လူနာအမျိုးသမီးအး လိင်ဆက်ဆံရန် တောင်းဆို​ ခဲ့သည့် ဗြိတိန်ဆရာဝန်

alt

ဗြိ​တိန်​နိုင်ငံ​မှ​​ ​သွား​ဆ​ရာ​ဝန်​ ​တစ်ဦး​သည်​​ ​အ​မျိုး​သ​မီး​ ​လူ​နာ​တစ်ဦး​အား​​ ​လိင်​ဆက်​ဆံ​ရန်​ ​တောင်း​ဆို​ခဲ့​မှု​အ​တွက်​​ ​အ​ပြစ်​ရှိ​သည်​ကို​ ​အ​ထင်​အ​ရှား​​ ​တွေ့​ရှိ​ခဲ့​ကြောင်း​​ ​သိ​ရ​သ​ည်​။​

​က​လေး​ ​၅​ ဦး​၏​ ​မိ​ခင်​ဖြစ်​သူ​ ​ကာ​မီ​လာ​ကော့​တ​နေး​အား​ ​ဒေါက်​တာ​ ​မီ​လန်​ရှား​က​ ​ယ​ခု​လို​ ​တောင်း​ဆို​ခဲ့​ခြင်း​ဖြစ်​သည်​။​ ၎င်း​က​ ​ကာ​မီ​လာ​​ရော​ ​မိ​မိ​ပါ​ ​အ​ဖော်​မဲ့​နေ​သူ​များ​ ​ဖြစ်​သော​ကြောင့်​ ​အ​တူ​တွဲ​ ​ပျော်​ပါး​ရန်​ ​တောင်း​ဆို​ခဲ့​ပြီး​ ​အ​ပြန်​အ​လှန်​အား​ဖြင့်​ ​ကာ​မီ​လာ​က​ ​သွား​ဖက်​ဆိုင်​ရာ​ ​ကု​သ​မှု​ ​ခံ​ယူ​ပါ​က​ Discount​ပေး​မည်​ဟု​ ​ကမ်း​လှမ်း​ခဲ့​ခြင်း​ဖြစ်​သည်​။​

​ကာ​မီ​လာ​၏​ ​ခင်​ပွန်း​သည်​မှာ​ ​နှစ်​ရှည်​လ​များ​ ​ပန်း​နာ​ရော​ဂါ​ ​ခံ​စား​နေ​ရ​ပြီး​ ဦး​နှောက်​ကို​ ​ထိ​ခိုက်​မှု​များ​ ​ဖြစ်​ပေါ်​နေ​သည်​။​ ​ကာ​မီလာ​က​ ​ထို​ကိ​စ္စ​အား​ ​ရဲ​တိုင်​ခဲ့​သည့်​အ​ခါ​ ​ရဲ​များ​က​ ​ယင်း​အ​တွက်​ ​သက်​သေ​မ​ရှိ​ဘဲ​ ​စွဲ​ချက်​မ​တင်​နိုင်​ကြောင်း​၊​ ​နောက်​တစ်​ကြိမ်​ ​ကမ်း​လှမ်း​ပါ​က​ ​ဖုန်း​ပြော​သည့်​ ​အ​သံ​ကို​ ​မှတ်​တ​မ်း​တင်​ထား​သင့်​ကြောင်း​ ​အ​ကြံ​ပြု​ခဲ့​သည်​။​ ​ထို​အ​တိုင်း​ ​ပြု​လုပ်​ပြီး​နောက်​ ​အ​သံ​သွင်း​ထား​သည့်​ ​တိပ်​ခွေ​ကို​ ​ပြီး​ခဲ့​သည့်​လ​က​ ​ဗြိ​တိန်​ ​သွား​ဖက်​ဆိုင်​ရာ​ ​ဆ​ရာ​ဝန်​များ​ ​ကောင်​စီ​တွင်​ ​လက်​ခံ​ကြား​နာ​ကာ​ ​ကျင့်​ဝတ်​နှင့်​ ​မ​လျော်​ညီ​သည့်​ ​အ​သက်​ ​၄၃​ ​နှစ်​အ​ရွယ်​ ​သွား​ဆ​ရာ​ဝန်​အား​ ​ဆေး​ကု​သ​ခွင့်​ ​ပိတ်​ပင်​ခဲ့​သည်​။​

​အ​နောက်​မြောက်​ပိုင်း​ ​လန်​ဒန်​တွင်​ ​နေ​ထိုင်​သူ​ ​ဒေါက်​တာ​မီ​လန်​သည်​ ​၂၈​ ​ရက်​အ​တွင်း​ ​အ​ယူ​ခံ​ဝင်​ခွင့်​ ​ရ​ထား​ကြောင်း​လည်း​ ​သိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here