က​မ္ဘာ​လှ​ည့်​ခ​ရီး​သည်​များ​အ​တွက်​ ​ဆွဲ​ဆောင်​နိုင်​သူ​ဖြစ်​လာ​သည့်​ ​ဂျာ​မ​နီ​ခေါင်း​ဆောင်​ဟစ်​တ​လာ

alt

က​မ္ဘာ့​သ​မိုင်း​တွင်​ ​နာ​မည်​ဆိုး​နှင့်​ ​ကျော်​ကြား​ခဲ့​သည့်​ ​ဂျာ​မန်​နာ​ဇီ​ ​ခေါင်း​ဆောင်​ကြီး​ ​အ​ဒေါ့ဖ်​ဟစ်​တ​လာ​သည်​ ​ဘာ​လင်​မြို့​တော်​အ​တွက်​ ​က​မ္ဘာ​လှည့်​ ​ခ​ရီး​သွား​များ​ကို​ ​ဆွဲ​ဆောင်​နိုင်​သူ​တစ်ဦး​ ​ဖြစ်​လာ​သည်​။​

​ဟစ်​တ​လာ​နှင့်​ ​ဂျာ​မန်​များ​ဟု​ ​အ​မည်​ပေး​ထား​သော​ ​ပြ​ပွဲ​တစ်​ခု​ကို​ ​ဘာ​လင်​ရှိ​ ​ဂျာ​မန်​သ​မိုင်း​ပြ​တိုက်​တွင်​ ​ခင်း​ကျင်း​ပြ​သ​ခဲ့​ရာ​ ​လူ​ပေါင်း​ ​တစ်​သောင်း​ကျော်​ ​စိတ်​ဝင်​တ​စား​ ​လာ​ရောက်​ကြည့်​ရှု​ခဲ့​သည်​။​ ​ပြီး​ခဲ့​သည့်​ ​သီ​တင်း​ပါတ်​က​ ​စ​တင်​သော​ ​ပြ​ပွဲ​ကို​ ​စိတ်​ဝင်​စား​သူ​ အ​မြောက်​အ​မြား​ရှိ​ကြောင်း​၊​ ​က​မ္ဘာ​လှည့်​ ​ခ​ရီး​သွား​များ​လည်း​ ​လာ​ရောက်​ကြည့်​ရှု​ကြောင်း​ ​ပြ​တိုက်​၏​ ​ပြော​ရေး​ဆို​ခွင့်​ရ​ပု​ဂ္ဂိုလ်​ ​ရူး​ဒေါ့​ထ​ရာ​ဘွိုက်​က​ ​ပြော​ကြား​ခဲ့​သည်​။​

​အောက်​တို​ဘာ​ ​၁၅​ ​ရက်​နေ့​ ​ပြပွဲ​ဖွင့်​လှစ်​စဥ်​က​ ​လူ​ ​၄၀၀၀​ ​ကျော်​ ​ရောက်​လာ​ကြောင်း​ ၎င်း​က​ ​ဆက်​လက်​ပြော​ကြား​သွား​သည်​။​ ​ထို​နေ့​က​ ​လူ​တန်း​ရှည်​ကြီး​သည်​ ​ပြတိုက်​ထဲ​ ​ဝင်​ကြည့်​ရန်​ ​တစ်​နာ​ရီ​မှ​ ​တစ်​နာ​ရီ​ခွဲ​ထိ​ပင်​ ​စောင့်​ဆိုင်း​ခဲ့ရ​သည်​။​ ​ရူး​ဒေါ့​က​ ​က​မ္ဘာ့​သ​မိုင်း​တွင်​ ​နာ​မည်​ပျက်​ဖြင့်​ ​ထင်​ရှား​ခဲ့​သူ​ ​ပု​ဂ္ဂိုလ်​တစ်ဦး​ ​မည်​သို့​နေ​ထိုင်​ ​ဖြတ်​သန်း​ခဲ့​သည်​ကို​ ​စ​နစ်​တ​ကျ​ ​မှတ်​တမ်း​တင်​ ​ပြ​သ​ထား​သည့်​ ​ဟစ်​တလာ​နှင့်​ ​ဂျာ​မန်​များ​ ​ပြ​ပွဲ​ ​အ​လွန်​ထင်​ရှား​သည်​မှာ​ ​အ​ဆန်း​တ​ကျယ်​ ​မ​ဟုတ်​ကြောင်း​ ​ပြော​ဆို​သွား​သည်​။​

​အ​သက်​ ​၇၂​ ​နှစ်​ရှိ​ ​နော်​ဝေး​ ​က​မ္ဘာ​လှ​ည့်​ ​ခ​ရီး​သည်​ ​အင်​ဂီ​လွန်​နင်​က​ ​ယ​ခု​ပြ​ပွဲ​သည်​ ​အ​လွန်​အ​ထင်​ကြီး​စ​ရာ​ကောင်း​ကြောင်း​၊​ ​နော်​ဝေး​ကို​ ​ဂျာ​မန်​တို့​ ​သိမ်း​ထား​စဥ်​က​ ​မိ​မိ​သည်​ ​ချာ​တိတ်​တစ်ဦး​အ​ဖြစ်​ ​တွေ့​ကြံု​ခဲ့​ရ​ကြောင်း​၊​ ​နာ​ဇီ​တို့​သည်​ ​မိ​မိ​အ​တွက်​ ​သ​မိုင်း​မ​ဟုတ်​ဘဲ​ ​ကိုယ်​တိုင်​ကြံု​ခဲ့​ရ​သည့်​ လက်​တွေ့​မြင်​ကွင်း​များ​ဖြစ်​ရာ​ ​ယ​ခု​ပြ​ပွဲ​ ​ခင်း​ကျင်း​ပုံ​ကို​ ​အ​လွန်​နှစ်​သက်​မိ​ကြောင်း​ ​ထုတ်​ဖော်​ပြော​ဆို​သွား​သည်​။​ ​နာ​ဇီ​ခေတ်​သည်​ ​ဒု​တိ​ယ​က​မ္ဘာ​စစ်​အ​တွင်း​ ​ဂျာ​မန်​စစ်​ရှံုး​ပြီး​ ​ဟစ်​တ​လာ​ ​မိ​မိ​ကိုယ်​ကိုယ်​ ​သတ်​သေ​သည့်​အ​ခါ​တွင်​ ​ကုန်​ဆုံး​သွား​ခဲ့​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here