​ရဲ​တပ်​ဖွဲ့​အ​ကြီး​အ​ကဲ​ဖြစ်​လာ​သည့်​ ​အ​သက်​ ​၂၀​ ​အ​ရွယ်​ ​မ​က္က​စီ​ကို​ကျောင်း​သူ

alt

မ​က္က​စီ​ကို​နိုင်ငံ​ရှိ​ ​နယ်​ခြား​မြို့​ ​တစ်​ခု​တွင်​ ​အ​သက်​ ​၂၀​ ​အ​ရွယ်​ ​ကျောင်း​သူ​မိန်း​က​လေး​ ​တစ်ဦး​အား​ ​ရဲ​တပ်​ဖွဲ့​ ​အ​ကြီး​အ​ကဲ​ ​ခန့်​အပ်​လိုက်​ကြောင်း​ ​သိ​ရ​သည်​။

​မှု​ခင်း​ဗေ​ဒ​ ​အ​ထူး​ပြု​ ​ကျောင်း​သူ​ ​မာ​ရီ​ဆော်​ ​ဗဲ​လက်​သည်​ ​လစ်​လပ်​နေ​သော​ ​ရာ​ထူး​ကို​ ​လျှောက်​ထား​ပြီး​နောက်​ ​ပြိုင်​ဖက်​မရှိ​ ​ခန့်​အပ်​ခံ​ခဲ့​ရ​သည်​။​ ​ယ​ခု​ ​သီ​တင်း​ပါတ်​ ​အ​စော​ပိုင်း​က​ ​စ​တင်၍​ ရဲ​တပ်​ဖွဲ့​ ​အ​ကြီး​အ​ကဲ​အ​ဖြစ်​ ​သူ​မ​တာ​ဝန်​ယူ​ရ​သော​ ​ဂွာ​ဒါ​လူ​ပီ​မြို့​သည်​ ​မူး​ယစ်​ဆေး​ဝါး​ ​မှောင်​ခို​ဂိုဏ်း​များ​ ​လက်​ရဲ​ဇက်​ရဲ​ ​သတ်​ဖြတ်​မှု​များ​ကြောင့်​ ​နာ​မည်​ဆိုး​ဖြင့်​ ​ကျော်​ကြား​နေ​သည့်​ ​မြို့​လည်း​ဖြစ်​သည်​။​

​အ​မေ​ရိ​ကန်​နှင့်​ ​နယ်​ခြား​ဒေ​သ​အ​နီး​ ​တည်​ရှိ​သည့်​ ​မြို့ငယ်​လေး​တွင်​ ​ရဲ​တပ်​ဖွဲ့​ ​အ​ကြီး​အ​ကဲ​အ​ဖြစ်​ ​တာ​ဝန်​စ​တင်​ ​ထမ်း​ဆောင်​သည့်​ ​မာ​ရီ​ဆော်​က​ ​သူ​မ​အ​နေ​နှင့်​ ​မူး​ယစ်​ဆေး​ဝါး​ ​ဂိုဏ်း​များ​ကို​ ​ဖြို​ခွင်း​ရန်​ထက်​ ​ပြည်​သူ​အ​များ​၏​ ​လုံ​ခြံု​ရေး​ကို​ ဦး​စား​ပေး​သွား​မည်​ဟု​ ​ပြော​ကြား​ခဲ့​သည်​။​ ​ဂွာ​ဒါ​လူ​ပီ​၏​ ​နောက်​ဆုံး​မြို့​တော်​ဝန်​သည်​ ​မူး​ယစ်​ဂိုဏ်း​များ​၏​ ​လုပ်​ကြံ​မှု​အ​တွင်း​ ​ဇွန်​လ​က​ ​သေ​ဆုံး​ခဲ့​သည်​။​ ​ထို​မြို့​တွင်​ ​ရဲ​အ​ရာ​ရှိ​နှင့်​ ​လုံ​ခြံု​ရေး​ ​တာ​ဝန်​ခံ​ ​အ​တော်​များ​များ​သည်​ ​မ​ကြာ​ခ​ဏ​ ​ပြန်​ပေး​ဆွဲ​ခြင်း​၊​ ​သတ်​ဖြတ်​ခံ​ရ​ခြင်း​များ​ ​ကြံု​နေ​ရ​သည့်​အ​တွက်​ ​နာ​မည်​ဆိုး​ဖြင့်​ ​ကျော်​ကြား​နေ​သည်​။​ ​

မ​က္က​စီ​ကို​တွင်​ ​မူး​ယစ်​ဆေး​ဝါး​ ​မှောင်​ခို​ဂိုဏ်း​များ​ကြား​ ​အ​ပြန်​အ​လှန်​ ​တိုက်​ခိုက်​မှု​နှင့်​ ​ပြည်​သူ​များ​အား​ ​အ​ကြမ်း​ဖက်​မှု​များ​ကြောင့်​ ​၂၀၀၆​ ​ခု​နှစ်​နောက်​ပိုင်း​ ​လူ​ပေါင်း​ ​၂၈၀၀၀​ ​ကျော်​ ​အ​သက်​ဆုံး​ရှုံး​ခဲ့​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here