ပေါက်ကွဲနိုင်သည့် မီရာပိုင်မီးတောင်သို့ အင်ဒိုနီးရှား ဝန်ကြီးချုပ် သွားရောက်လေ့လာမည်

alt

ပေါက်ကွဲနိုင်ကြောင်း ကြေညာထားသည့် မီရာပိုင် မီးတောင်သို့ အင်ဒိုနီးရှား ဒုတိယ ဝန်ကြီးချုပ် ကိုယ်တိုင် သွားရောက် လေ့လာရန် စီစဥ် ထားကြောင်း သိရသည်။

ယိုဂျာကာတာရှိ မီးတောင်ကြီးသည် လှုပ်ရှားမှု လက္ခဏာများ ပြသလာပြီးနောက် အနီးအနားမှ ဒေသခံများကို အရေးပေါ် ရွှေ့ပြောင်း ပေးခဲ့ရသလို ကျွမ်းကျင်သူများက မီးတောင် သတိပေးချက်ကို ထုတ်ပြန်ထားပြီးဖြစ်သည်။ ဒုတိယ ဝန်ကြီးချုပ် ဘိုဒီယိုနိုသည် ပြည်သူ့ လုပ်အားဌာန ဝန်ကြီးဖြစ်သူ ဂျိုကို ကာမန်တိုနှင့် ကျန်းမာရေး ဝန်ကြီး အန်ဒန်းရာဟာယူ ဆီယာနင်ဆီတို့ လိုက်ပါကာ မီးတောင် နေရာသို့ သွားရောက်ကြည့်ရှုမည်ဖြစ်ကြောင်း ဒုတိယ ဝန်ကြီးချုပ်၏ ပြောရေးဆိုခွင့်ရ အရာရှိ ယိုပီဟီဒါယက်က ပြောကြားသွားသည်။

ဂျာကာတာပို့စ် သတင်းစာက မီရာပိုင် မီးတောင်သည် အောက်တိုဘာ ၂၆ ရက်နေ့ မွန်းလွဲပိုင်းမှစကာ အသေးစား ပေါက်ကွဲမှုများ စတင်ဖြစ်ပေါ်နေကြောင်း ဖော်ပြခဲ့သည်။ မီရာပိုင်သည် ပြီးခဲ့သည့် သီတင်းပါတ်ကတည်းက သိသိသာသာ လှုပ်ရှားမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် တာဝန်ရှိသူများက မီးတောင်သတိပေးချက်ကို အမြင့်ဆုံးအဆင့်ထိ ထုတ်ပြန်ထားလိုက်သည်။ ယင်းမီးတောင်သည် ၂၀၀၆ ခုနှစ်က နောက်ဆုံးအကြိမ် ပေါက်ကွဲခဲ့ရာ ဓာတ်ငွေ့များ မှုတ်ထုတ်ပြီး ကျောက်တုံးများ လွင့်စင်လာသည့်အတွက် လူ ၂ ဦး သေဆုံးခဲ့သေးသည်။ ထိုမီးတောင်သည် ၁၉၉၄ ခုနှစ်က ပေါက်ကွဲစဥ် လူပေါင်း ၆၀ သေဆုံးခဲ့ပြီ ၁၉၃၀ ပြည့်နှစ်အတွင်း ပေါက်ကွဲစဥ်က ၁၃၀၀ ကျော် ဖိတ်စင်ခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here