ဆင်​နွှဲ​ရန်​ ​ပြင်​ဆင်​နေ​ကြောင်း​ ​သိ​ရ​သည်​။​ ​

စက်​တင်​ဘာ​ ​၇​ ​ရက်​နေ့​နောက်​ပိုင်း​ ​အ​ကြီး​အ​ကျယ်​ ​ဆ​န္ဒ​ပြ​မှု​ ​ပဥ္စ​မ​ ​အ​ကြိမ်​မြောက်​အ​ဖြစ်​ ​အောက်​တို​ဘာ​ ​၂၈​ ​ရက်​နေ့​တွင်​ ​စု​ရုံး​ဆ​န္ဒ​ပြ​ ​လမ်း​လျှောက်​မည်​ဟု​ ​အ​လုပ်​သ​မား​ ​ယူ​နီ​ယံ​က​ ​ကြေညာ​သည်​။​ ​ယင်း​မှာ​ ​ဂျာ​မ​နီ​နှင့်​ ​အ​မေ​ရိ​ကန်​ ​နိုင်ငံ​များ​ကဲ့​သို့​ ​ပင်​စင်​လ​စာ​ ​အ​ပြည့်​အ​၀​ ​ခံ​စား​ခွင့်​ ​အ​သက်​အ​ရွယ်​အား​ ​တိုး​မြှှင့်​ရန်​ ​ဆာ​ကို​ဇီ​ ​တင်​သွင်း​မှု​အား​ ​ကန့်​ကွက်​သည့်​ ​နောက်​ထပ်​လုပ်​ဆောင်​ချက်​လည်း​ ​ဖြစ်​လာ​သည်​။​ ​နို​ဝင်​ဘာ​ ​၆​ ​ရက်​နေ့​တွင်​ ယင်းဥ​ပ​ဒေ​ကို​ ​တင်​သွင်း​ရန်​ ​စီ​စဥ်​ထား​ရာ​ ​နိုင်င့​အ​တွင်း​ ​အ​လုပ်​သ​မား​များ​က​ ​မ​ကျေ​မ​နပ်​ ​ဖြစ်​နေ​ခြင်း​ဖြစ်​သည်​။​

​ပြင်​သစ်​သည်​ ​အ​ငြိမ်း​စား​ ​စ​ယူ​နိုင်​သည့်​ ​အ​သက်​အ​ရွယ်​ကို​ ​၆၀​ ​မှ​ ​၆၂​ ​နှစ်​သို့​ ​တိုး​မြှင့်​ခဲ့​ပြီး​နောက်​ ပင်​စင်​အ​ပြည့်​ ​ခံ​စား​ခွင့်​ကို​ ​၆၅​ ​နှစ်​မှ​ ​၆၇​ ​နှစ်​သို့​ ​ပြောင်း​လဲ​ရန်​ ​စီ​စဥ်​နေ​ခြင်း​ဖြစ်​သည်​။​ ပြင်း​ပြင်း​ထန်​ထန်​ ​ကန့်​ကွက်​မှု​၊​ ​ဆန့်​ကျင်​မှု​များ​ ​ဖြစ်​ပေါ်​နေ​သော်​လည်း​ ​ဆာ​ကို​ဇီ​သည်​ ​ယင်းဥ​ပ​ဒေ​ကို​ ​အ​တည်​ပြု​ရန်​ ​ကြိုး​ပမ်း​နေ​ဆဲ​ဖြစ်​ပြီး​ ​အ​လုပ်​သ​မား​ ​ယူ​နီ​ယံ​က​လည်း​ ​နောက်​ဆုံး​အ​ချိန်​ထိ​ ​တိုက်​ပွဲ​ဝင်​သွား​မည်​ဖြစ်​ကြောင်း​ ​ကြေ​ညာ​ထား​သည်​။​ ​အောက်​တို​ဘာ​ ​၂၁​ ​ရက်​နေ့​က​လည်း​ ​ကျောင်း​သား​ ​၁၇၀၀၀​ ​ဝန်း​ကျင်​မျှ​ ​ပဲ​ရစ်​တွင်​ ​ဆ​န္ဒ​ပြ​ခဲ့​သ​လို​ ​ဆိပ်​ကမ်း​မြို့​ ​ဘော​ဒိုး​တွင်​ ​လူ​ ​၅၀၀၀​ ​ကျော်​နှင့်​ ​မွန့်​ပယ်​လီ​ယေး​တွင်​ ​၁၅၀၀​ ​ကျော်​တို့​က​ ​အ​စိုး​ရ​၏​ ​စီ​မံ​ကိန်း​ကို​ ​ကန့်​ကွက်​ဆ​န္ဒ​ပြ​ခဲ့​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here