အဆိုတော်ဆီလင်းဒီယွန် အမြွှာကလေး မွေးဖွား

alt

ဆီ​လင်း​ဒီ​ယွန်​သည်​​ ​အ​မြွှာ​က​လေးငယ်​ ​နှစ်ဦး​အား​​ ​မွေး​ဖွား​ခဲ့​ပြီ​ဟု​​ ​သ​တင်း​များ​က​ ​ဖော်​ပြ​ခဲ့​သည်​။​​ ​ဖ​လော်​ရီ​ဒါ​၊​ ​ပမ်း​ဘိ​ချ်​ရှိ​​ ​စိန့်​မေ​ရီ​ ​ဆေး​ရုံ​တွင်​ ​သား​ယောက်ျား​လေး​ ​နှစ်ဦး​အား​ ​

အောက်​တို​ဘာ​ ​၂၃​ ​ရက်​နေ့​က​ ​ချော​ချော​မော​မော​ ​ဖွား​မြင်​နိုင်​ခဲ့​သည်​ဟု​ ​ဆေး​ရုံ​နှင့်​ ​နီး​စပ်​သူ​များ​က​ ​ပြော​ကြား​ခဲ့​သော်​လည်း​ My​ Heart​ Will​ Go​ On​စ​တား​ ​အ​ဆို​တော်၏​ ​မိ​သား​စု​က​ ​တ​စုံ​တ​ရာ​ ​ကြေ​ညာ​ချက်​ ​မ​ထုတ်​ပြန်​သေး​ချေ​။​

​အ​သက်​ ​၄၂​ ​နှစ်​ရှိ​ Pop​ဂီ​တ​စ​တား​သည်​ ​ခင်​ပွန်း​သည်​ ​ရီ​နီ​အန်​ဂျီ​လ​ီ​နှင့်​ ​၉​ ​နှစ်​အ​ရွယ်​ ​သားငယ်​ ​ရီ​နီ​ချား​ကို​ ​မွေး​ဖွား​ထား​ပြီး​ဖြစ်သည်​။​ ​ဆီ​လင်း​၏​ ​ကိုယ်​ရေး​အ​ရာ​ရှိ​ကာ​ ​က​နေဒါ​ ​အ​ဆို​တော်​မှာ​ ​အ​နား​ယူ​နေ​ပြီး​ ​က​လေး​နှစ်ဦး​ထံ​ ​သွား​ရောက်​လည်​ပတ်​ ​ကြည့်​ရှု​ရ​မည်​ကို​ ​စိတ်​လှုပ်​ရှား​ ​မျှော်လင့်​နေ​ကြောင်း​ ​ထို​နေ့​က​ထုတ်​ပြန်​ကြေ​ညာ​ခဲ့​သည်​။​ ​ဆီ​လင်း​နှင့်​ ​အ​သက်​ ​၆၈​ ​နှစ်​အ​ရွယ်​ ​ခင်​ပွန်း​တို့​မှာ​ IVF​နည်း​ဖြင့်​ ​အ​မြွှာ​က​လေးငယ်​များ​အား​ ​ကိုယ်​ဝန်​ဆောင်​နိုင်​ခဲ့​ခြင်း​ဖြစ်​သည်​။​

သူ​မ​က​ ​ကိုယ်​ဝန်​ဆောင်​ဘ​ဝ​ကို​ ​နှစ်​သက်​ကြောင်း​၊​ ​သို့​သော်​လည်း​ ​စိတ်​ရော​ကိုယ်​ပါ​ ပင်​ပန်း​ကြောင်း​ ​ပြော​ဆို​ခဲ့​ဖူးသည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here