အ​နက်​ပေ​သောင်း​နှင့်​ချီ​သည့်​ သ​မု​ဒ္ဒ​ရာ​ကြမ်း​ပြင်တွင်​ ထူး​ခြား​ဆန်း​ကျယ်​သည့်​ ငါး​တစ်​မျိုး​တွေ့​ရှိ

alt

ထူးခြားဆန်းကျယ်သည့် အသွင် မျိုးရှိသော ငါး တစ်မျိုးကို ၄ မိုင်ခွဲမျှ နက်သော သမုဒ္ဒရာ ရေအောက် ကြမ်းပြင်တွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

ပစိဖိတ် သမုဒ္ဒရာ အရှေ့တောင်ပိုင်းရှိ ရေ အနက် ၂၂၉၆၆ ပေတွင် တွေ့ရှိရသော ဖြူ လွလွ အရောင် အဆင်းရှိသည့် ငါးမျိုးကို ယခင်က သိပ္ပံ ပညာရှင်များ မမြင် တွေ့ခဲ့ဖူးချေ။ ပီရူး-ချီလီ ဆက်သွယ် ထားသော တူးမြောင်းတွင် ယင်း ငါးနှင့် အတူ အစုလိုက် ရစ်ခွေ နေသော ငါးရှဥ့်များ နှင့် အခွံမာ ရေနေ သက်ရှိ အဆန်းအပြားများ ကိုပါ ဖော်ထုတ် တွေ့ရှိခဲ့ကြောင်း အဘာဒင်း တက္ကသိုလ်နှင့် နယူးဇီလန်၊ ဂျပန် နိုင်ငံများမှ သိပ္ပံ ပညာရှင်များက အတည်ပြု ပြောကြား ခဲ့သည်။

အဆိုပါ တူးမြောင်းတွင် ၃ ပါတ်ကြာ လေ့လာမှုများ ပြုလုပ်ပြီး ၁၄၇၆၄ ပေနှင့် ၂၅၂၄၇ ပေစီ အသီးသီးရှိသည့် နေရာများကို စူးစမ်းခဲ့ရာမှ ထူးခြားသော ရေနေသက်ရှိများကို တွေ့ရှိလာခြင်းဖြစ်သည်။ တိုကျိုတက္ကသိုလ် သမုဒ္ဒရာ လေ့လာရေးဌာနမှ ပညာရှင်များသည် နယူးဇီလန်နိုင်ငံမှ လေ့လာရေး ပညာရှင်များ၊ အဘာဒင်းတက္ကသိုလ်မှ သုတေသီများနှင့်အတူ ယခုစူးစမ်းရေး လုပ်ငန်းစဥ်ကို ဖော်ဆောင်ခဲ့ကြောင်း အဘာဒင်းတက္ကသိုလ်မှ ဒေါက်တာအလန် ဂျိမ်းလီဆန်က ပြောကြားသွားသည်။ ၂၀၀၈ ခုနှစ်နှင့် ၂၀၀၉ ခုနှစ်များအတွင်း ဂျပန်နင့် နယူးဇီလန် ကမ်းလွန်များတွင် လေ့လာခဲ့ရာ ထူးခြားဆန်းပြားသော သက်ရှိများ ဖော်ထုတ်တွေ့ရှိခဲ့ကြောင်း၊ ပီရူး-ချီလီ တူးမြောင်းအတွင်း အသစ်တွေ့ရှိမှုများမှာ ပိုမိုစိတ်ဝင်စားစရာ ကောင်းနေကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။

Ophidiids​ ဟု အမည်ပေးထားသော ငါးရှဥ့်တစ်မျိုးဆိုလျင် အလွန်လျင်မြန်စွာ သွားလာနိုင်ကြောင်း ဒေါက်တာအလန်ကဆိုသည်။ ထို့အပြင် ငါးခရုဟု အမည်ပေးထားသည့် အသစ်တွေ့ရှိသောငါးမှာ မီတာ ရ၀၀၀ ကျော်အနက် ရေဖိအားတွင် ကောင်းစွာ ရှင်သန်သွားလာနေပြီး ယခင်က လုံးဝမမြင်ဖူးသည့် မျိုးစိတ်သစ်အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here