လ​ပေါ်​တွင်​​ ​လူ​သား​များ​​ ​ရှင်​သန်​နေ​ထိုင်​ရန်​​ ​လုံ​လောက်​သော​ရေ​ပ​မာဏ​ရှိ​မည်​ဟု​ NASA​ ​ပြော​ကြား

alt

NASA​ က​ ​လ​ပေါ်​တွင်​​ ​လူ​သား​များ​ ​ရှင်​သန်​နေ​ထိုင်​ရန်​​ ​လုံ​လောက်​သော​ ​ရေ​ပ​မာ​ဏ​​ ​ရှိ​မည်​ဟု​ ​ယူ​ဆ​ရ​ကြောင်း​​ ​ထုတ်​ဖော်​ပြော​ကြား​လိုက်​သည်​။​​

နှစ်​ပိုင်း​အ​တွင်း​ ​လ​ပေါ်​သို့​​ ​လေ့​လာ​ရေး​ယာဥ်​ ​နှစ်​စင်း​ကို​ ​လွှတ်​တင်​ပြီး​နောက်​ ​လ​ပေါ်​တွင်​ ​ရေ​ရှိ​ကြောင်း​ ​အ​ထောက်​အ​ထား​များ​အား​ ​ရှာ​ဖွေ​လာ​နိုင်​ကြောင်း​ NASA​ ၏​ ​သိ​ပ္ပံ​ပ​ညာ​ရှင်​များ​က​ ​ယုံ​ကြည်​နေ​ကြ​သည်​။​​

​မိုင်​ပေါင်း​ ​၂၃၀၀၀၀​ ​ကျော်​ ​အ​ကွာ​အ​ဝေး​ကို​ ​ပျံ​သန်း​ပြီး​နောက်​ ​လ​၏​ ​မျက်​နှာ​ပြင်​ပေါ်​ ​ထိုး​ဆင်း​ဖောက်​ခွဲ​ကာ​ ​လေ့​လာ​စူး​စမ်း​မှု​ ​ပြု​လုပ်​ခဲ့​သည့်​ ​သု​တေ​သ​န​ယာဥ်​များ​ ​တိုက်​မိခဲ့​သည့်​ ​နေ​ရာ​တွင်​ ​ရေ​ခဲ​များ​ ​ပုန်း​ခို​နေ​မည်​ဟု​ ​ပ​ညာ​ရှင်​များ​က​ ​ယုံ​ကြည်​နေ​သည်​။​

​ထို​ရေ​ခဲ​များ​ကို​ ​အ​ရည်​ဖျော်​ခဲ့​ပါ​က​ ​လ​ပေါ်​တွင်​ ​လူ​သား​များ​ ​အ​ခြေ​ချ​နိုင်​ရန်​အ​ထိ​ ​ကုံလုံ​ပြည့်​ဝ​သော​ ​ရေ​အ​ရင်း​အ​မြစ်​များ​ ​ဖြစ်​ထွန်း​လာ​နိုင်​ကြောင်း​ NASA​ ၏​ ​လ​လေ့​လာ​ရေး​ဌာ​န​ ​အ​ကြီး​အ​ကဲ​ ​မိုက်​ကယ်​ဝါ​ဂို​က​ ​ပြော​ကြား​သွား​သည်​။​ ​ထို့​အ​ပြင်​ ​လ​ပေါ်​တွက်​ ​ဟိုက်​ဒ​ရို​ဂျင်​၊​ ​အ​မိုး​နီး​ယား​နှင့်​ ​မီ​သိန်း​ဓာတ်​ငွေ့​များ​ ​ရှိ​နေ​ရာ​ ​လောင်​စာ​အ​တွက်​လည်း​ ​ဖူ​လုံ​မှု​ ​ရှိ​လာ​မည်​ဟု​ ​ပ​ညာ​ရှင်​များ​က​ ​တွက်​ချက်​ထား​သည်​။​

NASA​ အ​နေ​နှင့်​ လ​ပေါ်​တွင်​ ​ရေ​ရှိ​သည်​ဟု​ ​လက်​ခံ​ယုံ​ကြည်​လောက်​သော​ ​အ​ထောက်​အ​ထား​များ​ ​တွေ့​ရှိ​ခဲ့​သည်​ကို​ ​အ​တည်​ပြု​ပေး​နိုင်​ကြောင်း​၊​ NASA​ ၏​ ​လ​လေ့​လာ​ရေး​ဆိုင်​ရာ​ ​အ​ဓိ​က​ ​ရည်​မှန်း​ချက်​မှာ​ ​လ​ပေါ်​တွင်​ ​ရေ​နှင့်​ ​လောင်​စာ​ ​အ​ရင်း​အ​မြစ်​ ​မည်​မျှ​ထိ​ ​ရှိ​နေ​သည်​ကို​ ​ဖော်​ထုတ်​နိုင်​ရန်​ဖြစ်​ကြေင်း​ ​ဝါ​ဂို​က​ ​ရှင်း​ပြ​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here