​ဒု​တိ​ယ​က​မ္ဘာ​စစ်​အ​တွင်း​​ ​အ​စု​လိုက်​အ​ပြံု​လိုက်​​ ​သေ​ဆုံး​ခဲ့​သူ​တို့​၏​ ​သ​ချင်္ိုင်း​နေ​ရာ​တွေ့​ရှိ

alt

ဂျ​ပန်​နိုင်ငံ​တွင်​​ ​ဒု​တိ​ယ​က​မ္ဘာ​စစ်​အ​တွင်း​က​​ ​အ​စု​လိုက်​အ​ပြံု​လိုက်​​ ​သေ​ဆုံး​ခဲ့​သူ​များ​ဟု​​ ​ယူ​ဆ​ရ​သော​ ​သ​င်္ချိုင်း​နေ​ရာ​ဟောင်း​ကို​​ ​ဖော်​ထုတ်​တွေ့​ရှိ​ခဲ့​ကြောင်း​​ ​သိ​ရ​သည်​။​

​အိုင်​ဝို​ဂျီ​မာ​​ ​ကျွန်း​သည်​ ​ဒု​တိ​ယ​က​မ္ဘာ​စစ်​အ​တွင်း​ ​သွေး​ထွက်​သံ​ယို​ ​အ​များ​ဆုံး​ ​ဖြစ်​ပေါ်​ခဲ့​သည့်​ ​နေ​ရာ​တစ်​ခု​လည်း​ဖြစ်​သည်​။​ ​ဂျ​ပန်​မှ​ ​လေ့​လာ​သူ​များ​သည်​ ​အ​မေ​ရိ​ကန်​စစ်​တပ်​က​ ​ဂျ​ပန်​စစ်​သား​များ​၏​ ​သ​င်္ချိုင်း​နေ​ရာ​ဟု​ ​မှတ်​တမ်းတင်​ထား​သော​ ​နေ​ရာ​နှစ်​ခု​ကို​ ​အ​ဆို​ပါ​ ​ကျွန်း​ပေါ်​တွင်​ ​တူး​ဖော်​ခဲ့​ရာ​ ​ရုပ်​ကြွင်း​ပေါင်း​ ​၅၁​ ​ခု​ကို​ ​ဖော်​ထုတ်​နိုင်​ခဲ့​ပြီး​ဖြစ်​သည်​။​

​ဂျ​ပန်​၏​ ​ကျို​ဒို​သ​တင်း​စာ​က​ ​ထို​နေ​ရာ​များ​တွင်​ ​ရုပ်​ကြွင်း​ ​၂၀၀၀​ ​ကျော်​မျှ​ထိ​ ​ရှိ​နိုင်​မည်​ဟု​ ​ပ​ညာ​ရှင်​များ​က​ ​မျှော်​လင့်​ထား​ကြောင်း​ ​ရေး​သား​ဖော်​ပြ​ခဲ့​သည်​။​ ဂျ​ပန်​ ​ကျန်း​မာ​ရေး​ ​ဝန်​ကြီး​ဌာ​န​က​ ​မြို့​တော်​နှင့်​ ​အ​တန်ငယ်​ ​အ​လှမ်း​ဝေး​သော​ ​ကျွန်း​ပေါ်​တွင်​ ​အ​လောင်း​ ​၅၁​ ​လောင်း​ကို​ ​တူး​ဖော်​တွေ့​ရှိ​ကြောင်း​ ​အ​တည်​ပြု​ခဲ့​သည်​။​ ​၁၉၄၅​ ​ခု​နှစ်​က​ ​ဖြစ်​ပွား​ခဲ့​သော​ ​အ​ဆို​ပါ​ ​ကျွန်း​ပေါ်​မှ​ ​စစ်​ပွဲ​တွင်​ ​ဂျ​ပန်​စစ်​သား​ ​၁၂၀၀၀​ ​ကျော်​တို့​ ​ပျောက်​ဆုံး​ခဲ့​ရ​သည်​။​ ​နောက်​ပိုင်း​တွင်​ ​အီ​ဝို​တို​ဟု​ ​ဂျ​ပန်​အ​စိုး​ရ​က​ ​အ​မည်​ပြောင်း​လဲ​ ​ခေါ်​ဆို​ခဲ့​သော​ ​ကျွန်း​သည်​ ​ဒု​တိ​ယ​ ​က​မ္ဘာ​စစ်​အ​တွင်း​က​ ​လေ​တပ်​စ​ခန်း​ ​၃​ ​ခု​ရှိ​ခဲ့​ရာ​ ​တို​ကျို​မြို့​တော်​ကို​ တိုက်​ခိုက်​ရန်​အ​တွက်​ ​စစ်​ရေး​အ​ရ​ ​အ​လွန်​မ​ဟာ​ဗျူ​ဟာ​ ​ကျ​သော​ကြောင့်​ ​အ​မေ​ရိ​ကန်​တို့​က​ ​အင်​တိုက်​အား​တိုက်​ ​စီး​နင်း​တိုက်​ခိုက်​ခဲ့​သည်​။​ ​အ​ပြင်း​အ​ထန်​ ​ဖြစ်​ပွား​သော​ ​ကျွန်း​သိမ်း​စစ်​ပွဲ​အ​တွင်း​ ​ထို​ကျွန်း​တွင်​ ​တပ်​စွဲ​ထား​သူ​ ​ဂျ​ပန်​စစ်​သား​ ​၂၂၀၀၀​ ​နီး​ပါး​ ​သေ​ဆုံး​ခဲ့​သည်​ဟု​ ​ယူ​ဆ​ရ​သည်​။​

​စာ​ရင်း​များ​အ​ရ​ ​ထို​စစ်​ပွဲ​တွင်​ ​အ​မေ​ရိ​ကန်​စစ်​သည်​ ​၆၈၂၁​ ဦး​နှင့်​ ​ဂျ​ပန်​ ​ကျွန်း​စောင့်​တပ်​သား​ ​၂၁၅၇၀​ ဦး​တို့​ ​သေ​ဆုံး​ခဲ့​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here