နိုင်ငံ​တော်​အ​လံ​သစ်​​ ​လွှင့်​တင်​သည့်​နေ့​တွင်​​ ​နေ​ပြည်​တော်​၌​​ ​ဆင်​ဖြူ​တော်​ကြို​ဆို​ပွဲ​​ ​ကျင်း​ပ​ခဲ့

alt

အောက်​တို​ဘာ​​ ​၂၁​ ​ရက်​နေ့​က​ ​နေ​ပြည်​တော်​သို့​​ ​ဆင်​ဖြူ​တော်​ ​ရောက်​ရှိ​လာ​စဥ်​က​​ ​မင်း​ခမ်း​မင်း​နား​ဖြင့်​ ​ကြို​ဆို​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။​

​ပဥ္စ​မ​မြောက်​ ​ဖမ်း​စီး​ရ​မိ​သော​ ​ဆင်​ဖြူ​တော်​အား​ ​ကြို​ဆို​ပွဲ​ ​ကျင်း​ပ​သည့်​နေ့​ ​အ​ခမ်း​အ​နား​သည်​ ​မြန်​မာ​နိုင်ငံ​၏​ ​၃၆​ ​နှစ်​သက်​တမ်း​ရှိ​ ​နိုင်ငံ​တော်​အ​လံ​ဟောင်း​အား​ ​ဖျက်​သိမ်း​ကာ​ ​သုံး​ရောင်​စပ်​နှင့်​ ​ကြယ်​ဖြူ​ပါ​ ​အ​လံ​သစ်​ ​လွှင့်​တင်​သည့်​နေ့​နှင့်​လည်း​ ​တိုက်​ဆိုင်​နေ​သည်​။​ ​မြန်​မာ​နိုင်ငံ​ ​စစ်​အစိုး​ရ​သည်​ ​ထို​နေ့​တွင်​ပင်​ ​နိုင်ငံ​၏​ ​အ​ပြည်​ပြည်​ဆိုင်​ရာ​ ​ခေါ်​ဝေါ်​သုံး​စွဲ​ရန်​ ​အ​မည်​ကို​လည်း​ Union​ of​ Myanmar​ မှ​ Repubilc​ of​ the​ Union​ of​ Myanmar​ ဟု​ ​တ​ရား​ဝင်​ ​အ​မည်​ပြောင်း​ခဲ့​သည်​။​

ဆင်​ဖြူ​တော်​များ​ကို​ ​မြန်​မာ​၊​ ​ထိုင်း​၊​ ​လာ​အို​နှင့်​ ​အ​ခြား​သော​ ​အာ​ရှ​နိုင်ငံ​ ​အ​ချို့​တို့​တါင်​ ​ကြည်​ညို​တန်​ဖိုး​ထား​လေ့​ရှိ​ပြီး​ ​ဘု​ရား​စေ​တီ​များ​နှင့်​ ​တော်​ဝင်​အ​မှတ်​တံ​ဆိပ်​များ​အ​ဖြစ်​ ​ကိုယ်​စား​ပြု​ ​သတ်​မှတ်​လေ့​ရှိ​သည်​။​ ​အ​သက်​ ​၁၈​ ​နှစ်​ရှိ​ ​ဆင်​မ​လေး​ကို​ ​ပြီး​ခဲ့​သည့်​လ​က​ ​ရ​ခိုင်​ပြည်​နယ်​ ​အ​နောက်​မြောက်​ပိုင်း​တွင်​ ​ဖမ်း​မိ​လာ​ကြောင်း​ ​စစ်​အ​စိုး​ရ​​ ​သ​တင်း​များ​က​ ​ဖော်​ပြ​ခဲ့​ပြီး​ ​ဆင်​မ​လေး​သည်​ ​အောက်​တို​ဘာ​ ​၂၁​ ​ရက်​နေ့​က​ ​နေ​ပြည်​တော်​သို့​ ​ဆိုက်​ရောက်​လာ​ခဲ့​သည်​။​ ​၇​ ​ပေ​ ​၁​ ​လက်​မ​ ​အ​မြင့်​ရှိ​သော​ ​ဆင်​မ​လေး​ကို​ ​ရွှေ​တိ​ဂုံ​စေ​တီ​နှင့်​ ​ပုံ​စံ​တူ​ ​တည်​ထား​သည့်​ ​စေ​တီ​ကြီး​အား​ ​လက်​ယာ​ရစ်​ပတ်​ပြီး​နောက်​ ​စေ​တီ​တော်​ ​အ​ရှေ့​ဖက်​ရှိ​ ​ဆင်​ဖြူ​တော်​ ​ထား​ရှိ​မည့်​ ခြံ​ဝင်း​နေ​ရာ​သို့​ ​ပို့​ဆောင်​ခဲ့​သည်​။​

မြန်​မာ​စစ်​အ​စိုး​ရ​က​ ​ဆင်​ဖြူ​တော်​အ​ဖြစ်​ ​သတ်​မှတ်​ကြေ​ညာ​သော​ ​ဆင်​များ​သည်​ ​အ​မှန်​အား​ဖြင့်​ ​အ​ဖြူ​ရောင်​ ​မ​ဟုတ်​ဘဲ​ ​နီ​ကျင်​ကျင်​ ​အ​ရောင်​မျိုး​သာ​ ​ရှိ​နေ​ခြင်း​ဖြစ်​သည်​။​ ​ဖမ်း​ဆီး​ရမိ​ထား​သည့်​ ​ဆင်​ဖြူ​တော်​များ​အ​နက်​ ​နှစ်​ကောင်​ကို​ ​နေ​ပြည်​တော်​တွင်​ ​ထား​ရှိ​ပြီး​ ​ကျန်​သုံး​ကောင်​ကို​ မြို့​တော်​ဟောင်း​ ​ရန်​ကုန်​တွင်​ ​အ​ထူး​စီ​စဥ်​ထား​သည့်​ ဥ​ယျာဥ်​တစ်​ခု​ဖြင့်​ ​ထား​ရှိ​ကြောင်း​ ​သိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here