Google​​ Street​ View​ ​တွင်​​ ​နေ​အိမ်​ပတ်ဝန်း​ကျင်​ကို​​ ​မှတ်​တမ်း​တင်​ရိုက်​ကူး​မှု​ ​မ​ပြု​ရန်​ ​ဂျာ​မ​နီ​တွင်​တောင်း​ဆို

alt

အင်​တာ​နက်​ ​နည်း​ပ​ညာ​ ​လုပ်ငန်း​ကြီး​ Google​က​ ၎င်း​ဖန်​တီး​ထား​သည့်​ Google​ street​ view​တွင်​ ​မိ​မိ​တို့​၏​ ​နေ​အိမ်​ပတ်​ဝန်း​ကျင်​ကို​ ​မှတ်တမ်း​တင်​ ​ရိုက်​ကူး​မှု​ ​မ​ပြု​ရန်​ ​

ဂျာ​မနီ​နိုင်ငံ​သား​ ​၂၄၄၀၀၀​ ​ကျော်​တို့​က​ ​တောင်း​ဆို​ခဲ့​ကြောင်း​ ​အ​တည်​ပြု​ ​ကြေ​ညာ​သွား​သည်​။​ ​ဂျာ​မ​နီ​နိုင်ငံ​၏​ street​ view​ ​အ​စီ​အ​စဥ်​ကို​ ​နောက်​လ​တွင်​ ​စ​တင်​မည်​ဖြစ်​ရာ​ ​မြို့​ကြီး​များတွင်​ ​နေ​ထိုင်​သည့်​ ​မိ​သား​စု​အား​လုံး​၏​ ​၃​ ​ရာ​ခိုင်​နှုန်း​ခန့်​က​ ​ထို​ကိ​စ္စ​ကို​ ​နှစ်​သက်​ခြင်း​ ​မ​ရှိ​ကြောင်း​ ​ပြော​ဆို​ခဲ့​ကြ​သည်​။​

Google​၏​ Street​ View​ ​အ​စီ​အ​စဥ်​နှင့်​ ​ပတ်​သ​က်၍​ ​ပု​ဂ္ဂ​လိ​က​ Privacy​ ဆိုင်​ရာ​ ​ချိုး​ဖောက်​မှု​များ​ ​ဖြစ်​ပေါ်​နိုင်​ကြောင်း​ ​စွပ်​စွဲ​မှု​များ​ ​ထွက်​ပေါ်​နေ​ခြင်း​ကြောင့်​ ​ဂျာ​မ​နီ​တွင်​ Street​ View​ ကို​ ​လက်​မ​ခံ​ချင်​သူ​ ​အ​ရေ​အ​တွ​က်​ ​များ​များ​စား​စား​ ​ရှိ​လာ​ကြောင်း​ ​ဂျာ​မ​နီ​၏​ ​အ​ချက်​အ​လက်​ ​လုံ​ခြံု​မှု​ ​စောင့်​ကြည့်​ရေး​ ​ပ​ညာ​ရှင်​ ​ပီ​တာ​ရှာ​ကာ​က​ ​သုံး​သပ်​ခဲ့​သည်​။​

​ဂျာ​မန်​အာ​ဏာ​ပိုင်​များ​က​ ​မိ​မိ​၏​ ​နေ​အိ​မ်​ပတ်​ဝန်း​ကျင်​ကို​ Street​ View​ တွင်​ ​ပါ​ဝင်​ခွင့်​မ​ပြု​ရန်​ ​ဆ​န္ဒ​ရှိ​သူ​များ​ ​ရှိ​လာ​ပါ​က​ ​သ​ဘော​ထား​ ​ကောက်​ခံ​ပေး​ရန်​ Google​ အား​ ​တောင်း​ဆို​ခဲ့​ပြီး​နောက်​ Google​ က​ ​ခွင့်​ပြု​ခဲ့​ရာ​ ယ​ခု​လို​ ​အ​များ​အ​ပြား​က​ ​လက်​မ​ခံ​ချင်​ကြောင်း​ ​ပြန်​ကြား​ခဲ့​ခြင်း​ဖြစ်​သည်​။​ Street​ View​ ကို​ ​နိုင်ငံ​ပေါင်း​ ​၂၃​ ​ခု​တွင်​ ​အ​သုံး​ပြု​နိုင်​ပြီ​ဖြစ်​ပြီး​ ​ဂျာ​မ​နီ​သည်​ ​နိုင်ငံ​သား​ ​အများ​စု​က​ Street​ View​ ကို​ ​မ​နှစ်​သက်​သည့်​ ​တစ်​ခု​တည်း​သော​ ​နိုင်ငံ​လည်း​ဖြစ်​လာ​ကြောင်း​ ​သိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here